DisplayMate က အမှတ်ပေးထားတာပါ
Nyein Min Wai

Samsung ရဲ့ ၂၀၁၉ မော်ဒယ် flagship ဖုန်းသစ်ဖြစ်တဲ့ Galaxy S10 ဟာ display အကောင်းဆုံး ဖုန်းဖြစ်တယ်လို့DisplayMate က ကြေညာထားပါတယ်။

         Display စံနှုန်းအကဲဖြတ်တဲ့ DisplayMate ကုမ္ပဏီဟာ display တွေရဲ့ အရည်အသွေးကို သိပ္ပံနည်းကျလေ့လာအကဲဖြတ်ခဲ့တာ ဖြစ်ပြီး display တစ်ခုရဲ့ အရောင်အသွေး တိကျပြတ်သား ကြည်လင်မှု ၊ ရုပ်ထွက် ရှင်းလင်းမှု အပြင် အဆင့်မြင့် dispaly features တွေ ဖြစ်တဲ့ TrueTone ၊ NightShift နဲ့Mobile HDR စတာတွေမှာလည်း စစ်ဆေးလေ့လာခဲ့တာပါ။



         ဒီသတ်မှတ်ချက်တွေအရ Galaxy S10 ဟာ ဖုန်းတွေထဲမှာ display အကောင်းဆုံးလို့ဆိုပါတယ်။ အထူးသဖြင့် Galaxy S10 ရဲ့ display ဟာ ကာလာရုပ်ထွက်ပိုင်းမှာ အမြင်အားဖြင့် ခွဲခြားမရနိုင်လောက်အောင် ကာလာတိကျမြင့်မားပြီး ပုံရိပ်နဲ့ဓါတ်ပုံ ရုပ်ထွက်ပြတ်သားမှုပိုင်းမှာ အပြတ်အသတ်သာနေတယ်လို့DisplayMate က ဖော်ပြထားပါတယ်။

         screen တောက်ပမှုပိုင်းမှာ အမြင့်ဆုံး 1215 nits အထိ ရှိပြီး screen အလင်းပြန်မှု အလွန်နည်းပါးသလို screen ပေါ်က ကြည့်တဲ့ ဘက်ပေါ်လိုက်ပြီး ကာလာအပြောင်းအလဲပိုင်းမှာလည်း ပြတ်သားမှုမြင့်တယ်လို့ဆိုပါတယ်။ ဒီအချက်တွေကြောင့်ပဲ Galaxy S10 ရဲ့ display ဟာ A+ grade ရခဲ့တာပါ။ OLED panel နဲ့လာတဲ့ ဒီဖုန်းဟာ မျက်နှာပြင် ၆.၁ လက်မရှိပြီး HDR10+ ရုပ်ထွက် ပံ့ပိုးမှု ပါဝင်ပါတယ်။

         Galaxy S10 ရဲ့ display ရလဒ်ဟာ iPhone XS Max နဲ့Galaxy S9 တို့ထက် အပြတ်သာတယ်လို့လည်း DisplayMate က ဆိုပါတယ်။ Galaxy S10 ဟာ ultrasonic in-display လက်ဗွေနည်းပညာနဲ့လာပြီး ကျောဘက်မှာ OIS ရုပ်ငြိမ်စနစ်တွေ ပါဝင်တဲ့ 2MP telephoto lens ၊ 12MP wide lens နဲ့16MP ultra wide lens သုံးလုံးတွဲကင်မရာများ သုံးထားပြီး ကာလာ ၆ ရောင်နဲ့ဈေးကွက်ထဲ မိတ်ဆက်ထားပါတယ်။

         Qualcomm ရဲ့ အမြင့်ဆုံး 7nm octa-core Snapdragon 855 SoC နဲ့လာပြီး RAM 8GB ကိုမှ 128GB storage နဲ့256GB storage ဆိုပြီး ဗားရှင်း ၂ မျိုးနဲ့ထွက်ထားတာပါ။ ဈေးကွက်ထဲမှာတော့ ဒီဖုန်းကို အနိမ့်ဆုံး ဒေါ်လာ ၉၀၀ (မြန်မာငွေ ၁၃ သိန်း ၈ သောင်းခန့်) နဲ့အမြင့်ဆုံး ဒေါ်လာ ၁၁၅၀ (မြန်မာငွေ ၁၇ သိန်း ၇ သောင်းခန့်) တွေနဲ့ရောင်းချသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က