• Mobile
    dual cameras နဲ့ ဒီဇိုင်းဆန်းသစ်သွားမယ့် Sony Xpreia L3
Nyein Min Wai
[Unicode Version]

နောက်နှစ်ဆန်းရောက်မှ မိတ်ဆက်သွားဖို့ရှိပေမယ့် render ပုံမှာကိုပဲ Sony Xperia L3 ဟာ အတော်လေး လန်းနေပါပြီ။

Sony-Xperia-L3-renders-3.jpg

Photo: mytech news india

 

ပုံမှန်အားဖြင့် Sony ဟာ Xperia A နဲ့L series သစ်တွေကို ဇန်နဝါရီ လဆန်းပိုင်းတွေမှာ ကျင်းပဖြစ်တဲ့ CES ပွဲတွေမှာ မိတ်ဆက်နေကျ ဖြစ်ပါတယ်။ ဒီနှစ် CES မှာ Sony ဟာ ဒေါ်လာ ၂၅၀ တန် Xperia L2 ကို ကြေငြာခဲ့ပါတယ်။

နောက်တစ်ခါ mid-range မော်ဒယ် Sony ဖုန်းအဖြစ် မိတ်ဆက်သွားမယ့် Xperia L3 မှာတော့ ပိုပြီး ခေတ်မီအချိုးကျတဲ့ ဒီဇိုင်းနဲ့dual cameras တွေ သုံးသွားမယ်လို့render ပုံတွေက ညွှန်းထားပါတယ်။

Sony Xperia L3 ရဲ့ အမြင်သာဆုံး အပြောင်းအလဲက သားနားတဲ့ 18:9 aspect ratio သုံး ဒီဇိုင်း ဖြစ်မှာပါ။ မျက်နှာပြင် အရွယ်အစား ၅.၄ လက်မရှိပြီး HD+ ရုပ်ထွက်ပါလာမယ့် ဒီဖုန်းဟာ power button ကို လက်ဗွေလိုသုံးနိုင်အောင် ပြောင်းထားတာ ဖြစ်ပါတယ်။

အရင် Xperia L2 မှာတော့ ကျောဘက် single lens အောက်မှာ fingerprint scanner ကို ထားခဲ့တာပါ။ Sony ရဲ့ ထူးခြားချက်ကတော့ ဒီနေ့အချိန်အထိ notch display မသုံးသေးတာ ဖြစ်ပါတယ်။ Xperial L3 မှာလည်း ရိုးရိုးဘောင်ခပ်ထူထူ display ဒီဇိုင်းကိုမှ ထောင့်စွန်းတွေ လုံးထားပေးမှာပါ။ bezel ပိုင်းမှာတော့ အရင် မော်ဒယ်တွေထက် ပိုပါးလာမယ့် သဘောမှာ ရှိပါတယ်။

ကင်မရာစနစ်ဟာ Xperia L3 ရဲ့ ထူးခြားချက်ဖြစ်ပြီး ထောင်လိုက် ညာဘေးကပ် dual cameras တွေနဲ့ထွက်လာမှာပါ။ အခုချိန်ထိတော့ သုံးသွားမယ့် lens တွေအကြောင်း မသိရသေးပါဘူး။ သူနဲ့အတူ မိတ်ဆက်သွားမယ့် Xperia XA3 ကတော့ ကျောဘက်အလယ်မှာ အလျားလိုက် dual cameras သုံးသွားဖို့ရှိပါတယ်။

နှစ်ဆန်းပိုင်းက ထွက်ထားတဲ့ Sony Xperia XA2 Ultra မှာ OIS စနစ်နဲ့လာသလို နောက်နှစ် CES ပွဲမှာ တွေ့ရမယ့် Sony Xperia L3 မှာလည်း အဆင့်မြင့် dual ကင်မရာစနစ်တွေကို မြင်ရမှာပါ။ ကွန်ရက်ချိတ်ဆက်မှုပိုင်းမှာ Sony ဟာ Xperia XA2/L2 တို့မှာကတည်းက Bluetooth 5.0 ကို သုံးခဲ့တာကြောင့် Xperia L3 မှာလည်း Bluetooth 5.0 သုံးဖို့သေချာသလောက် ရှိပါတယ်။

 

လက်ရှိအချိန်မှာ ဒီဖုန်းရဲ့ ဈေးနှုန်းအကြောင်း ပြောဖို့စောပါသေးပါတယ်။ တစ်ခုရှိတာက Xperia L2ကို ဒေါ်လာ ၂၅၀ ဈေးနဲ့ရောင်းချခဲ့တာကို ပြန်တွက်ကြည့်ရင် Xperia L3 မှာလည်း ဈေးသိပ်မမြောက်တဲ့ mid-range နှုန်းနဲ့ထွက်လာဖို့ရှိပါတယ်။

[Zawgyi Version]

