BKK Electronics ပိုင် အမှတ်တံဆိပ်ပါ
Nyein Min Wai

၂၀၂၀ ပထမသုံးလပတ်အတွင်း အိန္ဒိယစမတ်ဖုန်းဈေးကွက် စမတ်ဖုန်းတင်ပို့ရောင်းချမှုမှာ Vivo ဟာ Samsung ကို ပထမဆုံးအကြိမ် ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Canalys အချက်အလက်များအရ Vivo ရဲ့ နှစ်အလိုက် တင်ပို့မှုဟာ အိန္ဒိယဈေးကွက်အတွင်း ၂ ဆနီးပါး မြင့်တက်လာခဲ့ပြီး ဈေးကွက်ဝေစုအရ Xiaomi ရဲ့ နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Vivo ဟာ ၂၀၂၀ ပထမ ၃ လပတ်အတွင်း စမတ်ဖုန်းပေါင်း ၆.၇ သန်း ရောင်းချနိုင်ခဲ့ပြီး အိန္ဒိယဈေးကွက်တစ်ခုလုံး စမတ်ဖုန်းရောင်းအားရဲ့ ၂၀% ခန့် ရှိတယ်လို့ ဆိုပါတယ်။

Photo: gizmochina


Xioami ကတော့ အိန္ဒိယစမတ်ဖုန်းဈေးကွက်ရဲ့ အကြီးဆုံး စမတ်ဖုန်း Brand အဖြစ် ရှိပြီး ၂၀၂၀ ပထမ ၃ လပတ်မှာ စမတ်ဖုန်းအလုံးရေ ၁၀.၃ သန်း ၊ ဈေးကွက်ရှယ်ယာရဲ့ ၃၀.၆% ပိုင်ဆိုင်ထားပါတယ်။ တစ်ချိန်က အိန္ဒိယစမတ်ဖုန်းဈေးကွက်ရဲ့ အကြီးဆုံး ဖုန်းအမှတ်တံဆိပ်တစ်ခု ဖြစ်တဲ့ Samsung ဟာ လက်ရှိမှာ ရောင်းအား ၆.၃ သန်း ၊ ဈေးကွက်ဝေစု ၁၈.၉% နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

အိန္ဒိယရဲ့ ထိပ်တန်း စမတ်ဖုန်း ၅ မျိုးမှာ စတုတ္ထ နဲ့ တတိယနေရာမှာ ရှိတဲ့ Realme နဲ့ OPPO တို့လည်း ဖုန်းအလုံးအရေ ၃.၉ သန်းနဲ့ ၃.၅ သန်းစီ ရောင်းချခဲ့ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၂၀ ပထမ ၃ လအတွင်း စမတ်ဖုန်းပေါင်း ၃၃.၅ သန်း ရောင်းချနိုင်ခဲ့ပြီး နှစ်အလိုက်ရောင်းအားတက်မှုဟာ ၁၁.၅% ရှိထားတယ်လို့ ဆိုပါတယ်။ 

ယခုနှစ် ပထမ သုံးလပတ်အတွင်း အိန္ဒိယဖုန်းဈေးကွက်ကို ကြီးစိုးထားတဲ့ စမတ်ဖုန်း ၅ မျိုးမှာ Vivo ၊ Realme နဲ့ OPPO တို့ သုံးခုဟာ BBK Electronics ပိုင် brand တွေ ဖြစ်ပါတယ်။ BBK Electronics ဟာ Vivo ၊ Realme ၊ OPPO နဲ့ OnePlus ဖုန်းအမှတ်တံဆိပ်တွေကို ပိုင်ဆိုင်ထားတဲ့ တရုတ်နည်းပညာလုပ်ငန်းစုကြီး ဖြစ်ပါတယ်။

အိန္ဒိယဈေးကွက်မှာ OPPO ၊ Vivo နဲ့ Realme စမတ်ဖုန်းအမှတ်တံဆိပ် ၃ မျိုးရဲ့ စုစုပေါင်း ဈေးကွက်ရှယ်ယာဟာ ၄၀% ကျော်နေပါတယ်။ Realme ကတော့ ပြီးခဲ့တဲ့နှစ်ကထက်စာရင် ဈေးကွက်အတွင်း စမတ်ဖုန်းတင်ပို့မှုဟာ ၂၀၀% အထိ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က