Samsung ရဲ့ အရင်ကြိုပြီး မိတ်ဆက်သွားဖို့ရှိပါတယ်။
Nyein Min Wai

ဆယ်လ်ဖီကင်မရာအတွက် screen မှာ အပေါက်တစ်ခုလို နေရာပေးထားပြီး notch မပါတော့တဲ့ ဖုန်းကို Huawei က အရင်ဆုံး မိတ်ဆက်သွားဖို့ရှိနေပါတယ်။

11_1280x718.jpg

Photo: gizmochina

 

Samsung ဟာ notch ကို ရှောင်ဖို့ ဒီဇိုင်း ၄ မျိုးကို စဉ်းစားခဲ့ပါတယ်။ ဒီထဲက တစ်ခုက ကင်မရာအတွက်ပဲ အပေါက်နေရာချန်ထားတဲ့ Infinity O ဒီဇိုင်းဖြစ်ပြီး all screen ဖုန်းအဆင့်ကို သွားဖို့အရေးပါတဲ့ ဒီဇိုင်းအဖြစ် မိတ်ဆက်ခဲ့တာပါ။ တစ်ခုရှိတာက Samsung ရဲ့ Infinity O ဒီဇိုင်းမျိုးကို Huawei က ပိုပြီး ကြည့်ကောင်းတဲ့ ဒီဇိုင်းမျိုးနဲ့ပထမဆုံး ထုတ်ပြသွားဖို့ရှိနေပါတယ်။

တရုတ်မှာ ကျင်းပသွားတဲ့ ပွဲတစ်ပွဲမှာ Huawei ဟာ notchless ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်ပြသသွားခဲ့ပါတယ်။ ဒီဖုန်းကတော့ Nova 4 series ဖြစ်ဖို့ရှိပြီး ဖုန်း screen ဘယ်အပေါ်ထောင့်နေရာမှာပဲ selfie ကင်မရာအတွက် အပေါက်ကလေးတစ်ခု cutout ထွင်းပေးထားတာပါ။ ကျောဘက်ဒီဇိုင်းမှာ Nova 4 ဟာ Huawei ရဲ့ flagship ဖြစ်တဲ့ P20 Pro နဲ့အတော့်ကို ဆင်ပါတယ်။

သတင်းတွေအရ Huawei ဟာ တရုတ် display ကုမ္ပဏီ BOE ထုတ် LCD တွေကို Nova 4 မော်ဒယ်မှာာ သုံးသွားမယ်လို့ဆိုပါတယ်။ Infinity O စတိုင် display တွေကို Samsung ဟာ ကုမ္ပဏီရဲ့ mid-range မော်ဒယ် Galaxy A8 series မှာ သုံးသွားဖို့ရှိပါတယ်။ စိတ်ဝင်စားစရာက Samsung ကလည်း BOE ထုတ် LCD display ကို သုံးသွားမှာပါ။

BOE ဟာ လက်ရှိမှာ Huawei Mate 20 Pro ရဲ့ ၆.၃၉ လက်မ OLED display ကို ထုတ်ပေးနေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ Huawei အနေနဲ့ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းကုမ္ပဏီ ဖြစ်လာဖို့လက်ရှိ နံပါတ်တစ် Samsung ထက် အရင် display မှာ အပေါက်ပါတဲ့ ဖုန်းကို အရင်ဆုံး ထုတ်ပြီး ဈေးကွက်ကို ဆွဲဆောင်ဖို့ရှိပါတယ်။

gsmarena_002.jpg

Photo: GSMArena

 

ဒီနှစ်ထဲ iPhone X ရဲ့ notch စတိုင်ကို သုံးလာတဲ့ဖုန်းတွေ အကြီးအကျယ် ထွက်လာခဲ့ပါတယ်။ Huawei Nova 4 မှာလို screen မှာ ကင်မရာနေရာကွက်ချန်ထားတဲ့ cutout ဒီဇိုင်းကရော ၂၀၁၉ မှာ ရေပန်းစားလာဦးမလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။


ဆက်စပ်အကြောင်းအရာများ


က္က