ဒီဇင်ဘာ ၁၁ ရက်နေ့မိတ်ဆက်ဖို့ရှိပါတယ်။

၂၀၁၈ နှစ်အကုန်မှာ မြင်ရမယ့် စိတ်လှုပ်ရှားစရာဖုန်းတွေထဲမှာတော့ Vivo NEX 2 ဟာ အထူးခြားဆုံး ဖြစ်ဖို့ရှိပါတယ်။



 

သတင်းတွေမှာ Vivo NEX 2 လို့ရော Vivo NEX S2 လို့ပါခေါ်နေကြတဲ့ ဒီဖုန်းဟာ Vivo NEX ကနေ စတင်လာတဲ့ မော်ဒန်ဖုန်းဒီဇိုင်းနဲ့ပါ ကွဲထွက်နေတဲ့ ခေတ်ရှေ့ပြေး ဖုန်းဒီဇိုင်းမျိုးနဲ့ထွက်လာမှာပါ။ လောလောဆယ် သိထားတဲ့ အချက်ကလည်း Vivo NEX 2 ရဲ့ တမူထူးခြားတဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။

Vivo NEX 2 ကို screen နှစ်ခုရှိတဲ့ ဖုန်းလို့ပြောရမှာပါ။ ရှေ့မှာတင် display ထားတဲ့ သမရိုးကျဖုန်းရေစီးကြောင်းကနေ Vivo NEX 2 ဟာ ကွဲထွက်လာခဲ့ပြီး ကျောဘက်မှာလည်း နောက်ထပ် display တစ်ခု တပ်ဆင်ထားပါတယ်။ ဒါမျိုးကို ဒီနှစ်ထဲမှာ ZTE က Nubia X နဲ့မိတ်ဆက်ဖူးပါတယ်။ မတူတာက Vivo NEX 2မှာတော့ ကျောဘက်မှာကို triple lens တွေ ပါလာတာ ဖြစ်ပါတယ်။

ဒီထက်ထူးတာက ကျောဘက် screen ဟာ LED ring တစ်ခုပါ ထည့်သွင်းထားတာပါ။ ဒီစက်ဝိုင်းပုံ RGB ရောင်စုံကွင်းဟာ ကင်မရာကို ကွပ်ထားတာ ဖြစ်ပြီး Lunar Ring လို့နာမည်ပေးထားပါတယ်။ ဒီ Lunar Ring ဟာ ကျောဘက်ကနေ ဆယ်လ်ဖီဆွဲနိုင်သလို noti အသစ်တွေ ဝင်လာရင်လည်း သုံးစွဲသူကို အသိပေးနိုင်မှာ ဖြစ်ပါတယ်။

Vivo NEX 2 ရဲ့ ထူးခြားမှုတစ်ခုက ၃ မီတာအဝေး ပတ်ပတ်လည်က အရာဝတ္ထုတွေကို 3D ဝတ္ထုအဖြစ် စကင်ဖတ်ယူနိုင်တဲ့ ToF Sensor ပါဖို့ရှိပါတယ်။ တကယ်လို့ဒီအာရုံခံစနစ်သာ ပါမယ်ဆိုရင်တော့ AR ပုံဖော်စနစ်တွေပါ သုံးနိုင်မယ့် ဖုန်းဖြစ်ဖို့ရှိပါတယ်။ ကျန်တဲ့ specs တွေကလည်း တကယ့် high-end တွေပဲ ဖြစ်မှာပါ။

Photo: BGR

 

လက်ရှိ ကြားနေတဲ့ သတင်းများအရ Vivo NEX 2 ဟာ Snapdragon 845 processor ၊ in-display လက်ဗွေနည်းပညာပါဝင်တဲ့ ကြီးမားပြီး ဘေးဘောင်ပါး Super AMOLED display နဲ့FunTouoch OS သစ်ကို သုံးသွားမယ်လို့ဆိုပါတယ်။ Vivo NEX 2 ကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ မိတ်ဆက်သွားဖို့ရှိပြီး ဈေးနှုန်းကတော့ ၄၄၉၈ ယွမ် (မြန်မာငွေ ၁၀ သိန်းကျော်) ဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က