Unpacked 2020 မှာ တရားဝင် ကြေညာသွားမှာပါ

ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ တရားဝင် မိတ်ဆက်သွားမယ့် Unpacked 2020 မတိုင်ခင် Galaxy Z Flip ကို မြင်ခဲ့ရပြီ ဖြစ်ပါတယ်။


Samsung ရဲ့ ဒုတိယမျိုးဆက် ကမာခွံစတိုင် ခေါက်သိမ်းနိုင် စမတ်ဖုန်း Galaxy Z Flip ကို ဒီနှစ် အကယ်ဒမီဆုပေးပွဲ မတိုင်ခင် တရားဝင် ထုတ်ဖော်ပြသခဲ့တာပါ။ Galaxy Z Flit ရဲ့ စက္ကန့် ၃၀ နီးပါးကြာမြင့်တဲ့ ကြော်ငြာဗွီဒီယိုမှာ ပေါက်ကြားခဲ့တဲ့ သတင်းတွေအတိုင်း မြင်ခဲ့ရတာ ဖြစ်ပါတယ်။ Moto ရဲ့ ခေါက်သိမ်းနိုင် စမတ်ဖုန်းသစ် Razr လိုမျိုး ထက်ဝက်ချိုးခေါက်နိုင်မယ့် ဒီဇိုင်း သုံးထားတဲ့ Z Flip ဟာ ငယ်ရွယ်တဲ့ အမျိုးသမီးပရိတ်သတ်အတွက် ရည်စူးပြီး ဒီဇိုင်းထုတ်ထားတယ်လို့လည်း သတင်းတွေ ထွက်ထားပါတယ်။






Galaxy Z Flip ဟာ စားပွဲပေါ်မှာ ဒီအတိုင်း ထောင့်မှန်ချိုး ခေါက်ထားလို့ရပြီး လက်နဲ့ ကိုင်စရာမလိုဘဲ Video Chatting ထိုင်နိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။ ဖုန်းကြော်ငြာတိုမှာ Galaxy Z Flip ရဲ့ အချက်အလက်တွေ ပြောထားခြင်းတော့ မရှိပါဘူး။ ကျောဘက်မှာ ၁.၀၆ လက်မအရွယ် အရန် secondary display တစ်ခု ပါဖို့ ရှိပြီး ဖုန်းအဝင်ခေါ်ဆိုမှုတွေကိုလည်း ဖော်ပြနိုင်မှာပါ။

သတင်းတွေအရ Galaxy Z Flip ဟာ မျက်နှာပြင် ၆.၇ လက်မ foldable display သုံးသွားဖို့ ရှိပြီး ကျောဘက်မှာ 12MP ကင်မရာ နှစ်လုံး သုံးသွားမယ်လို့ ဆိုပါတယ်။ Snapdragon 855+ SoC နဲ့ လာပြီး 3300 mAh ဘက်ထရီ ၊ wireless charging စနစ်တို့ ပါရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ခန့်မှန်းခြေ ဒေါ်လာ ၁၄၀၀ နီးပါးဈေးနဲ့ ရောင်းချသွားဖို့ ရှိပြီး ခရမ်းနဲ့ အနက် ကာလာ ၂ မျိုးနဲ့ ဈေးကွက်ဝင်ဖို့ ရှိပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက် Unpacked 2020 ပွဲမှာတော့ Galaxy Z Flip အပြင် Samsung Galaxy S20 ဖုန်းသစ်တွေလည်း ကြေညာသွားမှာ ဖြစ်ပါတယ်။ Galaxy S20 ဖုန်းသစ်တွေမှာတော့ 5G ကွန်ရက် ချိတ်ဆက်မှုနဲ့အတူ 120 Hz refresh rate OLED screen သုံးသွားဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က