keyboard လည်း အသစ် သုံးထားပါတယ်

     Apple ကတော့ ထုတ်ဖူးသမျှ Macbook ထဲမှာ အမြန်ဆုံး Notebook လို့ပြောရမယ့် MacBook Pro မော်ဒယ်သစ်တွေကို ရုတ်တရပ်ကြီး ကြေညာသွားပါတယ်။

         မေလ ၂၁ ရက်နေ့က အံ့အားသင့်စရာ မိတ်ဆက်ခဲ့တဲ့ မော်ဒယ်တွေဟာ မျက်နှာပြင် ၁၃ လက်မနဲ့၁၅ လက်မမော်ဒယ်တွေ ဖြစ်ပြီး ဒီဇိုင်းပိုင်း မထူးခြားပေမယ့် အတွင်းပိုင်း hardware ပြောင်းလဲမှု ကြီးကြီးမားမား လုပ်ထားပါတယ်။ အသစ်ထုတ်ထားတဲ့ မော်ဒယ်တွေဟာ Intel ရဲ့ 8th gen နဲ့9th gen processor တွေ သုံးထားပြီး high-end မော်ဒယ် MacBook Pro မှာ ပထမဆုံးအကြိမ်အဖြစ် octa-core ပါလာပြီ ဖြစ်ပါတယ်။

Photo: 9to5Mac



         အရင်က quad-core နဲ့6 cores ပါ MacBook Pro တွေထက် အခု 8 core processor သုံး MacBook Pro မော်ဒယ်တွေဟာ အပြတ်အသတ် မြန်ဆန်လာပြီ ဖြစ်ပါတယ်။ ဒီ MacBook Pro သစ်တွေဟာ quad-core MacBook Pro တွေထက် performance နှစ်ဆပိုမြန်ပြီး 6 core မော်ဒယ် MacBook Pro ထက် ၄၀% ပို သွက်လာမှာပါ။

         ၁၃ လက်မ MacBook Pro သစ်တွေဟာ အဆင့်မြှင့်ထားတဲ့ quad core processor ပဲ သုံးထားပြီး ၁၅ လက်မမော်ဒယ်ကတော့ 6-core နဲ့8 core processor တွေနဲ့ထွက်လာပါတယ်။ နောက်ထပ် အပြောင်းအလဲတစ်ခုက ကီးဘုတ်ပါ။ Apple ဟာ ၂၀၁၈ နှစ်လယ်လောက်က MacBook Pro တွေမှာ သုံးနေတဲ့ Butterfly ကီးဘုတ်အသစ်မှာ စာရိုက်ချိန် ကီးနှစ်ခါ ထွက်တာ ၊ ကီးညပ်ပြီး စာရိုက်လို့မရတာတွေ ကြုံခဲ့ပါတယ်။

         အခုမော်ဒယ်သစ်တွေမှာတော့ ကီးညိ ကီးညပ်တာ ဖြေရှင်းဖို့သုံးထားတဲ့ material အစိတ်အပိုင်းကို ပြောင်းလဲထားတယ်လို့Apple က ကြေညာပါတယ်။ Apple ပြောတဲ့ ပစ္စည်းသစ် ဆိုတာ ဘယ်လို material မှန်း မသိရသေးပေမယ့် ဒီကီးဘုတ်သစ်ဟာ အရင်က MacBook Pro မော်ဒယ်တစ်ချို့မှာ ကြုံခဲ့တဲ့ Butterfly ကီးဘုတ်ပြဿနာကို ရှင်းနိုင်မယ်လို့ဆိုပါတယ်။

Photo:TechCrunch

         MacBook Pro သစ်တွေဟာ အားကောင်းတဲ့ ဂရပ်ဖစ်များ ၊ 500nit အထိ ထွက်တဲ့ အရောင်အသွေး တောက်ပ စုံလင်တဲ့ Retina Display ၊ အလွန်သွက်လက် မြန်ဆန်တဲ့ SSD ၊ Apple T2 Security Chip နဲ့တစ်နေ့လုံး အသုံးခံမယ့် ဘက်ထရီပါရှိမယ်လို့ဆိုပါတယ်။ ၁၃ လက်မ MacBook Pro သစ်ကို ၁၇၉၉ ဒေါ်လာ ( မြန်မာငွေ ၂၇ သိန်းခွဲ) နဲ့၁၅ လက်မမော်ဒယ်ကို ၂၃၉၉ ဒေါ်လာ ( မြန်မာငွေ ၃၆ သိန်း ၇ သောင်းခန့်) ဈေးနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က