64MP ကင်မရာ ခေတ်စားဦးမလား
Nyein Min Wai

တန်ဖိုးသင့် ဖုန်းမော်ဒယ်တစ်ခု ဖြစ်တဲ့ Redmi ဟာ 64MP ကင်မရာသုံးထားတဲ့ ပထမဆုံး စမတ်ဖုန်းကို မိတ်မဆက်ခင်မှာ ဒီကင်မရာနဲ့ရိုက်ထားတဲ့ ပုံတစ်ပုံကို Weibo မှာ တင်ထားပါတယ်။

Weibo ပေါ် တင်ထားတဲ့ 64MP ကင်မရာသုံး Redmi ဖုန်းဟာ ကြောင်တစ်ကောင်ရဲ့ မျက်လုံးကို အနီးကပ် Zoom ဆွဲရိုက်ထားတာ ဖြစ်ပြီး မျက်လုံးထဲက သွေးကြောလေးတွေကအစ အသေးစိတ် ဖော်ပြနေတာ တွေ့ရပါတယ်။ Redmi ဖုန်းမှာ သုံးသွားတဲ့ 64MP ကင်မရာဟာ Tetracell Binding နည်းပညာကို သုံးထားတာ ဖြစ်ပြီး အလင်းအားနည်းတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ 16MP ဓါတ်ပုံတွေ ထုတ်နိုင်မှာ ဖြစ်တယ်လို့GSMArena သတင်းက ဆိုပါတယ်။

Photo: PhoneRadar

ဒီပုံရဲ့ အောက်မှာတော့ Redmi အထွေထွေမန်နေဂျာ လုဝေဘင်းမှ " Redmi ရဲ့ ပထမဆုံး pixel ၆၄ သန်း နမူနာပါပဲ။ အသေးစိတ် detail အားလုံးက ပြီးပြည့်စုံပါတယ်။ မိုဘိုင်းဖုန်းဟာ pixel 64 သန်း ခေတ်ထဲ တရားဝင် ဝင်ရောက်လာပါပြီ"လို့ရေးထားပါတယ်။

ဒီပုံမှာ သုံးထားတာဟာ Samsung sensor ဟုတ်မဟုတ် ဆိုတာ မသိရသေးပေမယ့် ဖြစ်နိုင်ခြေ များပါတယ်။ Samsung ISOCELL Bright GW-1 sensor ဟာ 64MP full-res ပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပြီး low-light အတွက် pixel-binning စနစ်ကို သုံးထားတာပါ။ ဒီ sensor ဟာ 0.8 micron pixels တွေ ထည့်ထားပြီး snap ပုံတွေမှာ 16MP 1.6 micro ကင်မရာတစ်ခုနဲ့ညီတဲ့ ပုံတွေ ထုတ်နိုင်မယ်လို့ဆိုပါတယ်။

Photo: researchsnipers

OPPO ရဲ့ Sub-brand တစ်ခု ဖြစ်တဲ့ Realme ဟာလည်း ပြီးခဲ့တဲ့ ဇွန်လထဲမှာ 64MP quad ကင်မရာဖုန်းတစ်လုံးနဲ့ရိုက်ကူးထားတဲ့ နမူနာပုံကို Twitter မှာ တင်ခဲ့ပါတယ်။ Realme ကတော့ ကုမ္ပဏီရဲ့ 64MP ကင်မရာဟာ Samsung GW-1 Sensor ကို သုံးထားတာလို့အတည်ပြုခဲ့ပါတယ်။ Realme ကတော့ ကုမ္ပဏီရဲ့ premium killer ဖြစ်မယ့် ဒီဖုန်းကို အိန္ဒိယဈေးကွက်မှာ ပထမဆုံး မိတ်ဆက်သွားမယ်လို့ကြေညာထားပါတယ်။

Redmi ကတော့ တန်ဖိုးသင့်ဖုန်းစီးရီး ဖြစ်လို့ကုမ္ပဏီရဲ့ 64MP ကင်မရာသုံး စမတ်ဖုန်းဟာလည်း ဈေးသင့်တင့်ဖို့ရှိပါတယ်။ ၂၀၁၈ ခုနှစ်ဟာစမတ်ဖုန်း နယ်ပယ်မှာ 48MP ကင်မရာတွေ ခေတ်စားခဲ့သလို ဒီနှစ်ထဲမှာတော့ 64MP ကင်မရာသုံးထားတဲ့ ဖုန်းတွေဟာ ထူးထူးခြားခြား စိတ်ဝင်စားမှု မြင့်တက်လာဖို့ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က