ပြီးခဲ့တဲ့ သြဂုတ်လကလည်း stock ပုံတွေ သုံးခဲ့တယ်လို့သတင်းထွက်ထားပါတယ်

Samsung ဟာ ဖုန်းကင်မရာကောင်းကြောင်း ကြော်ငြာရာမှာ ဓါတ်ပုံဆရာတစ်ဦးရဲ့ DSLR ပုံကို ယူသုံးခဲ့တယ်လို့စွပ်စွဲခံထားရပါတယ်။



မူရင်း (ဘယ်) ၊ ပြင်ပုံ (ညာ) (Photo: mashable)

 

ဆားဗီးယား ဓါတ်ပုံပညာရှင် ဒွန်ဂျာဂျူးဒစ်ဆိုတဲ့ အမျိုးသမီးဟာ EyeEm ဆိုတဲ့ ဓါတ်ပုံဝန်ဆောင်မှုမှာ တင်ထားတဲ့ သူမရဲ့ ပုံတွေကို Getty Image ကနေ ပြန်ဝယ်သွားတာကို သိခဲ့ရာကနေ စတင်ခဲ့တာပါ။ ဒီပုံတွေကို ဝယ်သူကို လိုက်စုံစမ်းရာမှာတော့ Samsung မလေးရှားထုတ်ကုန် စာမျက်နှာမှာ ဒီပုံကို ပြန်သုံးနေတာ တွေ့ရတယ်လို့ဆိုပါတယ်။

မလေးရှားက Samsung ထုတ်ကုန်ဌာနဟာ ဒီပုံကို ဖိုတိုရှော့ပ်နဲ့ပြင်ပြီး နောက်ခံတွေကို ကာလာနဲ့ရှုခင်းတွေ ပြင်ပြီး တင်ခဲ့တာပါ။ ဒီလိုပြင်ထားတဲ့ ပုံကိုလည်း Galaxy A8 ရဲ့ Portrait mode အနေနဲ့ပြန်ပြီး ကြော်ငြာခဲ့တာ ဖြစ်ပါတယ်။ ပြင်ထားတဲ့ ပုံကတော့ ဂျူးဒစ်ရဲ့ မူရင်း DSLR ကင်မရာသုံး ပုံနဲ့နောက်ခံမြင်ကွင်းမှာ တော်တော်လေးကို ကွာခြားနေတာပါ။

"တွေ့တွေ့ချင်း ကျွန်မတော့ ဝါးလုံးကွဲ ရယ်မိတာပေါ့။ ကြည့်ဦးလေ သူတို့လုပ်ထားတဲ့ ဖိုတိုရှော့ပ်ကြီးက သဘာဝမဆန်လိုက်တာ။မျက်နှာပေါ်က သွေးကြောတွေတောင် ဖယ်ရှားလိုက်တယ်လေ။ မူရင်း နောက်ခံရှုခင်းလည်း ဖြတ်ညှပ်ကပ်လုပ်ပစ်တယ်။" လို့သူမက ဆိုပါတယ်။

Samsung ကတော့ ဖုန်းကင်မရာကြော်ငြာတဲ့ စာမျက်နှာရဲ့ အောက်မှာ "screen တွင်းမှ အချက်အလက်များဟာ သရုပ်ပြဖို့ရည်ရွယ်ချက်ပဲ ဖြစ်ပြီး ပြုပြင်ထားတဲ့ ဓါတ်ပုံတွေ ဖြစ်သည်" လို့ဖော်ပြထားပါတယ်။ နောက်တစ်ချက် ကံကောင်းတာက Samsung ဟာ ဂျူးဒစ်ဆီက ပုံတွေကို ဝယ်ပြီးမှ အခုလို ကြော်ငြာမှာ ပြန်သုံးတာပါ။

Photo: The Verge

 

Galaxy A8  ကျောဘက် dual cameras ပါလာတဲ့ ပထမဆုံး Galaxy A series ဖုန်းသစ်ဖြစ်ပြီး ရှေ့မှာလည်း 24MP ကင်မရာသုံးထားတာပါ။အစောပိုင်းကလည်း Samsung ဟာ Galaxy A8 ရဲ့ ဆယ်လ်ဖီကင်မရာ ကြော်ငြာရာမှာ stock ပုံတွေ သုံးခဲ့တယ်လို့သတင်းထွက်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က