• Mobile
    မြန်မာငွေ ၄၈ သိန်းကျော်တန် ဗားရှင်းသစ်နဲ့OnePlus 6
Nyein Min Wai
[Unicode Version]

အမြင့်စား လုပ်ဆောင်ချက်တွေနဲ့သင့်တင့်တဲ့ ဈေးနှုန်းကြောင့် ထင်ရှားတဲ့ OnePlus 6 ဟာ luxury brand အဖြစ် ထွက်လာချိန်မှာတော့ မူရင်းဈေးထက် အနည်းဆုံး ၆ ဆကျော် ဈေးမြောက်သွားပါတယ်။

oneplus-6-hadoro-custom-luxury.jpg

Photo: CNET

 

ပြင်သစ်brand တစ်ခု ဖြစ်တဲ့ Hadoro ကနေ custom ဒီဇိုင်းအဖြစ် ပြန်ထုတ်လိုက်တဲ့ ဗားရှင်းသစ်မှာတော့ ဈေးနှုန်းဟာ ၃၁၅၆ ဒေါ်လာဈေး ရှိလာပါတယ်။ လက်ရှိပေါက်ဈေး မြန်မာငွေနဲ့ဆို အနည်းဆုံး ၄၈ သိန်းခွဲကျော်တန် ဖုန်းဖြစ်သွားတာပါ။

Hadoro ကတော့ သူ့ရဲ့ ဗားရှင်းသစ်မှာ Aero Damascus ကာဗွန် သတ္ထုသားနဲ့ထုတ်ထားတယ်လို့ဆိုပါတယ်။ ကာဗွန်ဖိုက်ဘာ ၃၆ လွှာအုပ်ထားပြီး လေယာဉ်မှာသုံးတဲ့ အလူမီနီယံဖရိန်နဲ့ကွပ်ထားတာပါ။ ဒီဇိုင်းမှာ မျက်စိကို အဆွဲဆောင်ဆုံးက ကျောဘက်က လှိုင်းကောက်ကြောင်းများနဲ့အတူ logo ကလည်း LED panel နဲ့နောက်ကနေ လင်းနေအောင် ထုတ်လာတာ ဖြစ်ပါတယ်။

ဒီဖုန်းဟာ OnePlus တွေထဲမှာ ပထမဆုံး မှန်ကိုယ်ထည်နဲ့လာတဲ့ ဖုန်းပါ။ အစင်းခြစ်ခံနိုင်တဲ့ နီလာမှန်အုပ်ထားပြီး ရှေ့display ကလည်း AMOLEd နဲ့ထွက်လာတာ ဖြစ်ပါတယ်။ ဒီဖုန်းဟာ မျက်နှာပြင် ၆.၂၈ လက်မ 19:9 screen နဲ့notch ဒီဇိုင်းကို ပထမဆုံး သုံးလာတဲ့ OnePlus ဖုန်းဆိုလည်း မမှားပါဘူး။

၂၀၁၈ ရဲ့ high-end ဖုန်းများအတိုင်း Snapdragon 845  SoC နဲ့လာတာ ဖြစ်ပြီး storage ကို 256GB အထိ သုံးလာခဲ့ပါတယ်။ RAM ပမာဏကို အနိမ့်အတွက် 6GB နဲ့အမြင့်မော်ဒယ် 8GB နှစ်မျိုး ထွက်ထားပါတယ်။ အားသွင်းစနစ်ပိုင်းမှာ USB Type C port ကနေ အားသွင်းနိုင်မယ့် 3300 mAh ဘက်ထရီ ပါရှိပါတယ်။

ကျောဘက်မှာ OIS ရုပ်ငြိမ်စနစ် ပါရှိတဲ့ 16MP+20MP ကင်မရာနှစ်လုံးတွဲဟာ ဓါတ်ပုံအရည်အသွေးကို လိုသလို ပြင်ပေးမယ့် Smart Capture နဲ့HDR စနစ်သစ်တို့သုံးထားပါတယ်။ ရှေ့ဘက်မှာ 16MP ကင်မရာ ပါရှိပြီး face Unlock ဖုန်းလော့ခ်စနစ်ပါ သုံးနိုင်မှာပါ။

oneplus-6-hadoro-custom-luxury-7.jpg

Photo: CNET

 

OnePlus 6 မော်ဒယ်တွေဟာ အနိမ့်ဆုံး ၇ သိန်းခွဲကျော်ကနေ ၈ သိန်းခွဲကျော်ဈေးတွေနဲ့ထွက်ရှိထားတာပါ။ တကယ်လို့Hadoro ဗားရှင်းကို ဝယ်ချင်တယ်ဆိုရင်တော့ ဒေါ်လာ ၃ ထောင်ကျော် (မြန်မာငွေ  ၄၈ သိန်း ၈ သောင်းခန့်) အထိ ကျသင့်မှာ ဖြစ်ပါတယ်။

