ဒေါ်လာ သန်း ၄၈၀ တန် ကန်ထရိုက်အလုပ်ပါ

အမေရိကန်စစ်တပ်နဲ့Microsoft အကြားမှာ လေ့ကျင့်ရေးနဲ့တိုက်ခိုက်ရေးသုံး AR headset တွေ ဝယ်ဖို့သဘောတူညီချက်ရထားပြီလို့ဆိုပါတယ်။

2018-11-29-image-24.jpg

Photo: newnationnews.org

 

Microsoft ဟာ ကုမ္ပဏီထုတ် AR Headset တွေ ဖြစ်တဲ့ Hololens ပေါင်း ၁ သိန်းကို အမေရိကန်စစ်တပ်မှာ ရောင်းဖို့Magic Leap လို နာမည်ကြီး AR headset ကုမ္ပဏီတွေနဲ့ယှဉ်ပြီး ကန်ထရိုက်ရအောင် လုပ်ခဲ့တာပါ။ ဒီကန်ထရိုက်ဟာ ဒေါ်လာ သန်း ၄၈၀ တန်ပြီး Hololens ပေါင်း ၁ သိန်းကျော် ထုတ်လုပ်ပေးရမှာ ဖြစ်ပါတယ်။

တပ်ဖွဲ့ဝင်များ သတင်းအချက်အလက်ကို ပိုမိုဘေးကင်းကင်းနဲ့ရယူနိုင်ပြီး ဆုံးဖြတ်ချက်တွေ ပိုမိုကောင်းမွန်စေဖို့အတွက် AR နည်းပညာက အထောက်အပံ့ပေးမယ်လို့Microsoft က ဆိုပါတယ်။ စစ်တပ်သုံး ထုတ်ကုန်အဖြစ် Hololens တွေကို ထုတ်လုပ်ရာမှာတော့ ဈေးကွက်ထဲ ရောက်ပြီးသား Hololens တွေနဲ့ဒီဇိုင်းချင်း အလွန်ကွာခြားသလို လုပ်ဆောင်မှုလည်း မြင့်လာမှာပါ။

အမေရိကန်ကာကွယ်ရေးသုံး Hololens များမှာ အပူအာရုံခံစနစ် ၊ ညမြင်ကွင်းကြည့်စနစ်များ ပါဝင်ပြီး စစ်မြေပြင်နဲ့လေ့ကျင့်ရေးကွင်းတွေမှာပါ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ Microsoft ကတော့ စစ်တပ်အတွက် Hololens တွေကို ၂ နှစ်အတွင်း အနည်းဆုံး အလုံးရေ ၂၅၀၀ အထိ ပေးနိုင်ဖို့မျှော်လင့်ထားပါတယ်။

Hololens မှာ သုံးထားတဲ့ AR နည်းပညာဟာ တကယ့်အပြင်မှာ မရှိတဲ့ သုံးဖက်မြင်ပုံရိပ်တွေကို အပြင်လောကနဲ့ပေါင်းစပ်ပြီး ပြသတဲ့ နည်းပညာပါ။ AR မျက်မှန်တစ်လက်ဟာ အမြင်ပိုင်း ၊ အသံပိုင်း ၊ ထိတွေ့မှုပိုင်း ၊ အပူအအေး ဖိအားသိစနစ်ပိုင်း အပြင် အနံခံ အာရုံခံ sensor တွေပါ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Photo: CNET

 

ဈေးကွက်ထဲ ရောက်နေတဲ့ AR headset သုံး HoloLens တစ်လုံးကို ဒေါ်လာ ၃၀၀၀ အနည်းဆုံးဈေးရှိပြီး လူသုံးကုန်အီလက်ထရွန်းနစ် ပစ္စည်းအဖြစ်ကို ရောက်ဖို့အလှမ်းဝေးနေတာပါ။ Microsoft ကတော့ အစောပိုင်းကလည်း စစ်တပ်သုံးဖို့အတွက် AR headset တစ်ချို့ကို ရောင်းချခဲ့ပါတယ်။



က္က