• Mobile
    ၂၀၁၉ နှစ်ကုန်ပိုင်းကစပြီး 5G ဖုန်းတွေ မြင်ရတော့မည်
Nyein Min Wai
[Unicode Version]

အန်းဒရိုက်ဖုန်းတွေကတော့ နောက်နှစ်မှာ iPhone ကိုကျော်လို့ရမယ့် နိုင်ကွက်ရသွားပြီလို့ဆိုရမှာပါ။ ဟာဝိုင်အီကျွန်းမှာ ပြုလုပ်နေတဲ့ Qualcomm ရဲ့ နည်းပညာပြပွဲမှာ Snapdragon 855 processor သစ်ကို ကြေငြာသွားတာက စတင်မှာပါ။

Capture_1280x853.jpg

Photo: Android Authority



Qualcomm Snapdragon 855 SoC မှာ 5G wireless ဒေတာကွန်ရက်ချိတ်ဆက်နိုင်တာကြောင့် ဖုန်းမိုဘိုင်းလ်ဒေတာ မြန်နှုန်းဟာ လက်ရှိ 4G ကွန်ရက်တွေထက် အဆပေါင်း ၅၀ ကနေ ၁၀၀ အထိ မြန်ဆန်လာတော့မှာ ဖြစ်ပါတယ်။

Qualcomm ဟာ ဖုန်းတစ်လုံးရဲ့ အသက်လို့ပြောနိုင်တဲ့ processor တွေ ထုတ်လုပ်တဲ့ semiconductor ကုမ္ပဏီကြီး ဖြစ်ပြီး အန်းဒရိုက်ဖုန်းအားလုံးလိုလိုဟာ Qualcomm နဲ့မကင်းပါဘူး။ အရင်ကတော့ Qualcomm ဟာ iPhone အတွက် wireless modem chip တွေ ထုတ်ပေးခဲ့ပေမယ့် အခုတော့ တရားတဘောင်တွေ ဖြစ်ပြီး ညောင်ညိုလမ်းခွဲမှာ ရောက်နေခဲ့တာပါ။

Intel ချပ်စ်တွေ ပြောင်းသုံးလာတဲ့ iPhone  တွေဘက်က သေချာတာကတော့ ၂၀၂၀ မတိုင်ခင်အထိ 5G ဖုန်းဆိုတာ မြင်ရမှာ မဟုတ်တာပါပဲ။ ၂၀၂၀ မှာတောင် 5G iPhone တွေ မိတ်ဆက်ဖို့ဆိုတာ မရေရာပါဘူး။ အန်းဒရိုုက်တွေကတော့ ဒီအချိန်မှာ 5G ဖုန်းတွေကို ထုတ်လုပ်ဖို့တာစူရုံတင်မဟုတ်ဘဲ ပြေးလမ်းပေါ်တောင် ရောက်နေခဲ့ပြီ ဖြစ်ပါတယ်။

Snapdragon နည်းပညာမိတ်ဆက်ပွဲမှာ Qualcomm ဘက်က ကတိကဝတ်တစ်ခုက စိတ်ဝင်စားစရာပါ။ Qualcomm ဥက္ကဌရဲ့ အဆိုအရ Asus, Fujitsu, Google, HMD, HTC, InSeeGo, LG, Motorola, Netgear, NetComm Wireless, OnePlus, Oppo, Samsung, Sharp, Sierra Wireless, Sony, Telit, Vivo, WingTech, WNC, Mi နဲ့ZTE တို့ဟာ Qualcomm ရဲ့ နည်းပညာအသီးအပွင့်ကို ခံစားရတော့မယ်လို့ဆိုပါတယ်။

5G က နည်းပညာလောကကို တံခါးခေါက်လာတာနဲ့ချိန်ကိုက်ပြီး Qualcomm ကတော့ အန်းဒရိုက်ဖုန်းတွေကို ပဉ္စမမျိုးဆက် ကွန်ရက်နည်းပညာဆီ ဆွဲခေါ်လာပြီလို့ဆိုရမှာပါ။

[Zawgyi Version]

