concept ဖုန်းကို အိန္ဒိယမှာ ‌ရောင်းချတော့မှာပါ

ဖေဖော်ဝါရီ ၂၂ ရက်နေ့ကစပြီး Mi Homes စတိုးတွေမှာ ရောင်းချသွားမယ့် Xiaomi Mi Mix Alpha ဟာ အိန္ဒိယဈေးကွက်ထဲ ရောက်လာတဲ့ ပထမဆုံး 5G ဖုန်းလည်း ဖြစ်ပါတယ်။

Xiaomi Mi Mix Alpha ဟာ တရုတ်ဈေးကွက်မှာ ပထမဆုံးဖြန့်ချိခဲ့တဲ့ ဖုန်း ဖြစ်ပါတယ်။ Xiaomi ရဲ့ ဈေးအကြီးဆုံး နဲ့ ဆန်းသစ်မှု အရှိဆုံး စမတ်ဖုန်းဆိုလည်း မမှားပါဘူး။ Mi Mix Alpha ဟာ screen နဲ့ မှန်ပြင် အချိုးအစား ၁၈၀.၆% အထိ ရှိပြီး ဖုန်းကိုယ်ထည်တစ်လျှောက်လုံးဟာ screen ပြည့် အုပ်ထားပြိး အနောက်မှာသာ ထောင်လိုက် bezel တန်းနဲ့အတူ ကင်မရာ setup တပ်ထားပါတယ်။



Photo: thenewspocket

မှန်ပြင်ကိုယ်ထည်တစ်ခုလုံး display ဖြစ်လာပြီး အသံအတွက် ခလုတ်အစား ဖိအားသိ pressure-sensitive နည်းပညာ သုံးလာပါတယ်။ ကိုယ်ထည်ဟာ သာမန်စတိန်းလတ်စတီးထက် ၃ ဆ ပိုအကြမ်းခံတဲ့ အာကာသယာဉ်သုံး တိုက်တေနီယံအလွိုင်းနဲ့ ထုတ်ထားတာပါ။ အကြမ်းပိုခံဖို့အတွက် ကြွေနဲ့ နီလာမှန်သားပါ ထည့်သုံးထားတယ်လို့ ဆိုပါတယ်။

ကျောဘက်မှာ 108MP ကင်မရာ နဲ့အတူ Sony IMX350 20MP wide-angle ကင်မရာ နဲ့ 12MP telephoto ကင်မရာ သုံးလုံးတွဲ သုံးထားပါတယ်။ ရှေ့ဘက်ကင်မရာ သုံးထားခြင်း မရှိဘဲ မှန်ပြင်အေက် လက်ဗွေနည်းပညာ ၊ အသံခံစားမှု ပိုကောင်းစေမယ့် display acoustic နည်းပညာများ ပါရှိပါတယ်။ ဘက်ထရီဟာ 4050 mAh လစ်သီယံအိုင်ယွန်းဘက်ထရီ ဖြစ်ပြီး 40W wired fast charging ပံ့ပိုးပေးထားပါတယ်။

Xiaomi Mi Mix Alpha ဟာ Snapdragon 855 SoC ၊ RAM 12GB/ultra-fast UFS 3.0 စနစ်သုံး 512GB storage များ ပါရှိပါတယ်။ 5G ဖုန်းတစ်လုံးအနေနဲ့ အိန္ဒိယဈေးကွက်ထဲ ပထမဆုံး ဝင်လာမယ့် Mi Mix Alpha ကို မြို့ ၈ မြို့မှာ ရှိတဲ့ အိန္ဒိယစတိုးတွေမှာ ရောင်းချသွားမှာပါ။ အိန္ဒိယဈေးကွက်မှာ ရောင်းချမယ့် ဈေးမသိရပေမယ့် Mi Mix Alpha ကို တရုတ်မှာ ၁၉၉၉၀ ယွမ် (မြန်မာငွေ ၄၂ သိန်း ၇ သောင်းကျော်) ဈေးနဲ့ ရောင်းချထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က