[Zawgyi Version]

အျမင့္စား လုပ္ေဆာင္ခ်က္ေတြနဲ ့သင့္တင့္တဲ့ ေစ်းႏႈန္းေၾကာင့္ ထင္ရွားတဲ့ OnePlus 6 ဟာ luxury brand အျဖစ္ ထြက္လာခ်ိန္မွာေတာ့ မူရင္းေစ်းထက္ အနည္းဆံုး ၆ ဆေက်ာ္ ေစ်းေျမာက္သြားပါတယ္။

Photo: CNET

 

ျပင္သစ္brand တစ္ခု ျဖစ္တဲ့ Hadoro ကေန custom ဒီဇိုင္းအျဖစ္ ျပန္ထုတ္လုိက္တဲ့ ဗားရွင္းသစ္မွာေတာ့ ေစ်းႏႈန္းဟာ ၃၁၅၆ ေဒၚလာေစ်း ရိွလာပါတယ္။ လက္ရိွေပါက္ေစ်း ျမန္မာေငြနဲ ့ဆို အနည္းဆံုး ၄၈ သိန္းခဲြေက်ာ္တန္ ဖုန္းျဖစ္သြားတာပါ။

Hadoro ကေတာ့ သူ ့ရဲ့ ဗားရွင္းသစ္မွာ Aero Damascus ကာဗြန္ သတၳဳသားနဲ ့ထုတ္ထားတယ္လို ့ဆိုပါတယ္။ ကာဗြန္ဖိုက္ဘာ ၃၆ လႊာအုပ္ထားျပီး ေလယာဥ္မွာသံုးတဲ့ အလူမီနီယံဖရိန္နဲ ့ကြပ္ထားတာပါ။ ဒီဇိုင္းမွာ မ်က္စိကို အဆဲြေဆာင္ဆံုးက ေက်ာဘက္က လိႈင္းေကာက္ေၾကာင္းမ်ားနဲ ့အတူ logo ကလည္း LED panel နဲ ့ေနာက္ကေန လင္းေနေအာင္ ထုတ္လာတာ ျဖစ္ပါတယ္။

ဒီဖုန္းဟာ OnePlus ေတြထဲမွာ ပထမဆံုး မွန္ကိုယ္ထည္နဲ ့လာတဲ့ ဖုန္းပါ။ အစင္းျခစ္ခံႏိုင္တဲ့ နီလာမွန္အုပ္ထားျပီး ေရွ ့display ကလည္း AMOLEd နဲ ့ထြက္လာတာ ျဖစ္ပါတယ္။ ဒီဖုန္းဟာ မ်က္ႏွာျပင္ ၆.၂၈ လက္မ 19:9 screen နဲ ့notch ဒီဇိုင္းကို ပထမဆံုး သံုးလာတဲ့ OnePlus ဖုန္းဆုိလည္း မမွားပါဘူး။

၂၀၁၈ ရဲ့ high-end ဖုန္းမ်ားအတိုင္း Snapdragon 845  SoC နဲ ့လာတာ ျဖစ္ျပီး storage ကို 256GB အထိ သံုးလာခဲ့ပါတယ္။ RAM ပမာဏကို အနိမ့္အတြက္ 6GB နဲ ့အျမင့္ေမာ္ဒယ္ 8GB ႏွစ္မ်ိဳး ထြက္ထားပါတယ္။ အားသြင္းစနစ္ပိုင္းမွာ USB Type C port ကေန အားသြင္းႏိုင္မယ့္ 3300 mAh ဘက္ထရီ ပါရိွပါတယ္။

ေက်ာဘက္မွာ OIS ရုပ္ျငိမ္စနစ္ ပါရိွတဲ့ 16MP+20MP ကင္မရာႏွစ္လံုးတဲြဟာ ဓါတ္ပံုအရည္အေသြးကို လိုသလို ျပင္ေပးမယ့္ Smart Capture နဲ ့HDR စနစ္သစ္တို ့သံုးထားပါတယ္။ ေရွ ့ဘက္မွာ 16MP ကင္မရာ ပါရိွျပီး face Unlock ဖုန္းေလာ့ခ္စနစ္ပါ သံုးႏိုင္မွာပါ။

Photo: CNET

 

OnePlus 6 ေမာ္ဒယ္ေတြဟာ အနိမ့္ဆံုး ၇ သိန္းခဲြေက်ာ္ကေန ၈ သိန္းခဲြေက်ာ္ေစ်းေတြနဲ ့ထြက္ရိွထားတာပါ။ တကယ္လို ့Hadoro ဗားရွင္းကို ဝယ္ခ်င္တယ္ဆိုရင္ေတာ့ ေဒၚလာ ၃ ေထာင္ေက်ာ္ (ျမန္မာေငြ  ၄၈ သိန္း ၈ ေသာင္းခန္ ့) အထိ က်သင့္မွာ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs