ဒီနှစ်ထဲမှာ စတင် မိတ်ဆက်ခဲ့တာပါ
Nyein Min Wai

၂၀၁၈ နဲ့အတူ စမတ်ဖုန်း brand သစ်တစ်ခု မွေးဖွားလာခဲ့ပါတယ်။ အဲ့ဒါကတော့ Realme ပါ။

Sky-Li-Realme-CEO (2)_1280x933.jpg

Photo: Realme

 

OPPO မှာ တစ်ကမ္ဘာလုံးဆိုင်ရာ ဒု-ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Sky Li ဟာ Realme ဆိုတဲ့ စမတ်ဖုန်းအမှတ်တံဆိပ်သစ်ကို အတွေ့အကြုံသစ်တွေနဲ့ဖန်တီးဖို့OPPO ကနေ တရားဝင် နှုတ်ထွက်ခဲ့ပါတယ်။ မေလဆန်း ၄ ရက် တရုတ်အမျိုးသားလူငယ်နေ့မှာပဲ Realme ရဲ့ ပထမဆုံး ဖုန်းသစ်ကို မိတ်ဆက်ပြီး Realme 1 ကို ပွဲထုတ် ကြေငြာနိုင်ခဲ့ပါတယ်။

Realme 1 မှာတင် Amazon India အွန်လိုင်းစတိုး့ပလက်ဖောင်းတစ်ခုတည်းကနေ ရက် ၃၀ အတွင်း အလုံးရေ ၄ သိန်းရောင်းချပြီး တာထွက်ကောင်းခဲ့ပါတယ်။ Realme 1 နဲ့၃ လခြားပြီး ထွက်ထားတဲ့ Realme 2 မှာလည်း flash sale ကာလမှာ ၅ မိနစ်အတွင်း အလုံးရေ ၂ သိန်းအထိ စံချိန်တင် ရောင်းချနိုင်ခဲ့ပါတယ်။ အခုဆို ဈေးကွက်မှာ Realme 2 Pro ပါ ထွက်လာပြီ ဖြစ်ပါတယ်။

Realme-2-Pro-2.jpg

Photo: xda-developers



Realme ဟာ တစ်ကမ္ဘာလုံးက မိုဘိုင်း သုံးစွဲသူတွေရဲ့ လိုလားချက်တွေကို ဖြည့်ဆည်းပေးဖို့နဲ့ကမ္ဘာ့စမတ်ဖုန်း ဇာတ်ခုံကိုပါ လှုပ်ရှားသက်ဝင်စေဖို့ရည်ရွယ်ချက်တွေနဲ့ထွက်လာတာပါ။ မိုဘိုင်းဖုန်းဈေးကွက်ရဲ့ လိုအပ်ချက်တွေကို ကွဲပြားတဲ့ စီးပွားရေး ပုံစံတွေနဲ့ဖော်ဆောင်သွားဖို့ပါ Realme ဟာ ရည်မှန်းချက်များ ထားရှိထားပါတယ်။

စမတ်ဖုန်းတစ်လုံးကို ဖန်တီးရာမှာ နုပျိုဆန်းသစ်ခြင်း ၊ ခေတ်မီဖက်ရှင်ကျနခြင်း ၊ ရိုးသားခမ်းနားခြင်းတွေနဲ့ပြည့်စုံအောင် ဒီဇိုင်းထုတ်နေတာပါ။ Realme ရဲ့ နောက်ဆုံးထွက် မော်ဒယ်အထိ လူငယ်တိုင်းကိုင်နိုင်တဲ့ ဈေးနှုန်း ၊ ဆန်းသစ်တဲ့ ဒီဇိုင်းမှာ အသားတကျ စီးမျောပေါင်းစပ်ခြင်းတွေ အပြင် display ရုပ်ထွက်နဲ့နောက်ဆုံးထွက် OS ဗားရှင်းတွေနဲ့ထွက်လာတာ တွေ့ရပါတယ်။ လူငယ်များနေ့မှာ စတင်မိတ်ဆက်ခဲ့တဲ့ Realme ရဲ့ နောက်ထွက်စမတ်ဖုန်းသစ်တွေကိုတော့ ဆက်ပြီး ရင်ခုန်ရဦးမှာပါ။


က္က