3D print နည်းပညာနဲ့ပဲ lock ဖွင့်သွားတာပါ
Nyein Min Wai

ကမ္ဘာပေါ်မှာ လုံခြုံရေးအမြင့်ဆုံးဆိုတဲ့ Galaxy S10 ရဲ့ ultrasonic fingerprint scanner ကို လက်ဗွေအတုနဲ့ဝင်နိုင်တဲ့သူ ပေါ်လာပြီ ဖြစ်ပါတယ်။

         Qualcomm ရဲ့ ပထမဆုံး ultrasonic on-screen လက်ဗွေနည်းပညာကို သုံးထားတဲ့ Galaxy S10 ကို Reddit users ဖြစ်တဲ့ Darkshark မှ ဒီစနစ်ထဲ 3D print လုပ်ထားတဲ့ လက်ဗွေတုနဲ့ဝင်ရောက်တဲ့ ဗွီဒီယိုတစ်ခု တင်ခဲ့ပါတယ်။ Darkshark လုပ်သွားတဲ့ နည်းက သိပ်အခက်ကြီး မဟုတ်ပါဘူး။ ပထမဆုံး မှန်ပြင်ပေါ်မှာ ထင်နေတဲ့ ပိုင်ရှင်ရဲ့ လက်ဗွေကို ယူပြီး mask မှာ ထည့်ဖို့အတွက် Photoshop နည်းလမ်း သုံးပြီး 3Ds Max မှာ import လုပ်လိုက်တာပါ။

         ၁၃ မိနစ်လောက် အချိန်ပေးပြီးတာနဲ့သူဟာ Galaxy S10 ရဲ့ fingerprint sensor ကို အရူးလုပ်နိုင်မယ့် ကိုယ်ပိုင် fingerprint ဗားရှင်းတစ်ခု ပရင့်ထုတ်ပြီး ဖြစ်သွားပါတယ်။ ဖုန်းကနေ ဒီလက်ဗွေတုကို ဖတ်ဖို့၃ ကြိမ် ကြိုးစားခဲ့ရပြီး နောက်ဆုံးမှာ unlock လုပ်နိုင်ခဲ့တယ်လို့Imgur မှာ တင်ထားတဲ့ ဗွီဒီယိုကလစ်နဲ့အတူ သူက ပြောထားပါတယ်။ ဒီပို့စ်မှာပဲ ငွေပေးငွေချေတာ နဲ့banking apps တွေဟာ လက်ဗွေစနစ်နဲ့ပေးချေနိုင်တာကလည်း စိုးရိမ်စရာ ဖြစ်တယ်လို့သူက ဆိုပါတယ်။



         သူ့အနေနဲ့တစ်ခြားသူရဲ့ ဖုန်း လက်ဗွေစနစ်ကို တုပဖို့အတွက် ဓါတ်ပုံတစ်စုံ ၊ ဆော့ဖ်ဝဲလ်တစ်ချို့နဲ့3D printer မှာ access လုပ်ဖို့ပဲ လိုတယ်လို့သူက ပြောပါတယ်။ ဒီလို လက်ဗွေအတုလုပ်ဖို့အတွက် အစအဆုံး ၃ မိနစ်အတွင်း လုပ်နိုင်ပြီး ကိုယ်လိုချင်တဲ့ အချိန် ဝင်နိုင်ဖို့အတွက် 3D print ကို အဝေးကနေ လုပ်ဆောင်နိုင်တယ်လို့ဆိုပါတယ်။

         Qualcomm ကုမ္ပဏီဟာ ၂၀၁၈ နှစ်ကုန် ဒီဇင်ဘာလထဲမှာ အသံလှိုင်းနဲ့လက်ဗွေဖတ်နိုင်မယ့် ultrasonic fingerprint scanner နည်းပညာကို မိတ်ဆက်ခဲ့ပါတယ်။ ဒီနည်းပညာဟာ လက်မှာ ဆီနဲ့ရေ ပေကျံနေချိန်မှာတောင် လက်ဗွေဖတ်နိုင်တဲ့ နည်းပညာလည်း ဖြစ်ပါတယ်။ Apple ကုမ္ပဏီဟာလည်း လာမယ့် iPhone သစ်တွေမှာ ultrasonic fingerprint scanner သုံးသွားဖို့ရှိပါတယ်။ 


က္က