နောက်နှစ်ထွက် ဖုန်းတွေမှာ မြင်ရမှာပါ

ကမ္ဘာ့ပထမဆုံး 3D ultrasonic မှန်ပြင်အောက် လက်ဗွေနည်းပညာကို နောက်နှစ်ကစပြီး စမတ်ဖုန်းတွေမှာ မြင်ရတော့မှာပါ။



qualcomm-3d-sonic-sensor-01-770x543.jpg

Photo: Lowyat.NET

 

ဟာဝိုင်အီမှာ ဒီဇင်ဘာ ၄ ရက်ကနေ ၆ ရက်အထိ ကျင်းပနေတဲ့ Qualcomm ရဲ့ Snapdragon Tech Summit ပွဲမှာ 3D Sonic Sensor တစ်မျိုးကို မိတ်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ဈေးကွက်မှာ ရောက်နေတဲ့ မှန်ပြင်အောက် လက်ဗွေစနစ်တွေဟာ optical sensor လို့ခေါ်တဲ့ အလင်းနဲ့လက်ဗွေဖတ်တဲ့ နည်းပညာ ဖြစ်လို့မှန်ပြင်မှာ ရေစိုနေတာမျိုး အနေအထားမှာ လက်ဗွေကောင်းကောင်း ဖတ်နိုင်မှာ မဟုတ်ပါဘူး။

3D ultrasonic နည်းပညာမှာတော့ အသံလှိုင်းကနေတစ်ဆင့် လက်ဗွေကို ပုံဖော်ဖတ်ရှုတာ ဖြစ်လို့လက်ဗွေတစ်ပြင်လုံးကို ဖတ်နိုင်မှာ ဖြစ်ပါတယ်။ ပိုကောင်းတဲ့ အချက်က ultrasonic fingerprint နည်းပညာဟာ လက်မှာ ဆီတွေ ၊ ရေတွေ ပေကျံနေတာတောင် ဖတ်ရှုနိုင်တာပါ။ Qualcomm ရဲ့ 3D Sonic Sensor ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး အသံလှိုင်းစနစ်သုံး မှန်ပြင်အောက် လက်ဗွေစနစ်လည်း ဖြစ်ပါတယ်။

"biometric နဲ့လုံခြုံရေး နည်းပညာတွေဟာ မိုဘိုင်းလ်ပလက်ဖောင်းတွေထဲမှာ အလွန်လျင်မြန်တဲ့ နှုန်းထားနဲ့ပေါင်းစပ်လာနေပါပြီ။ ဒါဟာ လက်ဗွေနည်းပညာရဲ့ အနာဂါတ်လည်း ဖြစ်ပါတယ်။" လို့Qualcomm ရဲ့ မိုဘိုင်း နည်းပညာ အကြီးတန် ဒုဥက္ကဌ အဲလက်ကာတောက်ဇင်က ဆိုပါတယ်။

ဒီနည်းပညာအတွက် Qualcomm ဟာ ၃ နှစ်ကျော်ကြာ တီထွင်ကြံဆခဲ့တာ ဖြစ်ပြီး ဖုန်း screen အောက်မှာ ထည့်သွင်းနိုင်အောင် ဒီဇိုင်းထုတ်လိုက်တာပါ။ မှန်ပြင်အောက် လက်ဗွေနည်းပညာဟာ စမတ်ဖုန်းလောကမှာ ၂၀၁၈ အတွင်း ကျော်ကြားလာတဲ့ biometric နည်းပညာသစ်ဖြစ်ပြီး ၂၀၁၉ မှာဆို in-screen fingerprint sensor သုံး စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ အထိ ရောက်လာဖို့ရှိနေပါတယ်။

Photo: PhoneDog

 

ဟာဝိုင်အီမှာ ကျင်းပနေတဲ့ နည်းပညာပွဲမှာ Qualcomm ဟာ 5G ဖုန်းတွေမှာ သုံးနိုင်မယ့် Snapdragon 855 processor ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ဒီ 5G ချပ်စ်ဟာ လက်ရှိ 4G ကွန်ရက်ထက် မိုဘိုင်း ဒေတာမြန်နှုန်း အဆ ၅၀ ကနေ ၁၀၀ ထိ မြန်ဆန်မှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က