နောက်နှစ်ကစပြီး 5G ဖုန်းတွေ ရောက်လာတော့မှာပါ

5G ရပြီဆိုတာနဲ့5G ဖုန်းတွေ ကိုင်ရတော့မှာ မကြာတော့ပါဘူး။ Samsung ကတော့ ပိုပြီး သွက်ပါတယ်။



LRM_EXPORT_378647972952854_20181204_1226480831-1000x563.jpeg

Photo: Android Authority

 

ဒီဇင်ဘာ ၄ ရက်ကနေ ၆ ရက်အထိ ဟာဝိုင်အီမှာ ကျင်းပနေတဲ့ Qualcomm ရဲ့ နည်းပညာပွဲတစ်ခုမှာ Samsung ဟာ notch သစ်နဲ့5G နမူနာဖုန်းသစ်ကို ပြသသွားပါတယ်။ ဒီနမူနာ prototype ဖုန်းမှာ သုံးထားတဲ့ ရှေ့ ကင်မရာဟာ အပေါ် ညာထောင့်မှာ သီးသန့်ထုတ်ထားတာပါ။

ဒီ notch အသစ်ကလွဲပြီး ကျန်တဲ့ အပိုင်းတွေမှာ 5G prototype ဖုန်းဟာ Samsung Galaxy S9 နဲ့အတော်လေး ဆင်နေပါတယ်။ Samsung ဟာ ပြီးခဲ့တဲ့ လကပဲ ကင်မရာတစ်နေရာပဲ ကွက်ကွက်ကလေး ချန်တဲ့ Infinity O ၊ Infinity U နဲ့Infinity V တို့ကို နောက်နှစ် ဖုန်းတွေမှာ အသုံးပြုသွားမယ်လို့စကားဦး သန်းထားပါတယ်။

5G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ ဖုန်းဖြစ်လို့video call တွေကို လိုင်းကြန့်ကြာမှု မရှိဘဲ ရုပ်ထွက်ကို အမြင့်စားနဲ့ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ခေါ်ဆိုနိုင်မှာပါ။ သရုပ်ပြခန်းထဲမှာ Samsung ဟာ ရုပ်ထွက်မြင့် ဗွီဒီယိုတစ်ခုကို Dex နဲ့ချိတ်ဆက်ပြီး ခေါ်ပြသွားတာ ဖြစ်ပါတယ်။ တစ်ခုရှိတာက ပွဲမှာ ဒီဖုန်းကို ဘယ်သူ့မှ ပေးကိုင်မခိုင်းခဲ့ပါဘူး။

ပဉ္စမမျိုးဆက် ကွန်ရက်နည်းပညာ ဖြစ်တဲ့ 5G ဟာ လက်ရှိ 4G ဆယ်လူလာကွန်ရက်တွေထက် အနည်ဆုံး ၁၀ ဆကနေ အဆ ၁၀၀ အထိ မြန်မယ်လို့ဆိုပါတယ်။ 5G နည်းပညာကြောင့် ဆက်သွယ်ရေးပိုင်းတင် ပိုမို မြန်ဆန်သွက်လက်လာရုံမဟုတ်ဘဲ အဆင့်မြင့် ဓါတ်ပုံပညာရပ်ဆိုင်ရာများ ၊ AI ဖန်တီးမှုနဲ့AR app များအထိ ပါ တိုးတက်ဖွံ ဖြိုးလာမှာပါ။

Qualcomm မှ 5G နမူူနာပြသစဉ် (Photo: cnet)

 

5G နည်းပညာဟာ မောင်းသူမဲ့ကားတွေကို အချင်းချင်း ဆက်သွယ်နိုင်စေမှာ ဖြစ်သလို စမတ်လမ်းမီးတိုင်များနဲ့လမ်းပေါ်က တစ်ခြားယာယဉ်တွေကိုပါ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းပညာကြောင့် စက်မှုပစ္စည်းထုတ်သူများနဲ့တယ်လီကွန်းလုပ်ငန်းတွေဟာ အကြီးအကျယ် အကျိုးအမြတ်ရဖို့အခွင့်အလမ်း ပွင့်လာမှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က