ဖုန်းပါ ပိတ်သွားမှာပါ
Nyein Min Wai

ဈေးကွက်ထဲ ရောက်ကတည်းက Google Pixel 3 နဲ့Pixel 3 XL တို့ဟာ ပြဿနာတစ်ခုပြီး တစ်ခု ဆက်တိုက်ဆိုသလို တက်ခဲ့တာပါ။ အခုလည်း အားသွင်းတဲ့ စနစ်ပိုင်းမှာ ရှော့ခ်ရှိနေတယ်လို့Google Pixel 3 သုံးစွဲသူတစ်ချို့ဆီက အသံထွက်လာနေပါတယ်။

11_1125x960.jpg

Photo: GSMArena

 

လူမှုကွန်ရက်တွေ ဖြစ်တဲ့ Reddit ၊ Google Product ဖိုရမ် ၊ Twitter နဲ့YouTube တွေပေါ် တက်လာတာကတော့ Google Pixel 3 ဖုန်းတွေကို အားသွင်းရင်းနဲ့အလွန်အမင်း ပူလာတာလို့ဆိုပါတယ်။

ဒီလို အပူလွန်ကဲလာတာကြောင့် ဖုန်းဟာ shut down ကျသွားဖို့ဖြစ်လာပါတယ်။ ပုံမှန်အားဖြင့်လည်း အားသွင်းတာဟာ ဖုန်းကို သာမန်ထက်တော့ ပိုပြီး ပူလာတတ်ပေမယ့် Pixel 3 ဖုန်းတွေရဲ့ အပူလွန်ကဲမှုကတော့ စိုးရိမ်စရာ ဖြစ်နေပါတယ်။

Google Pixel 3 နဲ့Pixel 3 XL တို့ဟာ Fast charging အပြင် wireless charging ပါ ရတဲ့ ဖုန်းတွေဖြစ်လို့ ကြိုးမဲ့အားသွင်းစနစ်နဲ့သွင်းတဲ့အခါမှာပါ အပူလွန်ကဲတဲ့ ပြဿနာ တက်နေတာပါ။

Pixel 3 ဖုန်းတွေအနေနဲ့အားသွင်းရင်း ပူလာချိန်မှာ အပူလွန်ကဲတာကြောင်း noti ပြပေးပြီး ပေါက်ကွဲမှု မဖြစ်အောင်တော့ အလိုအလျောက် turn off လုပ်ပေးမယ်လို့ဆိုပါတယ်။ အပူလွန်ကဲလာခြင်းနဲ့အတူ ဖုန်းရဲ့ အားဝင်တဲ့ နှုန်းကလည်း ထိုးကျသွားးမှာပါ။

အရင်နှစ်က ထွက်ခဲ့တဲ့ Pixel 2 နဲ့Pixel 2 XL တို့မှာလည်း အလားတူ အပူလွန်ကဲတာတွေ ဘက်ထရီမခံတာတွေ ဖြစ်ခဲ့ဖူးပါတယ်။ Google Pixel 3 တွေမှာတော့ ဒီတစ်ပတ်ထဲကိုပဲ memory management လုပ်တဲ့ အပိုင်းမှာ ချို့ယွင်းချက်တွေ ရှိထားတာကြောင့် နောက်ကွယ်က တက်လာနေတဲ့ background apps တွေကို ပိတ်ပေးမယ့် update တစ်ခု ထပ်ထုတ်ပေးဖို့ပြင်နေပါတယ်။

အောက်တိုဘာလဆန်းကပဲ ဈေးကွက်ထဲ ရောက်လာတဲ့ Google Pixel 3 XL ဖုန်းဟာ notch ကို ပထမဆုံး သုံးလာတဲ့ Pixel ဖုန်းဖြစ်ပေမယ့် အဲဒီ notch ကပဲ ပြဿနာ တက်စေခဲ့ပါတယ်။ သတင်းများမှာတော့ Pixel 3 XL ဖုန်းတစ်ချို့မှာ နောက်ထပ် virtual notch တစ်ခု ဖုန်း screen ညာဘေးဘောင်မှာ တက်လာခဲ့ပါတယ်။ ဒီအမှားကိုတော့ developer settings ကနေ ပြင်တာတို့restart ချတာတို့နဲ့ပြင်နိုင်တယ်လို့ဆိုပါတယ်။

[No available link text] 

ရှေ့ကင်မရာ ၂ လုံးသုံးထားပြီး Android 9 Pie သုံးလာတဲ့ Google Pixel 3 ဖုန်းသစ်တွေဟာ ၇၉၉ ဒေါ်လာနဲ့၈၉၉ ဒေါ်လာ ဈေးတွေနဲ့ရောင်းချဖို့ကြေငြာထားတာပါ။ ဒီဖုန်းတွေမှာ နောက်ထပ် ဘယ်လို ပြဿနာတက်ဦးမလဲ မသိရသေးပါဘူး။


က္က