အန္းဒရိုက္ဖုန္းေတြကေတာ့ ေနာက္ႏွစ္မွာ iPhone ကိုေက်ာ္လို ့ရမယ့္ ႏိုင္ကြက္ရသြားျပီလို ့ဆိုရမွာပါ။ ဟာဝိုင္အီကြ်န္းမွာ ျပဳလုပ္ေနတဲ့ Qualcomm ရဲ့ နည္းပညာျပပဲြမွာ Snapdragon 855 processor သစ္ကို ေၾကျငာသြားတာက စတင္မွာပါ။

Capture_1280x853.jpg

Photo: Android Authority



Qualcomm Snapdragon 855 SoC မွာ 5G wireless ေဒတာကြန္ရက္ခ်ိတ္ဆက္ႏိုင္တာေၾကာင့္ ဖုန္းမိုဘိုင္းလ္ေဒတာ ျမန္ႏႈန္းဟာ လက္ရိွ 4G ကြန္ရက္ေတြထက္ အဆေပါင္း ၅၀ ကေန ၁၀၀ အထိ ျမန္ဆန္လာေတာ့မွာ ျဖစ္ပါတယ္။

Qualcomm ဟာ ဖုန္းတစ္လံုးရဲ့ အသက္လို ့ေျပာႏိုင္တဲ့ processor ေတြ ထုတ္လုပ္တဲ့ semiconductor ကုမၸဏီၾကီး ျဖစ္ျပီး အန္းဒရိုက္ဖုန္းအားလံုးလိုလိုဟာ Qualcomm နဲ ့မကင္းပါဘူး။ အရင္ကေတာ့ Qualcomm ဟာ iPhone အတြက္ wireless modem chip ေတြ ထုတ္ေပးခဲ့ေပမယ့္ အခုေတာ့ တရားတေဘာင္ေတြ ျဖစ္ျပီး ေညာင္ညိဳလမ္းခဲြမွာ ေရာက္ေနခဲ့တာပါ။

Intel ခ်ပ္စ္ေတြ ေျပာင္းသံုးလာတဲ့ iPhone  ေတြဘက္က ေသခ်ာတာကေတာ့ ၂၀၂၀ မတိုင္ခင္အထိ 5G ဖုန္းဆိုတာ ျမင္ရမွာ မဟုတ္တာပါပဲ။ ၂၀၂၀ မွာေတာင္ 5G iPhone ေတြ မိတ္ဆက္ဖို ့ဆိုတာ မေရရာပါဘူး။ အန္းဒရိုုက္ေတြကေတာ့ ဒီအခ်ိန္မွာ 5G ဖုန္းေတြကို ထုတ္လုပ္ဖို ့တာစူရံုတင္မဟုတ္ဘဲ ေျပးလမ္းေပၚေတာင္ ေရာက္ေနခဲ့ျပီ ျဖစ္ပါတယ္။

Snapdragon နည္းပညာမိတ္ဆက္ပဲြမွာ Qualcomm ဘက္က ကတိကဝတ္တစ္ခုက စိတ္ဝင္စားစရာပါ။ Qualcomm ဥကၠဌရဲ့ အဆိုအရ Asus, Fujitsu, Google, HMD, HTC, InSeeGo, LG, Motorola, Netgear, NetComm Wireless, OnePlus, Oppo, Samsung, Sharp, Sierra Wireless, Sony, Telit, Vivo, WingTech, WNC, Mi နဲ ့ZTE တို ့ဟာ Qualcomm ရဲ့ နည္းပညာအသီးအပြင့္ကို ခံစားရေတာ့မယ္လို ့ဆိုပါတယ္။

5G က နည္းပညာေလာကကို တံခါးေခါက္လာတာနဲ ့ခ်ိန္ကိုက္ျပီး Qualcomm ကေတာ့ အန္းဒရိုက္ဖုန္းေတြကို ပဥၥမမ်ိဳးဆက္ ကြန္ရက္နည္းပညာဆီ ဆဲြေခၚလာျပီလို ့ဆိုရမွာပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs