• Mobile
    OnePlus ရဲ့ 5G ဖုန်းက ဒေါ်လာ ၃၀၀ ထိ ဈေးပိုကြီးလာမယ်
Nyein Min Wai
[Unicode Version]

OnePlus ဖုန်းတွေဟာ ဈေးသင့်တဲ့ ပရီမီယံဖုန်းတွေအနေနဲ့နာမည်ကြီးပါတယ်။ နောက်နှစ်ထဲမှာ မြင်ရမယ့် OnePlus ရဲ့ 5G ဖုန်းကတော့ တန်ဖိုးကြီး ဖုန်းမော်ဒယ်အဖြစ် မြင်ရတော့မှာပါ။

oneplus-5g1.jpg

Photo: BGR

 

OnePlus ရဲ့ CEO ပီတီလောင်ရဲ့ အဆိုအရ ၂၀၁၉ မော်ဒယ် OnePlus 5G ဖုန်းဟာ OnePlus 6T ထက် ဒေါ်လာ ၂၀၀ ကနေ ၃၀၀ အထိ ပိုများဖို့ရှိတယ်လို့ဆိုပါတယ်။ နိုဝင်ဘာလထဲမှာ ထွက်ခဲ့တဲ့ OnePlus 6T ရဲ့ အနိမ့်ဆုံး မော်ဒယ် RAM 6GB ဗားရှင်းဟာ ဒေါ်လာ ၅၅၀ ရှိပြီး RAM 8GB ဗားရှင်းကို ဒေါ်လာ ၆၃၀ ဈေးတွေနဲ့ရောင်းခဲ့တာပါ။

5G မော်ဒယ်ဆိုပေမယ့် ပီတီလောင်ရဲ့ စကားအတိုင်းဆိုရင် OnePlus 5G ဖုန်းဟာ ဒေါ်လာ ၁၀၀၀ အောက်မှာပဲ ရှိဦးမှာပါ။ နဂိုကတည်းက OnePlus ဟာ flagship ဖုန်းတွေအကြားမှာ တန်ဖိုးသင့်တဲ့ မော်ဒယ်အနေနဲ့စိတ်ဝင်စားမှု ရထားခဲ့ပါတယ်။ ဒီဈေးနှုန်းနဲ့ဆို လက်ရှိ ပရီမီယံ ဖုန်းတွေထက်တောင် ဈေးက သက်သာဦးမှာ ဖြစ်လို့OnePlus 5G ဖုန်းဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်လာဖို့ရှိပါတယ်။

"နည်းပညာသစ်နဲ့5G အတွက် သုံးရတဲ့ R&D ပမာဏက ဖုန်းတစ်လုံးရဲ့ ဈေးနှုန်းကို အတိုင်းအတာတစ်ခုအထိ တိုးမြှင့်ရာမှာ ရှောင်လွဲှလို့မရပါဘူး" လို့လောင်က ဆိုပါတယ်။ "ကျွန်တော်တို့အနေနဲ့ဈေးနှုန်းကို အများကြီး တိုးရအောင် မဖြစ်စေဖို့မျှော်လင့်ပါတယ်။ ဈေးကြီးတာက ကျွန်တော်တို့ရဲ့ ထုတ်ကုန်ပိုင်း ဈေးကွက်ထိုးဖောက်တဲ့ ပုံစံလည်း မဟုတ်ပါဘူး"

၂၀၁၉ မှာ OEMs တွေ အတော်များများဟာ Qualcomm ရဲ့ ကျေးဇူးနဲ့5G ဖုန်းတွေ ထုတ်နိုင်တော့မှာပါ။ ဟာဝိုင်အီမှာ ကျင်းပခဲ့တဲ့ နည်းပညာ Summit မှာ Qualcomm ဟာ 5G ရတဲ့ Snapdragon 855 processor ကို မိတ်ဆက်ပြီး 5G ဖုန်းတွေအတွက် လမ်းစ ချခဲ့ပါတယ်။

qualcomm-5g-reference-device.jpg

Photo: ZDNET

 

Qualcomm ဟာ OnePlus အပါအဝင် OPPO ၊ Vivo ၊ Samsung နဲ့Sony စတဲ့ ဖုန်းကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး 5G chip တွေကို ၂၀၁၉ ဖုန်းမော်ဒယ်တွေမှာ သုံးနိုင်ဖို့စီစဉ်နေတာပါ။ OnePlus ရဲ့ 5G ဖုန်းကတော့ ၂၀၁၉ မေလကုန်ပိုင်းမှာ မြင်ရဖို့ရှိပါတယ်။

[Zawgyi Version]

