ကင်မရာမှာတော့ ဆရာကြီးတစ်ဆူလို့ပြောရမှာပါ
Nyein Min Wai

ကင်မရာဖုန်းလို့နာမည်တပ်ပြီး ပြောနေကြတဲ့ Huawei P30 Pro ရဲ့ အံ့သြစရာဓါတ်ပုံနည်းပညာအကြောင်းကို Reddit user တစ်ဦးက ၁၀ စက္ကန့်စာဗွီဒီယိုအဖြစ် တင်ခဲ့ပါတယ်။

         Huawei ရဲ့ flagship ဖုန်းအဖြစ် ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့ P20 Pro မှာကတည်းက ကင်မရာအကောင်းဆုံး စမတ်ဖုန်းအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ Huawei P20 Pro ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး Leica triple camers စနစ်များ ပါဝင်ပြီး ဥရောပဓါတ်ပုံနဲ့အသံအဖွဲ့အစည်း EISA ရဲ့ Best Smartphone of the Year ဆု ရခဲ့ပါတယ်။ Huawei P30 Pro မှာတော့ သူ့အရင်မော်ဒယ်ကို ကျော်ဖြတ်နိုင်တဲ့ ကင်မရာနည်းပညာဆန်းတွေ သုံးထားပါတယ်။


         P30 Pro ရမှာ သုံးလာတဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဓါတ်ပုံပိုင်းဆိုင်ရာ mode အသစ်ကတော့ super low light ဖြစ်ပါတယ်။ Huawei P30 Pro ရဲ့ Super Low Light ကို Reddit သုံးသူတစ်ဦးမှ ၁၀ စက္ကန့်အတွင်း အရှင်းဆုံးဖြစ်အောင် သက်သေပြသွားပါတယ်။ ဒါကတော့ ပုံမှန်လင်းနေတဲ့ အခန်းထဲကနေ အလင်းရောင် မရှိတဲ့ အခန်းထဲ ဖုန်းကင်မရာဖွင့်ပြီး ဝင်သွားတာပါ။

         အံ့သြဖို့ကောင်းတာက အလင်းရောင် မရှိတဲ့ အခန်းထဲမှာတောင် ဖုန်းကင်မရာဟာ အခန်းတွင်းက အခြေအနေကို မီးဖွင့်ထားတဲ့ အတိုင်း ရိုက်ကူးနိုင်တာ ဖြစ်ပါတယ်။ ဒီဗွီဒီယိုမှာ ကြည့်မယ်ဆိုရင်ဖုန်းရဲ့ Super Low Liht ဟာ အခန်းအလင်းအမှောင်ကို အလိုအလျောက် ချိန်သွားတာပါ။ Huawei P30 Pro ဟာ ပုံမှန် စမတ်ဖုန်းကင်မရာစံနှုန်းဖြစ်တဲ့ RGGB sensor အစား RYYNB (Red - Yellow - Yellow - Blue) sensor သုံးသွားတာကြောင့် အလင်းဖမ်းမှုမှာ ၄၀% ပိုများလာတာ ဖြစ်ပါတယ်။

Photo: BGR

         နောက်ထပ် ထူးခြားလာတာက Leica ရဲ့ ကျောဘက် ကင်မရာ ၄ လုံးတွဲစနစ်ဖြစ်တဲ့ OIS ရုပ်ငြိမ်စနစ်ပါတဲ့ 40MP ကင်မရာ ၊ 20MP ultra-wide lens ၊ OIS ပါပြီး ပယ်ရီစကုပ်စတိုင် တယ်လီဆွဲနိုင်မယ့် 8MP ကင်မရာနဲ့portrait shot တွေကို အကောင်းဆုံးဖမ်းနိုင်မယ့် ToF (Time of Flight) depth sensor တွေ ပါဝင်လာတာပါ။

         ဒီဖုန်းမှာ 15W wireless charging နဲ့40W Super charge ပါတဲ့ 4200 mAh ဘက်ထရီ ၊ ၆.၄၇ လက်မ မျက်နှာပြင်ပါရှိပြီး Kirin 980 chipset ကို သုံးထားပါတယ်။ Huawei P30 Pro (RAM 8GB/128GB storage) ကို ၉၉၉ ယူရို နဲ့RAM 8GB/512GB storage မော်ဒယ်ကို ၁၂၄၉ ယူရို ဈေးတွေနဲ့ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က