ဘောင်းဘီဖိုးပါ အလျော်တောင်းနေပါတယ်

၂၀၁၉ မရောက်ခင်ကလေးမှာ Apple ကတော့ ဆိုးဝါးတဲ့ ဖြစ်ရပ်တစ်ခုနဲ့ပက်ပင်းကြုံလိုက်ရပြီ ဖြစ်ပါတယ်။

Photo: Apple Insider

         အိုဟိုးယိုးပြည်နယ်မှ လူတစ်ယောက်ဟာ ဒီဇင်ဘာ ၁၂ ရက်နေ့က အကျီ ၤအိတ်ကပ်ထဲ ထည့်ထားတဲ့ iPhone XS Max ပေါက်ကွဲမှုနဲ့ကြုံပြီး ဒဏ်ရာအပြင်းအထန် ရခဲ့တာကြောင့်ပါ။ Josh Hillard လို့ခေါ်တဲ့ အမျိုးသားဟာ နေ့လည်စာစားနေချိန်မှာ သူ့အိတ်ကပ်ထဲက ထူးဆန်းတဲ့ အနံ့ကို ပထမဆုံး သတိထားမိခဲ့တာ ဖြစ်ပါတယ်။ 

         ဘောင်းဘီ နောက်ဘက် အိတ်ကပ်ထဲမှာ ထည့်ထားတဲ့ iPhone XS Max ကနေ အလွန်အကျွံ ပူလာပြီး သူ့အရေပြားပါ လောင်လာတယ်လို့ခံစားခဲ့ရကြောင်း သူက ပြန်ပြောပြပါတယ်။ ခဏလောက်အကြာမှာ သူ့ရဲ့ iPhone ကနေ အစိမ်းနဲ့အဝါရောင် မီးခိုးတွေ ထွက်လာခဲ့တယ်လို့ဆိုပါတယ်။

         "နားနေခန်းထဲမှာက အမျိုးသမီးတစ်ယောက်လည်း ရှိနေတာကြောင့် ဘောင်းဘီချွတ်ဖို့ကျွန်တော် အခန်းထဲကနေ အစည်းအဝေးလုပ်တဲ့ အခန်းထဲ ပြေးပြီး ချွတ်ရတယ်။ ကျွန်တော်တို့ကုမ္ပဏီရဲ့ ဒုဥက္ကဌက ကျွန်တော်ဘောင်းဘီမှာ မီးလောင်နေမှန်းသိလို့မီးသတ်ဘူးနဲ့လာပြီး မီးသတ်ပေးရတယ်ဗျ" လို့သူက ပြန်ပြောပြပါတယ်။

         ဖုန်းကို မီးသတ်ပြီးပြီးချင်း သူ့ဘောင်းဘီမှာ အပေါက်ဖြစ်ကျန်ခဲ့တယ်လို့ဆိုပါတယ်။ ဒီအဖြစ်ကို ကုမ္ပဏီရဲ့ လုံခြုံရေးကင်မရာကနေ ဖမ်းယူရရှိခဲ့ပြီး အဲဒီနေ့ညနေမှာပဲ သူဟာ မီးလောင်ထားတဲ့ iPhone ကို ယူပြီး Apple Store ဆီသွားခဲ့တာပါ။ Apple Store မှ မန်နေဂျာကတော့ အကြီးတန်း နည်းပညာသမားတစ်ယောက်လွှတ်လိုက်မယ်လို့ပဲ ပြန်ပြောခဲ့ပါတယ်။

         Apple Store ဘက်မှ ဖုန်းတစ်လုံး အစားပြန်လဲပေးခဲ့ပေမယ့် သူကတော့ ပျက်သွားတဲ့ ဖုန်းထဲက အချက်အလက်တွေကို လိုချင်တာကြောင့် ငြင်းဆန်ခဲ့တယ်လို့ဆိုပါတယ်။ ဒါတင်မဟုတ်ဘဲ မီးလောင်သွားတဲ့ ဘောင်းဘီဖိုးနဲ့ဖုန်းပျက်လို့မသုံးလိုက်ရတဲ့ ဘေလ်ဖိုးပါ ပြန်တောင်းခဲ့တာပါ။ ဒီအမျိုးသားဘက်မှ ယခုဖြစ်ရပ်ကို တရားစွဲဖို့ပါ စဉ်းစားနေတယ်လို့Apple Insider သတင်းမှာ ဖော်ပြထားပါတယ်။

Photo: idropnews

         Apple ဘက်မှ ယခုဖြစ်ရပ်ပေါ် မှတ်ချက်မပြုခဲ့ပေမယ့် ဖုန်းကနေ အစိမ်းနဲ့အဝါရောင် မီးခိုးတွေ ထွက်တာဟာ ဘက်ထရီကြောင့်လို့ယူဆစရာ ရှိပါတယ်။ ၂၀၁၈ ဖေဖော်ဝါရီလထဲမှာ ဟောင်ကောင် Apple Store မှ ဝန်ထမ်း ၂ ယောက်ဟာ iPhone ဘက်ထရီရဲ့ မီးခိုးတွေ ရှုမိပြီးဆေးရုံတင်ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က