စုစုပေါင်း အလုံးရေ ၄ သန်းကျော် ရောင်းချနိုင်ခဲ့ပါပြီ
Nyein Min Wai

     Xiaomi ရဲ့ Redmi Note 7 နဲ့Redmi Note 7 Pro တို့ကတော့ အိန္ဒိယဈေးကွက်မှာ ပထမတစ်လအတွင်း အလုံးရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Photo: XDA-Developers

         ဇန်နဝါရီ ၁၀ ရက်နေ့က တရားဝင်မိတ်ဆက်ခဲ့တဲ့ Redmi Note 7 ဟာ Pro မော်ဒယ်နဲ့အတူ အိန္ဒိယဈေးကွက်ထဲ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ရောက်ရှိခဲ့တာပါ။ မတ်လကုန်ပိုင်းက Redmi Note 7/7 Pro ဖုန်းသစ်တွေဟာ ကမ္ဘာ့ဈေးကွက်မှာ အလုံးရေ ၄ သန်း ကျော် ရောင်းချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ တရုတ်ဈေးကွက်မှာတော့ ပထမလအတွင်း အလုံးရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့တာ ဖြစ်ပြီး ဒီစံချိန်ကို အိန္ဒိယကလည်း လိုက်မီခဲ့ပါတယ်။

         "လူကြိုက်များနေတဲ့ Redmi Note series တွေ အံ့သြဖွယ် ရောင်းအားစံချိန်တင်တဲ့အကြောင်း ဝမ်းမြောက်ဝမ်းသာ ပြောချင်ပါတယ်။ Redmi Note 7 စီးရီးသစ်ဟာ Mi Fan တွေ အကြိုက်တွေ့ရပါတယ်။ Redmi Note 7 ဖုန်းစီးရီးတွေလူကြိုက်များတဲ့အတွက် နောက်ထပ် အသစ်တွေ ပေးဖို့ခွန်အားဖြစ်စေပါတယ်" လို့Xiaomi India ရဲ့ အွန်လိုင်းအရောင်းဌာန အကြီးအကဲ Raghu Reddy က ပြောပါတယ်။

         Redmi series တွေဟာ Xiaomi ရဲ့ ရောင်းအားအကောင်းဆုံး brand တွေထဲမှာ ပါပြီး Redmi Note 4 မှာဆို ၆ လအတွင်း အလုံးရေ ၅ သန်း အထိ ရောင်းချနိုင်ခဲ့တဲ့ စံချိန်ရခဲ့ပါတယ်။ Redmi series ထဲမှာ အိန္ဒိယဈေးကွက်ရဲ့ အကြိုက်တွေ့တဲ့ ဖုန်းတစ်လုံးက Redmi 4A ဖြစ်ပြီး flash sale စလို့ပထမ ၄ မိနစ်အတွင်းမှာ အလုံးရေ ၂ သိန်းခွဲအထိ ရောင်းချနိုင်ခဲ့တာပါ။

         Xiaomi ဟာ မကြာသေးခင်က ထွက်ထားတဲ့ Redmi 7 လို ဘက်ဂျက်ဖုန်းကိုလည်း အိန္ဒိယဈေးကွက်မှာ ဖြန့်ချိထားပါတယ်။ Redmi Note 7 Pro ကို အိန္ဒိယဈေးကွက်မှာ အနိမ့်မော်ဒယ်ကို ၁၄၉၉၉ ရူပီး ( မြန်မာငွေ ၃ သိန်းခန့်) နဲ့အမြင့်ဗားရှင်းကို ၁၆၉၉၉ ရူပီး ( မြန်မာငွေ ၃ သိန်း ခွဲခန့်) ဈေးတွေနဲ့ရောင်းချထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က