GPU Turbo နည်းပညာ သုံးနိုင်မယ့် ဖုန်းပါ။

ကမ္ဘာ့တတိယအကြီးဆုံး အလတ်တန်းစားဖုန်းဈေးကွက်ဖြစ်တဲ့ အိန္ဒိယအတွက် Huawei ဟာ Full View display ပါ Honor 9N ကို မိတ်ဆက်လိုက်ပါတယ်။



Honor-9N.jpg

photo: XDA Developers

 

Honor 9N ဟာ hardware ပိုင်းအရ Honor 9i နဲ့ဆင်ပြီး ကင်မရာနဲ့storage ပိုင်းမှာ အပြောင်းအလဲလုပ်ထားပြီး ဈေးနှုန်းအမျိုးမျိုးနဲ့ထွက်လာတာပါ။ ဒီဇိုင်းပိုင်းမှာ Honor 9N ဟာ notch သုံးတဲ့ Full View display ကို ပြောင်းသုံးထားပြီး မျက်နှာပြင်အရွယ်အစားအားဖြင့် ၅.၈၄ လက်မ FHD+( 1080 x 2280px) display ပါရှိပါတယ်။

ကိုယ်ထည်အချိုးအစား 19:9 screen ဒီဇိုင်းကြောင့် ကိုယ်ထည်ဟာ အတော်လေး ရှည်ပြီး သွယ်နေမှာပါ။  display ဟာ မှန်လိုမျိုး နာနိုအရောင်တင်နည်းပညာပါတဲ့ 2.5D curved glass အုပ်ထားပါတယ်။ processor ကိုတော့ Honor 9i အတိုင်း Kirin 659 processor နဲ့လာပြီး ဂရပ်ဖစ်နည်းပညာသစ်ဖြစ်တဲ့ GPU Turbo စနစ်ကို မကြာခင်မှာ upgrade လုပ်ပေးသွားမယ်လို့ဆိုပါတယ်။

ကင်မရာပိုင်းမှာတော့ ကျောဘက် dual cameras များဖြစ်တဲ့ 13MP နဲ့2MP ကင်မရာနှစ်လုံး သုံးထားပြီး fingerprint ကိုလည်း ကျောဘက်မှာပဲ ထည့်သွင်းထားတာပါ။ အရှေ့16MP ဆယ်ဖီကင်မရာဟာ သုံးစွဲသူရဲ့ မျက်နှာကို သိမှတ်နိုင်တဲ့ portrait mode ပါရှိပြီး တိကျပြတ်သားတဲ့ bokeh effects များ သုံးနိုင်မှာ ဖြစ်ပါတယ်။

OS စနစ်အနေနဲ့Huawei ရဲ့ EMUI 8.0 ပါတဲ့ Android 8.0 Oreo သုံးထားပြီး ဘက်ထရီကတော့ 3000 mAh နဲ့လာတာပါ။ Honor 9N ဟာ လာဗင်ဒါခရမ်းရောင် ၊Robin Egg Blue ၊ နီလာပြာရောင် ၊ midnight black စတဲ့ ကာလာများနဲ့ဝယ်ယူနိုင်မှာ ဖြစ်လို့ကာလာအဆန်း ကြိုက်သူများအတွက် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

photo: Pricebaba

 

အနိမ့်ဆုံး RAM 3GNB/32GB storage ကို ၁၁၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်းခွဲကျော်) ၊ RAM 4GB/64GB storage ကို ၁၃၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်း ၉သောင်း ) နဲ့RAM 4GB/128GB storage မော်ဒယ်အတွက် ၁၇၉၉၉ ရူပီး (မြန်မာငွေ ၃သိန်း ၇ သောင်းကျော်) ဈေးဖြစ်လို့အိန္ဒိယဈေးကွက်အတွက် သင့်တင့်တဲ့ ဈေးလို့ဆိုရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က