နှစ်မကုန်ခင် မြင်ရဖို့ရှိပါတယ်။
Nyein Min Wai

စမတ်ဖုန်းလောကမှာ 90Hz display သုံးတဲ့ ဖုန်း များများစားစား မရှိပါဘူး။ ဒီထဲမှာ Realme ထုတ် စမတ်ဖုန်းလည်း ပါတော့မှာပါ။

ဈေးကွက်ထဲက 90Hz display သုံးတဲ့ ဖုန်းရယ်လို့ပြောပါဆိုရင် OnePlus 7 Pro ၊ Nubia Red Magic 3 /3S တို့လောက်ပဲ ရှိသေးတာ ဖြစ်ပြီး 120Hz လို refresh rate အမြင့်ဆုံး ဖုန်းကတော့ Razer ရဲ့ Gaming Smartphone တွေမှာပဲ မြင်ရတာပါ။ 90Hz display သုံးမယ့် ဖုန်းစာရင်းမှာ Google ရဲ့ အသစ်ထွက်လာမယ့် Pixel 4 ဖုန်းသစ်တွေနဲ့OnePlus 7T/7T Pro တို့လည်း ပါရှိပါတယ်။

Photo: GSMArena


Realme ရဲ့ မိခင်ကုမ္ပဏီ OPPO ကလည်း မကြာခင်မှာ 90Hz screen ပါတဲ့ ဖုန်း ထုတ်မယ်လို့အတည်ပြုထားသလို Realme ကိုယ်တိုင်ကလည်း ကုမ္ပဏီရဲ့ ပထမဆုံး 90Hz display သုံး စမတ်ဖုန်းကို ကြေညာတော့မှာပါ။ Realme ထုတ်ကုန်မန်နေဂျာ ဝမ်ဒါးရက်ခ်ရဲ့ Weibo လူမှုကွန်ရက်မှာ ကုမ္ပဏီရဲ့ 90Hz display သုံး စမတ်ဖုန်းထွက်ဖို့ဟာ အလှမ်းမဝေးတော့ဘူးလို့ဆိုပါတယ်။

ဖုန်းအကြောင်း အချက်အလက် များများစားစား ပြောမသွားပေမယ့် ဝမ်ဒါရက်ခ်ကတော့ ဒီဖုန်းဟာ OnePlus 7 ထက် ဈေးပိုသက်သာမယ်လို့ပြောထားပါတယ်။ 90Hz screen သုံးမယ့် ဒီဖုန်းဟာ Realme XT Pro ဖြစ်မယ်လို့သတင်းတွေ ထွက်ပေါ်နေပြီး မျက်နှာပြင်အရွယ်အစား ၆.၄ လက်မ AMOLED display သုံးသွားမယ်လို့ဆိုပါတယ်။


S

Photo: smartprix

notch သုံးသွားဖို့ရှိပြီး processor အနေနဲ့Snapdragon 730G SoC နဲ့လာပြီး RAM 8GB/128GB storage ပါရှိမယ်လို့သတင်းထွက်နေပါတယ်။ ကင်မရာကိုတော့ ရှေ့32MP selfie ကင်မရာ ၊ ကျောဘက်မှာ 64MP ပင်မကင်မရာနဲ့အတူ ultra-wide 8MP ကင်မရာ ၊ 2MP macro ကင်မရာနဲ့2MP depth sensor ကင်မရာဆိုပြီး ကင်မရာ ၄ လုံးတွဲ စနစ် သုံးသွားမှာပါ။

ပြီးခဲ့တဲ့ တစ်ပတ်က ထွက်ခဲ့တဲ့ Realme XT လိုမျိုး 4000 mAh ဘက်ထရီကို သုံးဖို့ရှိပြီး fast charging ကတော့ 30W support ပေးလာဖို့ရှိပါတယ်။ Realme ရဲ့ 90Hz screen သုံး ဖုန်းသစ်ကိုတော့ ဒီနှစ်မကုန်ခင်မှာ မြင်ရဖို့ရှိပါတယ်။


က္က