အခွန်မဆောင်ချင်ရင် နိုင်ငံထဲမှာ စက်ရုံထောင်ဖို့ပြောပါတယ်။
Nyein Min Wai

အရင်ကတည်းက ဈေးကြီးပြီးသား Apple brand တွေဟာ သမ္မတထရမ့်ရဲ့ သဘောထား မှတ်ချက်ကြောင့် ပိုပြီး ဈေးတက်လာဖို့ရှိနေပါတယ်။

https_%2F%2Fs3-ap-northeast-1.amazonaws.com%2Fpsh-ex-ftnikkei-3937bb4%2Fimages%2F3%2F4%2F7%2F1%2F16861743-6-eng-GB%2FRTS2730E.jpg

Photo: Financial Times

 

သမ္မတဒေါ်နယ်ထရမ့်အနေနဲ့တရုတ်နိုင်ငံကလာတဲ့ တက်ဘလက် နဲ့ စမတ်ဖုန်းတွေပေါ် သွင်းကုန်အခွန် တိုးမြှင့်ဖို့စဉ်းစားနေတယ်လို့Wall Street Journal နဲ့ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တာပါ။ " ကျွန်တော့်ဘက်က အခွန်ကို ၁၀% တိုးကောက်နိုင်တယ်။ ဒီလောက်တော့ လူတွေအနေနဲ့အလွယ်လေး သည်းခံနိုင်မှာပါ" လို့ဆိုခဲ့ပါတယ်။

တရုတ် brand ဖုန်းတွေကို သွင်းကုန်အခွန်တိုးမြှင့်တာဟာ တရုတ်တစ်နိုင်ငံတည်းကိုပဲ ထိခိုက်မှာ မဟုတ်တဲ့ နှစ်ဘက်သွားနဲ့ဓါးလို ဖြစ်နေတယ်လို့ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

"တကယ် ဝယ်သုံးတဲ့သူတွေ ပိုပြီး စရိတ်စက မြင့်လာမယ်။ ဒီထက် အရေးကြီးတာက ဒီနည်းပညာတွေကို သုံးနေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့အဖွဲ့အစည်းတွေ အသုံးနည်းသွားတာနဲ့ထုတ်လုပ်မှုတွေပါ ကျဆင်းလာပါလိမ့်မယ်။ ထုတ်လုပ်မှု နှေးကွေးလေလေ စီးပွားရေး ဖွံ့ဖြိုးမှု နည်းသွားပြီး လုပ်အားခတွေပါ နည်းကုန်ပါလိမ့်မယ်။ ဒီကနေမှ GDP ကျဆင်းသွားနိုင်ပါတယ်။" လို့သတင်းအချက်အလက်နည်းပညာနဲ့ဆန်းသစ်မှုဖောင်ဒေးရှင်း ဥက္ကဌ ရောဘတ်အာကင်ဆန်က ဆိုပါတယ်။

Counterpoint ဈေးကွက်အစီရင်ခံစာအရ ပြီးခဲ့တဲ့ နှစ်အတွင်း အမေရိကန်ဈေးကွက်ထဲ ဝင်ရောက်လာတဲ့ ဖုန်းတွေရဲ့ ၇၄% ဟာ တရုတ်ထုတ် ဖုန်းတွေ ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ အမေရိကန်စမတ်ဖုန်းကုမ္ပဏီတွေ ဖြစ်တဲ့ Apple နဲ့Google တို့ကလည်း တရုတ်မှာပဲ ယင်းတို့ရဲ့ ဖုန်းတွေ ထုတ်လုပ် တပ်ဆင်ကြပြီး ကမ္ဘာအနှံ့ကို ဖြန့်ချိကြတာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ယခုတစ်ပတ်ထဲမှာ တွေ့ဆုံဆွေးနွေးဖို့စီစဉ်နေတာပါ။ သမ္မတထရမ့်ဘက်မှ ဆွေးနွေးပွဲကနေ အမေရိကန်အတွက် ကျေနပ်စရာရလဒ်မထွက်ပေါ်လာဘူးဆိုရင် တင်ပို့ခွန်ကို ၂၅% ထိ တင်ဖို့ရှိတယ်လို့ဆိုပါတယ်။ ဒီအခွန်ထဲမှာ တရုတ်မှာ ထုတ်လုပ်တဲ့ လူသုံးကုန် လျှပ်စစ်ပစ္စည်းတွေ ပါဝင်မှာပါ။

Apple-iPhone-X-Reuters-1280-720.jpg

Photo: firstpost

 

သမ္မတရဲ့ မှတ်ချက်ကြောင့် Apple ထုတ် iPhone လို အမေရိကန်ထုတ်ဖုန်းတွေ ဈေးပိုတက်လာဖို့ရှိပါတယ်။ ထရမ့်ကတော့ သွင်းကုန်အခွန် တိုးမြှင့်တာကို ကြောက်ရင် အမေရိကန်မှာပဲ ဖုန်းစက်ရုံထောင်ဖို့ပြောထားပါတယ်။


က္က