OnePlus ဖုန္းေတြဟာ ေစ်းသင့္တဲ့ ပရီမီယံဖုန္းေတြအေနနဲ ့နာမည္ၾကီးပါတယ္။ ေနာက္ႏွစ္ထဲမွာ ျမင္ရမယ့္ OnePlus ရဲ့ 5G ဖုန္းကေတာ့ တန္ဖိုးၾကီး ဖုန္းေမာ္ဒယ္အျဖစ္ ျမင္ရေတာ့မွာပါ။

oneplus-5g1.jpg

Photo: BGR

 

OnePlus ရဲ့ CEO ပီတီေလာင္ရဲ့ အဆိုအရ ၂၀၁၉ ေမာ္ဒယ္ OnePlus 5G ဖုန္းဟာ OnePlus 6T ထက္ ေဒၚလာ ၂၀၀ ကေန ၃၀၀ အထိ ပိုမ်ားဖို ့ရိွတယ္လို ့ဆိုပါတယ္။ ႏိုဝင္ဘာလထဲမွာ ထြက္ခဲ့တဲ့ OnePlus 6T ရဲ့ အနိမ့္ဆံုး ေမာ္ဒယ္ RAM 6GB ဗားရွင္းဟာ ေဒၚလာ ၅၅၀ ရိွျပီး RAM 8GB ဗားရွင္းကို ေဒၚလာ ၆၃၀ ေစ်းေတြနဲ ့ေရာင္းခဲ့တာပါ။

5G ေမာ္ဒယ္ဆိုေပမယ့္ ပီတီေလာင္ရဲ့ စကားအတိုင္းဆိုရင္ OnePlus 5G ဖုန္းဟာ ေဒၚလာ ၁၀၀၀ ေအာက္မွာပဲ ရိွဦးမွာပါ။ နဂိုကတည္းက OnePlus ဟာ flagship ဖုန္းေတြအၾကားမွာ တန္ဖိုးသင့္တဲ့ ေမာ္ဒယ္အေနနဲ ့စိတ္ဝင္စားမႈ ရထားခဲ့ပါတယ္။ ဒီေစ်းႏႈန္းနဲ ့ဆို လက္ရိွ ပရီမီယံ ဖုန္းေတြထက္ေတာင္ ေစ်းက သက္သာဦးမွာ ျဖစ္လို ့OnePlus 5G ဖုန္းဟာ ပ်ိဳတိုင္းၾကိဳက္တဲ့ ႏွင္းဆီခိုင္ ျဖစ္လာဖို ့ရိွပါတယ္။

"နည္းပညာသစ္နဲ ့5G အတြက္ သံုးရတဲ့ R&D ပမာဏက ဖုန္းတစ္လံုးရဲ့ ေစ်းႏႈန္းကို အတိုင္းအတာတစ္ခုအထိ တိုးျမွင့္ရာမွာ ေရွာင္လဲႊလို ့မရပါဘူး" လို ့ေလာင္က ဆိုပါတယ္။ "ကြ်န္ေတာ္တို ့အေနနဲ ့ေစ်းႏႈန္းကို အမ်ားၾကီး တိုးရေအာင္ မျဖစ္ေစဖို ့ေမွ်ာ္လင့္ပါတယ္။ ေစ်းၾကီးတာက ကြ်န္ေတာ္တို ့ရဲ့ ထုတ္ကုန္ပိုင္း ေစ်းကြက္ထိုးေဖာက္တဲ့ ပံုစံလည္း မဟုတ္ပါဘူး"

၂၀၁၉ မွာ OEMs ေတြ အေတာ္မ်ားမ်ားဟာ Qualcomm ရဲ့ ေက်းဇူးနဲ ့5G ဖုန္းေတြ ထုတ္ႏိုင္ေတာ့မွာပါ။ ဟာဝုိင္အီမွာ က်င္းပခဲ့တဲ့ နည္းပညာ Summit မွာ Qualcomm ဟာ 5G ရတဲ့ Snapdragon 855 processor ကို မိတ္ဆက္ျပီး 5G ဖုန္းေတြအတြက္ လမ္းစ ခ်ခဲ့ပါတယ္။

Photo: ZDNET

 

Qualcomm ဟာ OnePlus အပါအဝင္ OPPO ၊ Vivo ၊ Samsung နဲ ့Sony စတဲ့ ဖုန္းကုမၸဏီေတြနဲ ့ပူးေပါင္းျပီး 5G chip ေတြကို ၂၀၁၉ ဖုန္းေမာ္ဒယ္ေတြမွာ သံုးႏိုင္ဖို ့စီစဥ္ေနတာပါ။ OnePlus ရဲ့ 5G ဖုန္းကေတာ့ ၂၀၁၉ ေမလကုန္ပုိင္းမွာ ျမင္ရဖို ့ရိွပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs