• Mobile
    eSIM သုံး iPhone ကို နိုင်ငံ ၉ နိုင်ငံမှာပဲ ဖြန့်ချိသွားမည်
Nyein Min Wai
[Unicode Version]

ကမ္ဘာပေါ်မှာ eSIM နည်းပညာကို ပထမဆုံး သုံးတဲ့ ဖုန်းက Google ရဲ့ ဒုတိယမျိုးဆက် Pixel 2 ဖုန်းတွေမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Apple ကလည်း ဒီနည်းပညာကို iPhone သစ်တွေမှာ အသုံးပြုလာပြီ ဖြစ်ပါတယ်။

screen-shot-2018-09-12-at-11-16-42-am.png

Photo: CNET

 

eSIM လို့အတိုကောက်ခေါ်ကြတဲ့ Electronic SIM (သို့) embedded SIM စနစ်ဟာ ဖုန်းမှာ အသေပါလာမယ့် နည်းပညာမျိုး ဖြစ်ပြီး SIM tray ကနေ ပင်နဲ့ဖြုတ်ထည့်စရာ မလိုတော့ပါဘူး။ eSIM စနစ်ကြောင့် SIM card ဝယ်စရာ မလိုသလို ဝိုင်ယာလက်ချိတ်ဆက်ရာမှာလည်း အလွန်ကို မြန်ဆန်လာမယ်လို့ဆိုပါတယ်။

နိုင်ငံဖြတ်ကျော် ခရီးသွားများအတွက် roaming fees ပေးစရာ မလိုသလို carrier မတူတာတွေကို အလွယ်ကလေး ပြောင်းနိုင်မှာပါ။ ဒါ့အပြင် ကွန်ရက်မတူတဲ့ ဖုန်းနံပါတ်နှစ်ခုကို ဖုန်းတစ်လုံးတည်းမှာ တစ်နေရာတည်း ထည့်သုံးနိုင်မှာ ဖြစ်ပါတယ်။ အလုပ်နဲ့ကိုယ်ရေးကိုယ်တာ ဖုန်းနှစ်မျိုးစလုံးကို တစ်နေရာတည်း ထားနိုင်တာကြောင့် ဖုန်းဝင်လာတာနဲ့အပန်းဖြေနေချိန်မှာ အလုပ်ဖုန်းမှန်းသိပြီး ဒီအတိုင်း ပစ်ထားလို့ရမှာပါ။

dual SIM စနစ်ကို ပထမဆုံး သုံးလာတဲ့ iPhone XS နဲ့XS Max မှာတော့ ရိုးရိုး physical SIMကဒ်တစ်ခု နဲ့eSIM တစ်ခု ပါလာမှာ ဖြစ်ပါတယ်။ eSIM အတွက် ဒစ်ဂျစ်တယ် sign up စာရင်းသွင်းရုံပဲ လုပ်ရမှာ ဖြစ်ပြီး နိုင်ငံရပ်ခြား ခရီးသွားတဲ့ သူတွေ တစ်ခြားဒေသတွင်း ဖုန်းနံပါတ်တစ်ခုကို ယာယီ အသုံးပြုလိုသူတွေအတွက် အသုံးဝင်မယ့် စနစ်လည်း ဖြစ်ပါတယ်။

"eSIM စနစ်ကို Apple ကနေ ထိန်းချုပ်သွားမှာ ဖြစ်ပြီး ကုမ္ပဏီကနေပဲ ဘယ် မိုဘိုင်းလ်ကွန်ရက်နဲ့လက်တွဲမယ် မိုဘိုင်းအစီအစဉ်တွေကို ဖော်ဆောင်သွားမယ်ဆိုတာကို ဆုံးဖြတ်နိုင်မှာပါ" လို့Counterpoint Research မှ သုတေသန ညွှန်ကြားရေးမှူး နီးလ်ရှားက ဆိုပါတယ်။ ဒီနည်းနဲ့eSIM ကဒ် sign up လုပ်တာတွေအတွက် ဝင်ငွေတွေ ရယူသွားမယ်လို့လည်း ဆိုပါတယ်။

Apple ဟာ ၂၀၁၇ ခုနှစ် Apple Watch Series 3 ကို မိတ်ဆက်ကတည်းက သာမန် SIM ကတ်တစ်ခုထက် အဆ ၁၀၀ သေးငယ်တဲ့ eSIM ကို စသုံးခဲ့တာပါ။ ဒီကတည်းက ၂၀၁၈ iPhone မော်ဒယ်သစ်တွေမှာလည်း eSIM စနစ်ကို မဖြစ်မနေ သုံးတော့မယ်လို့အများက ယူဆထားခဲ့ကြပါတယ်။ တစ်ခုရှိတာက eSIM သုံး iPhone တွေကို ဈေးကွက် ၉ ခုက users တွေကပဲ သုံးနိုင်မှာပါ။

Apple-iPhone-XS-eSIM.jpg

Photo: BGR

 

အမေရိကန်ဈေးကွက်အပါအဝင် သြစတြေးလျ ၊ ကနေဒါ ၊ ခရိုအေးရှား ၊ ချက် ၊ ဂျာမဏီ ၊ ဟန်ဂေရီ ၊ စပိန် ၊ ယူကေနဲ့အိန္ဒိယ စတဲ့ နိုင်ငံတွေမှာ eSIM feature ကို သုံးနိုင်မှာ ဖြစ်ပါတယ်။ တရုတ်ဈေးကွက်မှာတော့ daul SIM ကိုမှ ရိုးရိုး physical SIM cards တွေနဲ့ထွက်လာမှာပါ။

 

[Zawgyi Version]

ကမၻာေပၚမွာ eSIM နည္းပညာကို ပထမဆံုး သံုးတဲ့ ဖုန္းက Google ရဲ့ ဒုတိယမ်ိဳးဆက္ Pixel 2 ဖုန္းေတြမွာ ျဖစ္ပါတယ္။ ဒီႏွစ္မွာေတာ့ Apple ကလည္း ဒီနည္းပညာကို iPhone သစ္ေတြမွာ အသံုးျပဳလာျပီ ျဖစ္ပါတယ္။

Photo: CNET

 

eSIM လို ့အတိုေကာက္ေခၚၾကတဲ့ Electronic SIM (သို ့) embedded SIM စနစ္ဟာ ဖုန္းမွာ အေသပါလာမယ့္ နည္းပညာမ်ိဳး ျဖစ္ျပီး SIM tray ကေန ပင္နဲ ့ျဖဳတ္ထည့္စရာ မလိုေတာ့ပါဘူး။ eSIM စနစ္ေၾကာင့္ SIM card ဝယ္စရာ မလိုသလို ဝုိင္ယာလက္ခ်ိတ္ဆက္ရာမွာလည္း အလြန္ကို ျမန္ဆန္လာမယ္လို ့ဆိုပါတယ္။

ႏိုင္ငံျဖတ္ေက်ာ္ ခရီးသြားမ်ားအတြက္ roaming fees ေပးစရာ မလိုသလို carrier မတူတာေတြကို အလြယ္ကေလး ေျပာင္းႏိုင္မွာပါ။ ဒါ့အျပင္ ကြန္ရက္မတူတဲ့ ဖုန္းနံပါတ္ႏွစ္ခုကို ဖုန္းတစ္လံုးတည္းမွာ တစ္ေနရာတည္း ထည့္သံုးႏိုင္မွာ ျဖစ္ပါတယ္။ အလုပ္နဲ ့ကိုယ္ေရးကိုယ္တာ ဖုန္းႏွစ္မ်ိဳးစလံုးကို တစ္ေနရာတည္း ထားႏိုင္တာေၾကာင့္ ဖုန္းဝင္လာတာနဲ ့အပန္းေျဖေနခ်ိန္မွာ အလုပ္ဖုန္းမွန္းသိျပီး ဒီအတိုင္း ပစ္ထားလို ့ရမွာပါ။

dual SIM စနစ္ကို ပထမဆံုး သံုးလာတဲ့ iPhone XS နဲ ့XS Max မွာေတာ့ ရိုးရိုး physical SIMကဒ္တစ္ခု နဲ ့eSIM တစ္ခု ပါလာမွာ ျဖစ္ပါတယ္။ eSIM အတြက္ ဒစ္ဂ်စ္တယ္ sign up စာရင္းသြင္းရံုပဲ လုပ္ရမွာ ျဖစ္ျပီး ႏိုင္ငံရပ္ျခား ခရီးသြားတဲ့ သူေတြ တစ္ျခားေဒသတြင္း ဖုန္းနံပါတ္တစ္ခုကို ယာယီ အသံုးျပဳလိုသူေတြအတြက္ အသံုးဝင္မယ့္ စနစ္လည္း ျဖစ္ပါတယ္။

"eSIM စနစ္ကို Apple ကေန ထိန္းခ်ဳပ္သြားမွာ ျဖစ္ျပီး ကုမၸဏီကေနပဲ ဘယ္ မိုဘိုင္းလ္ကြန္ရက္နဲ ့လက္တဲြမယ္ မိုဘိုင္းအစီအစဥ္ေတြကို ေဖာ္ေဆာင္သြားမယ္ဆိုတာကို ဆံုးျဖတ္ႏိုင္မွာပါ" လို ့Counterpoint Research မွ သုေတသန ညႊန္ၾကားေရးမွဴး နီးလ္ရွားက ဆိုပါတယ္။ ဒီနည္းနဲ ့eSIM ကဒ္ sign up လုပ္တာေတြအတြက္ ဝင္ေငြေတြ ရယူသြားမယ္လို ့လည္း ဆိုပါတယ္။

Apple ဟာ ၂၀၁၇ ခုႏွစ္ Apple Watch Series 3 ကို မိတ္ဆက္ကတည္းက သာမန္ SIM ကတ္တစ္ခုထက္ အဆ ၁၀၀ ေသးငယ္တဲ့ eSIM ကို စသံုးခဲ့တာပါ။ ဒီကတည္းက ၂၀၁၈ iPhone ေမာ္ဒယ္သစ္ေတြမွာလည္း eSIM စနစ္ကို မျဖစ္မေန သံုးေတာ့မယ္လို ့အမ်ားက ယူဆထားခဲ့ၾကပါတယ္။ တစ္ခုရိွတာက eSIM သံုး iPhone ေတြကို ေစ်းကြက္ ၉ ခုက users ေတြကပဲ သံုးႏိုင္မွာပါ။

Photo: BGR

 

အေမရိကန္ေစ်းကြက္အပါအဝင္ ၾသစေၾတးလ် ၊ ကေနဒါ ၊ ခရိုေအးရွား ၊ ခ်က္ ၊ ဂ်ာမဏီ ၊ ဟန္ေဂရီ ၊ စပိန္ ၊ ယူေကနဲ ့အိႏိၵယ စတဲ့ ႏိုင္ငံေတြမွာ eSIM feature ကို သံုးႏိုင္မွာ ျဖစ္ပါတယ္။ တရုတ္ေစ်းကြက္မွာေတာ့ daul SIM ကိုမွ ရိုးရိုး physical SIM cards ေတြနဲ ့ထြက္လာမွာပါ။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs