စကာၤပူဈေးကွက်မှာ Huawei အတွက် စံချိန်သစ်တစ်ခုပါ

စကာၤပူမှာ Huawei Mate 20 စီးရီးများ သီးသန့်ရောင်းချတဲ့ ပွဲမှာ အနည်းဆုံး လူတစ်ထောင်ကျော်ဟာ မိုးမလင်းခင် ကတည်းက စုဝေးရောက်ရှိလာခဲ့တယ်လို့ဆိုပါတယ်။



 

မနက် ၆ နာရီကတည်းက Huawei Mate 20 ဖုန်းတွေ ရောင်းချမယ့် Shopping mall ရှေ့မှာ စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပြီး ဒီထဲမှာ Huawei ဖုန်းတွေကို အခုမှ စကိုင်မယ့်သူတွေလည်း အများအပြား ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ Huawei ဟာ စကာၤပူနိုင်ငံ Causeway Point မှာ အောက်တိုဘာ ၂၇ ရက်နေ့က မိတ်ဆက်ခဲ့တာပါ။

Causeway Point မှာ Mate 20 နဲ့Mate 20 Pro တို့ကို မိတ်ဆက်တဲ့ မနက်မှာပဲ ပေ ၁၆၄၀ အထိ ရှည်လျားတဲ့ လူတန်းရှည်ကြီးက ဇွဲကောင်းကောင်းနဲ့စောင့်နေခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ စကာၤပူမှာ မိတ်ဆက်ခဲ့သမျှ Huawei ဖုန်းသစ် မိတ်ဆက်ပွဲတွေထဲမှာ စံချိန်တင် လူအမြောက်အများ ရောက်လာခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။

Huawei Mate 20/Mate 20 Pro ကို လာဝယ်တဲ့ သူတွေကို စစ်တမ်းကောက်ကြည့်ရာမှာ ကင်မရာ ၊ ဒီဇိုင်းနဲ့ဘက်ထရီကောင်းတာကို ကြိုက်တာကြောင့် လာဝယ်တာလို့အများစုက ဖြေကြပါတယ်။

Huawei ဖုန်းသစ်ဝယ်ဖို့ရှေ့ဆုံးက ရောက်နေတဲ့ မစ္စတာ ကရစ်ရှိုးလယ်ကို မေးကြည့်ရာမှာတော့ "Huawei ဖုန်းတွေ ကင်မရာအရည်အသွေးကောင်းတယ်ဆိုတဲ့ review တွေ ဖတ်ရတာရယ် ၊ Mate 20 Pro မှာ ပါတဲ့ တစ်ခြားဖုန်းကို အားသွင်းပေးလို့ရတဲ့ Reverse Wireless Charging နဲ့Leica နည်းပညာသုံး triple lens လို တစ်ခြားဖုန်းမှာ မမြင်ရတဲ့ နည်းပညာအဆန်းတွေကို ကြိုက်လို့ပါ" လို့ဖြေပါတယ်။

ဒီနှစ်ထွက် Huawei Mate 20 ဖုန်းသစ်တွေဟာ ကြိုးမဲ့အားသွင်းစနစ်ပါဝင်လာပြီး Mate 20 Pro နဲ့Porsche Design Mate RS တို့မှာဆို in-display fingerprint scanner နဲ့ထွက်လာတာပါ။ ဘေးဘောင်ပါးပြီး ဘက်ထရီပါဝါကြီးလာသလို ရေစိုခံဖုန်းတွှေအဖြစ်ပါ မြင်ရတာ ဖြစ်ပြီး Mate 20 Pro မှာဆို IP68 rating အထိ ပါလာပါတယ်။

ကင်မရာကတော့ Huawei ရဲ့ အမှတ်လက္ခဏာလို ဖြစ်လာပြီး ဘယ်ဖုန်းမှာမှ မတွေ့ရတဲ့ Leica ထုတ် triple lens က စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖြစ်နေပါတယ်။ ဓါတ်ပုံစနစ်အနေနဲ့Bokeh Lighting လို့ခေါ်တဲ့ AI Portrait စနစ်များ ၊ နောက်ခံမြင်ကွင်းကို လိုသလို ပြောင်းနိုင်တဲ့ AI Relighting နဲ့ညဘက်မှာတောင် ရုပ်ထွက်ကောင်းကောင်း ရိုက်ကူးနိုင်တဲ့ Night Mode တွေ ပါဝင်လာပါတယ်။

Photo: cnalifestyle

 

ဈေးကွက်သုတေသနကုမ္ပဏီတွေ ဖြစ်တဲ့ IDC ၊ Canalys နဲ့Strategy Analytics တို့ရဲ့ ထုတ်ပြန်ချက်အရ Huawei ဟာ ပြီးခဲ့တဲ့ ဒုတိယသုံးလပတ်အတွင်း စမတ်ဖုန်းပေါင်း ၅၄.၂ သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက် ဝေစုအမှာ ၁၅.၈% စံချိန်တင် ရခဲ့တယ်လို့ဆိုပါတယ်။ Huawei ရဲ့ အနီးကပ်ဆုံးပြိုင်ဘက် Apple ကတော့ အဲဒီအချိန်မှာ ဈေးကွက်ဝေစု ၁၂.၁% ရခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က