ဝင်ငွေအနေနဲ့စံချိန်တင် မြင့်တက်လာတယ်လို့ဆိုပါတယ်။

iPhone စက်ရုံတွေတည်ဆောက်ပြီး အိန္ဒိယဈေးကွက်မှာ ဦးမော့နိုင်ဖို့ကြိုးစားနေတဲ့ Apple အတွက် ၂၀၁၈ ပထမ ၆ လ တစ်ဖြတ်ဟာ အနုတ်လက္ခဏာနဲ့စခဲ့ရပါတယ်။



gettyimages-457376198.jpg

photo: Fortune

 

Bloomberg အစီရင်ခံစာအရ Apple ဟာ ယခုနှစ် ၆ လအတွင်း အိန္ဒိယမှာ iPhone အလုံးရေ ၁ သန်းထက် လျော့နည်းပြီး ရောင်းချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီသတင်းမှာပဲ Apple ရဲ့ အိန္ဒိယဈေးကွက် မူဝါဒသစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီးနောက် ကုမ္ပဏီရဲ့ အရောင်းအမှုဆောင် ၃ ဦး နှုတ်ထွက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

တန်ဖိုးသင့်နဲ့အလတ်တန်းစား ဖုန်းများကို ပိုအကြိုက်တွေ့ကြတဲ့ အိန္ဒိယဈေးကွက်အတွက် Apple ရဲ့ ဝေစုဟာ ၂% ပဲ ရှိခဲ့ပြီး ၂၀၁၇ ခုကတည်းက iPhone ရောင်းအားဟာ ထိုးကျနေခဲ့တာပါ။ Counterpoint Research စစ်တမ်းအရ Apple ဟာ ပြီးခဲ့တဲ့ နှစ်အတွင်း အိန္ဒိယဈေးကွက်မှာ iPhone အလုံးရေ ၃.၂ သန်းပဲ ရောင်းချနိုင်ခဲ့တယ်လို့ဆိုပါတယ်။

၂၀၁၈ နှစ်ဝက်ရောင်းအားအရ တွက်မယ်ဆိုရင် Apple ရဲ့ iPhone ရောင်းအားဟာ အရင်နှစ်ရလဒ်ကို မှီဖို့ခက်နေပါတယ်။ ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်တဲ့ အိန္ဒိယမှာ ရောင်းအားတက်ဖို့အတွက် Apple ဟာ တန်ဖိုးနည်း iPhone သစ် ၃ မျိုးကို အိန္ဒိယမှာပဲ စက်ရုံတည်ဆောက်ပြီး ထုတ်လုပ်ဖို့စိုင်းပြင်နေပါတယ်။

4G ကွန်ရက်ဖြန့်ကျက်မှုနှုန်း မြင့်ပြီး လူလတ်တန်းစားဦးရေ တိုးပွားလာနေတဲ့ အိန္ဒိယဟာ Apple အတွက် မျှော်လင့်ချက်တစ်ခု အဖြစ် ရှိနေဆဲပါ။ ဒီအချက်ကြောင့်ပဲ iPhone SE ၊ iPhone 6s Plus အပြင် နောက်ထပ် iPhone တစ်မျိုးကို မူရင်းထက် ၅% ကနေ ၇% ဈေးချပြီး ထုတ်လုပ်ရောင်းချဖို့လုပ်ဆောင်နေတာပါ။

အိန္ဒိယဈေးကွက်တွင်း တစ်ခြား အလတ်တန်းစား brand တွေနဲ့ဈေးချင်း ယှဉ်နိုင်မယ်ဆိုရင်တော့ iPhone တွေဟာ အိန္ဒိယသုံးစွဲသူများ အကြိုက်တွေ့ဖို့ရှိပါတယ်။

photo: NY Times

 

စမတ်ဖုန်းရောင်းအားအနေနဲ့ဆက်တိုက် ကျဆင်းနေပေမယ့် ပြီးခဲ့တဲ့ မေလက Apple ရဲ့ ဝင်ငွေရှင်းတမ်းအရ အိန္ဒိယဈေးကွက်အတွင်း ကုမ္ပဏီဝင်ငွေဟာ ၂၀% အထိ စံချိန်တင်မြင့်တက်လာနေတယ်လို့ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က