၆ လအတွင်း anti-spam app တင်ပေးရမှာပါ

iPhone တွေ ဈေးချိုချိုနဲ့ထုတ်နိုင်ဖိုု့အိန္ဒိယမှာ စက်ရုံတည်ထားတဲ့ Apple အတွက် ပြဿနာအကြီးကြီး တက်နေပြီ ဖြစ်ပါတယ်။



india.jpg

photo: 9to5Mac

 

အိန္ဒိယတယ်လီကွန်း စည်းမျဉ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့အစည်း TRAI ဟာ မိုဘိုင်း အသုံးပြုသူများရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်ကာကွယ်ရေးအတွက် ရည်ရွယ်ပြီး ဥပဒေသစ်များနဲ့စတင် တင်းကြပ်လာခဲ့တာပါ။ ဒီဥပဒေနဲ့အတူ spam ဖုန်းခေါ်ဆိုမှုနဲ့မက်ဆေ့တွေ ပိတ်ပင်ဖို့app သက်သက် ဖုန်းတွေမှာ ထည့်သွင်းရမယ်ဆိုတဲ့ အချက်ပါဝင်လာပါတယ်။

ဒီအချက်အရ အိန္ဒိယဈေးကွက်ထဲ ဝင်ရောက်နေတဲ့ ဖုန်းကုမ္ပဏီတွေဟာ spam ဖုန်းနဲ့မက်ဆေ့တွေ မဝင်အောင် ပိတ်ပင်ပေးရမယ့် Do Not Disturb app ကို မဖြစ်မနေ ဒေါင်းလုပ်ဆွဲထည့့်ထားရမှာ ဖြစ်ပြီး Apple ကတော့ ဒီအချက်ကို လက်မခံပါဘူး။ App Store မှာ ဒီ app ထည့်ပြီး သွင်းထားဖို့ကို Apple ဟာ သုံးစွဲသူ ကိုယ်ရေးကိုယ်တာ စိုးရိမ်ချက်နဲ့ငြင်းဆန်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Apple နဲ့TRAI အကြား ထိပ်တိုက်ရင်ဆိုင်နေရတာပါ။

TRAI ဟာ ပြည်တွင်း တယ်လီကွန်း carriers များရဲ့ ဖုန်းတိုင်းကို ၆ လအတွင်း DND apps များ install သွင်းဖို့အတွက် အချိန်ပေးထားတယ်လို့ဆိုပါတယ်။ တကယ်လို့ဒီ ၆ လအတွင်း DND app မသွင်းနိုင်တဲ့ ဖုန်းတွေကို ကွန်ရက် ဖြတ်တောက်မှု လုပ်သွားမယ်လို့လည်း ကြေငြာထားပါတယ်။ လက်ရှိမှာတော့ DND လိုမျိုး ဖုန်းခေါ်ဆိုမှုနဲ့မက်ဆေ့အဝင် ပိတ်ထားနိုင်တဲ့ apps ကို Google ရဲ့ Play Store မှာတော့ ရနိုင်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်ခန့်က Apple ဟာ TRAI နဲ့ပူးပေါင်းပြီး ကိုယ်ပိုင် anti-spam app တစ်ခုကို ရေးဆွဲသွားမယ်လို့သတင်းထွက်ထားပေမယ့် အခုထက်ထိတော့ update တက်လာတာ မမြင်ရသေးပါဘူး။ ဒီအချက်ကြောင့်ပဲ လာမယ့် ၆ လအတွင်း Apple သာ anti-spam app မတင်နိုင်ရင် iPhone ရောင်းချခွင့် အိန္ဒိယကနေ နှုတ်ထွက်ရဖို့အထိ ရှိပါတယ်။

photo: India Today

 

မကြာခင် update patch အဖြစ် တင်သွားမယ့် iOS 12မှာ ဖုန်းနဲ့မက်ဆေ့တွေကို spam အဖြစ် သတ်မှတ်ပြီး report လုပ်နိုင်တဲ့ features သစ်တွေ ပါဝင်ထားပေမယ့် TRAI ရဲ့ မူနဲ့ကိုက်ညီမှု ရှိမရှိ ၊ TRAI မှ ဒေတာရယူခွင့် ရှိမရှိ မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က