Apple Watch သစ်တို့ကိုလည်း စောင့်ကြည့်ရဦးမှာပါ
Nyein Min Wai

Apple ရဲ့ ၁၁ နှစ်မြောက် iPhone သစ် မိတ်ဆက်ပွဲကို ဒီည (စက်တင်ဘာ ၁၀ ရက်) မှာ ကျင်းပသွားမှာ ဖြစ်ပြီး ဖုန်းရဲ့ နာမည် နဲ့ဈေးနှုန်းအပါအဝင် အချက်အလက် တစ်ချို့ကတော့ ပေါက်ကြားလာပြီ ဖြစ်ပါတယ်။ လက်ရှိရထားတဲ့ အချက်အလက်တွေအရ iPhone 11 စီးရီးဟာ သိပ်ပြီး ထူးခြားမနေပါဘူး။


ဒီနှစ်ထွက် iPhone သစ်တွေကို iPhone 11 ၊ iPhone 11 Pro နဲ့iPhone 11 Pro Max ဆိုပြီး နာမည်တွေနဲ့မိတ်ဆက်သွားမယ်လို့သတင်းထွက်နေပါတယ်။ မျက်နှာပြင် ၆.၁ လက်အရွယ်နဲ့ထွက်လာမယ့် iPhone 11 ဟာ ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့ iPhone XR ရဲ့ အဆက်လို့ဆိုရမှာ ဖြစ်ပြီး LCD dispaly နဲ့လာတဲ့ iPhone သစ်ပါ။

Photo: wccftech

ကျန်တဲ့ မျက်နှာပြင် ၅.၈ လက်မနဲ့၆.၅ လက်မအရွယ် iPhone 11 Pro နဲ့iPhone 11 Pro Max တို့ကတော့ OLED display နဲ့လာတဲ့ higher-end တွေ ဖြစ်ပါတယ်။ ဒီအထိကို ကြည့်ရင် ဖုန်းသစ်အားလုံးရဲ့ မျက်နှာပြင်အရွယ်အစားဟာ ပြီးခဲ့တဲ့နှစ်က iPhone XR /XS / XS Max တို့နဲ့တစ်ပုံစံတည်းဆိုတာ မြင်သာပါတယ်။ ဖုန်း ၃ မျိုးစလုံးဟာ FaceID နဲ့ပဲလာပြီး မျက်နှာကို ထောင့်အမျိုးမျိုးကနေ ဖတ်နိုင်မယ်လို့ဆိုပါတယ်။

3D Touch မပါတော့တာနဲ့ဘက်ထရီပါဝါ ကြီးလာတာကတော့ ထူးခြားပါလိမ့်မယ်။ GSMArena သတင်းမှာတော့ iPhone 11 / 11 Pro နဲ့11 Pro Max တို့ဟာ 3110 mAh ၊ 3190 mAh နဲ့3500 mAh ဘက်ထရီတွေနဲ့လာမယ်လို့ဖော်ပြထားပါတယ်။ အရင်နှစ်က ထွက်ခဲ့တဲ့ iPhone XR / XS /XS Max တို့မှာဆို 2942 mAh ၊ 2658 mAh နဲ့3174 mAh ဘက်ထရီတွေနဲ့ထွက်ခဲ့တာ ဖြစ်ပါတယ်။

Photo: BGR

အားသွင်းမှုပိုင်းမှာ ထူးခြားတယ်လို့ဆိုနိုင်တာက AirPods သစ်နဲ့Apple Watch တို့ကို အားပြန်သွင်းပေးနိုင်မယ့် Wireless PowerShare (Bilateral Wireless Charging) စနစ် ပါလာမယ်ဆိုတဲ့ သတင်းပါ။ အားသွင်းကြိုးကတော့ USB C ထက်စာရင် Lightning cable ကိုပဲ ဆက်သုံးဖို့ရှိနေပါတယ်။ iPhone 11 Pro နဲ့iPhone 11 Pro Max တို့မှာ Apple Pencil တွဲသုံးနိုင်မယ်လို့လည်း ဆိုပါတယ်။

တကယ်တမ်း အထင်ရှားဆုံး ပြောင်းလဲတာက ကင်မရာ ဖြစ်မှာပါ။ Apple ဟာ iPhone သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် triple lens ကင်မရာစနစ်ကို iPhone 11 Pro နဲ့iPhone 11 Pro Max တို့မှာ စတင်သုံးစွဲလာဖို့ရှိပါတယ်။ ဒီဖုန်းသုံးလုံးထဲက ဈေးအနည်းဆုံးမော်ဒယ် iPhone 11 မှာလည်း dual lens ကို စတင် အသုံးပြုတော့မှာပါ။

ကင်မရာ ဒီဇိုင်းဟာ စတုရန်းကွက်ပုံစံနဲ့လာပြီး tele ကင်မရာအပြင် ultrawide lens ကို ပထမဆုံးအကြိမ်အဖြစ် သုံးလာဖို့ရှိပါတယ်။ iPhone 11 စီးရီးအားလုံးဟာ A13 chipset နဲ့လာပြီး storage ကိုတော့ 64GB ကနေ 512GB အထိ ထွက်လာမယ်လို့သတင်းထွက်နေပါတယ်။ iPhone 11 ဟာ RAM 4GB ပါရှိပြီး 64GB ၊ 128GB နဲ့256GB storage သုံးမျိုးနဲ့ထွက်လာမှာပါ။

Photo: GSMArena


iPhone 11 Pro နဲ့11 Pro Max တို့ကတော့ RAM 6GB နဲ့အတူ 128GB/256GB/512GB သုံးမျိုးနဲ့ထွက်ရှိလာမှာပါ။ iPhone 11 အနိမ့်ဆုံးမော်ဒယ် 64GB ဟာ ၇၄၉ ဒေါ်လာ ( မြန်မာငွေ ၁၁ သိန်းခွဲခန့်) ၊ iPhone 11 Pro နဲ့iPhone 11 Pro Max အနိမ့်ဆုံးမော်ဒယ် 128GB storage တို့ကို ၉၉၉ ဒေါ်လာ ( မြန်မာငွေ ၁၅ သိန်းကျော်) နဲ့၁၀၉၉ ဒေါ်လာ ( မြန်မာငွေ ၁၆ သိန်း ၈ သောင်းကျော်) ကနေ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

တစ်ခြား အချက်အလက်သစ်တွေနဲ့ဈေးနှုန်း အတိအကျကိုတော့ ဒီည ၁၁ နာရီခွဲခန့်မှာ ကျင်းပသွားမယ့် Apple iPhone 11 Event မှာ စောင့်ကြည့်ရမှာပါ။ တကယ်တော့ ဒီပွဲဟာ iPhone သစ်တွေအပြင် Apple Watch သစ်တွေ ၊ iPad နဲ့Apple ရဲ့ တစ်ခြား ဝန်ဆောင်မှုသစ်တွေပါ မိတ်ဆက်မယ့် ပွဲဖြစ်လို့ထူးခြားဆန်းသစ်မှုတွေကို မြင်ရဖို့ရှိပါတယ်။


က္က