Vivo V11 တစ်လုံးပါ မဲဖောက်ပေးသွားမှာပါ

လောလောဆယ် ပြည်တွင်းဈေးကွက်မှာ Starry Night လို့ခေါ်တဲ့ အနက်နဲ့အပြာ ရောင်ပြေးကာလာတစ်မျိုးတည်းနဲ့ထွက်ထားတဲ့ Vivo V11 ကို မကြာခင်မှာ Nebula ကာလာသစ်နဲ့ထပ်မံပွဲထုတ်မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။

2 (1)_1280x853.jpg

Photo: Vivo

 

AI Cameras စနစ် နဲ့in-display fingerprint scannerနည်းပညာတွေ ပါရှိတဲ့ Vivo V11 နဲ့ရိုးရိုး fingerprint scanner ပါပြီး ဈေးပိုသက်သာတဲ့ Vivo V11 နဲ့V11i တို့ကို စက်တင်ဘာ ၂၅ ရက်နေ့က ပြည်တွင်းဈေးကွက်မှာ တရားဝင် မိတ်ဆက်ခဲ့တာပါ။ Nebula ကာလာသစ်ကိုတော့ Vivo ရဲ့ တရားဝင် Facebook စာမျက်နှာမှာ Live talk show အဖြစ် တိုက်ရိုက် မိတ်ဆက်ပြီး Vivo V11 ဖုန်းတစ်လုံး မဲဖောက်သွားမယ်လို့ဆိုပါတယ်။

Nebula ဟာ အပြာနဲ့ပန်းရောင်ပြေး ကာလာစပ်တစ်မျိုး ဖြစ်ပြီး လက်ရှိ ခေတ်ပေါ် စမတ်ဖုန်းတွေထဲမှာ အဆန်းသစ်ဆုံး ကာလာသစ်တွေထဲက တစ်မျိုးလည်း ဖြစ်ပါတယ်။ ၂၀၁၈ မှာ လူကြိုက်အများဆုံး ရောင်ပြေးကာလာအတွဲတွေထဲမှာ Vivo V11 ရဲ့ ရှည်သွယ်သားနားတဲ့ ဒီဇိုင်းနဲ့လိုက်ဖက်မှု အရှိဆုံး အရောင်တစ်မျိုးလည်း ဖြစ်နေပါတယ်။

Vivo V11 နဲ့V11i တို့ဟာ မျက်နှာပြင် ၆.၄၁ လက်မ နဲ့၆.၃ လက်မအရွယ် Super AMOLED display နဲ့ထွက်လာတာ ဖြစ်ပြီး Vivo V11 ဟာ မှန်ပြင်အောက် လက်ဗွေစနစ် သုံးထားတာတာ ဖြစ်ပါတယ်။ Vivo V11i ကတော့ ကျောဘက် physical fingerprint scanner သုံးထားပြီး ဖုန်းနှစ်မျိုးစလုံးဟာ Halo FullView display သစ်ကြောင့် မှန်ပြင်နေရာယူမှုဟာ ၉၁.၂၇% ထိ ရှိနေပါတယ်။

ဒီဖုန်းတွေဟာ အလတ်တန်းစား processor ဖြစ်တဲ့ 2.0GHz Octa-core Snapdragon 660 chipset သုံးထားပြီး အမြင့်မော်ဒယ် Vivo V11 မှာတော့ RAM 6GB/128GB storage ပါရှိပါတယ်။ Vivo V11i ကတော့ ဈေးကွက်မှာ RAM 4GB/128GB storage အဖြစ် ထွက်လာပြီး အားသွင်းစနစ်ပိုင်းမှာ Dual-Engine Fast Charging နည်းပညာ ပါရှိမှာ ဖြစ်ပါတယ်။

ကျောဘက်မှာ ထောင်လိုက် နှစ်လုံးတွဲ dual cameras စနစ် ပါရှိပြီး V11i ကတော့ 16MP + 5MP အတွဲအစပ်ကို သုံးထားတာပါ။ Vivo V11 မှာ ကျောဘက် 12MP + 5MP ကင်မရာ နှစ်လုံး ပါရှိပြီး ဖုန်းနှစ်မျိုးစလုံးဟာ Dual Pixel Auto Focus နည်းပညာ နဲ့ရိုုက်ကွင်းပေါ် လိုက်ပြီး မြင်ကွင်းများကို မှတ်သိ ခွဲခြားနိုင်တဲ့ AI Scene Recognition နည်းပညာများ ပါရှိပါတယ်။

AI နည်းပညာပိုင်းမှာတော့ မိုဘိုင်းလ်ဂိမ်းကစားသူများအတွက် ဂိမ်းကစားစဉ် ဖုန်းအဝင်ကောလ်များ ပိတ်ထားနိုင်သလို CPU နဲ့RAM ရဲ့ လုပ်ဆောင်ချက်များကို အကောင်းဆုံးဖြစ်အောင် ထိန်းညှိပေးမယ့် AI Game Mode လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ရာသီဥတု သတင်းမေးမြန်းခြင်း ၊ တိုက်ရိုက်ဘာသာပြန်ပေးခြင်း စတာတွေ လုပ်ဆောင်ပေးနိုင်မယ့် Vivo နည်းပညာ Jovi AI assistant လည်း ပါရှိမှာပါ။

Photo: Vivo

 

Vivo V11 နဲ့Vivo V11i တို့ကို ပြည်တွင်းဈေးကွက်မှာ မြန်မာငွေ ၅၅၉၀၀၀ ကျပ်နဲ့၄၁၉၀၀၀ ကျပ်ဈေးနှုန်းများနဲ့ရောင်းချနေပါတယ်။



က္က