ေနာက္ႏွစ္ဆန္းေရာက္မွ မိတ္ဆက္သြားဖို ့ရိွေပမယ့္ render ပံုမွာကိုပဲ Sony Xperia L3 ဟာ အေတာ္ေလး လန္းေနပါျပီ။

Sony-Xperia-L3-renders-3.jpg

Photo: mytech news india

 

ပံုမွန္အားျဖင့္ Sony ဟာ Xperia A နဲ ့L series သစ္ေတြကို ဇန္နဝါရီ လဆန္းပိုင္းေတြမွာ က်င္းပျဖစ္တဲ့ CES ပဲြေတြမွာ မိတ္ဆက္ေနက် ျဖစ္ပါတယ္။ ဒီႏွစ္ CES မွာ Sony ဟာ ေဒၚလာ ၂၅၀ တန္ Xperia L2 ကို ေၾကျငာခဲ့ပါတယ္။

ေနာက္တစ္ခါ mid-range ေမာ္ဒယ္ Sony ဖုန္းအျဖစ္ မိတ္ဆက္သြားမယ့္ Xperia L3 မွာေတာ့ ပိုျပီး ေခတ္မီအခ်ိဳးက်တဲ့ ဒီဇိုင္းနဲ ့dual cameras ေတြ သံုးသြားမယ္လို ့render ပံုေတြက ညႊန္းထားပါတယ္။

Sony Xperia L3 ရဲ့ အျမင္သာဆံုး အေျပာင္းအလဲက သားနားတဲ့ 18:9 aspect ratio သံုး ဒီဇိုင္း ျဖစ္မွာပါ။ မ်က္ႏွာျပင္ အရြယ္အစား ၅.၄ လက္မရိွျပီး HD+ ရုပ္ထြက္ပါလာမယ့္ ဒီဖုန္းဟာ power button ကို လက္ေဗြလိုသံုးႏိုင္ေအာင္ ေျပာင္းထားတာ ျဖစ္ပါတယ္။

အရင္ Xperia L2 မွာေတာ့ ေက်ာဘက္ single lens ေအာက္မွာ fingerprint scanner ကို ထားခဲ့တာပါ။ Sony ရဲ့ ထူးျခားခ်က္ကေတာ့ ဒီေန ့အခ်ိန္အထိ notch display မသံုးေသးတာ ျဖစ္ပါတယ္။ Xperial L3 မွာလည္း ရိုးရိုးေဘာင္ခပ္ထူထူ display ဒီဇိုင္းကိုမွ ေထာင့္စြန္းေတြ လံုးထားေပးမွာပါ။ bezel ပိုင္းမွာေတာ့ အရင္ ေမာ္ဒယ္ေတြထက္ ပိုပါးလာမယ့္ သေဘာမွာ ရိွပါတယ္။

ကင္မရာစနစ္ဟာ Xperia L3 ရဲ့ ထူးျခားခ်က္ျဖစ္ျပီး ေထာင္လိုက္ ညာေဘးကပ္ dual cameras ေတြနဲ ့ထြက္လာမွာပါ။ အခုခ်ိန္ထိေတာ့ သံုးသြားမယ့္ lens ေတြအေၾကာင္း မသိရေသးပါဘူး။ သူနဲ ့အတူ မိတ္ဆက္သြားမယ့္ Xperia XA3 ကေတာ့ ေက်ာဘက္အလယ္မွာ အလ်ားလိုက္ dual cameras သံုးသြားဖို ့ရိွပါတယ္။

ႏွစ္ဆန္းပိုင္းက ထြက္ထားတဲ့ Sony Xperia XA2 Ultra မွာ OIS စနစ္နဲ ့လာသလို ေနာက္ႏွစ္ CES ပဲြမွာ ေတြ ့ရမယ့္ Sony Xperia L3 မွာလည္း အဆင့္ျမင့္ dual ကင္မရာစနစ္ေတြကို ျမင္ရမွာပါ။ ကြန္ရက္ခ်ိတ္ဆက္မႈပိုင္းမွာ Sony ဟာ Xperia XA2/L2 တို ့မွာကတည္းက Bluetooth 5.0 ကို သံုးခဲ့တာေၾကာင့္ Xperia L3 မွာလည္း Bluetooth 5.0 သံုးဖို ့ေသခ်ာသေလာက္ ရိွပါတယ္။

 

လက္ရိွအခ်ိန္မွာ ဒီဖုန္းရဲ့ ေစ်းႏႈန္းအေၾကာင္း ေျပာဖို ့ေစာပါေသးပါတယ္။ တစ္ခုရိွတာက Xperia L2ကို ေဒၚလာ ၂၅၀ ေစ်းနဲ ့ေရာင္းခ်ခဲ့တာကို ျပန္တြက္ၾကည့္ရင္ Xperia L3 မွာလည္း ေစ်းသိပ္မေျမာက္တဲ့ mid-range ႏႈန္းနဲ ့ထြက္လာဖို ့ရိွပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs