triple lens ၊ wireless charging များနဲ့စိတ်ဝင်စားစရာတွေ ပါလာပါပြီ

     ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ Xiaomi ရဲ့ high-end မော်ဒယ်ဖြစ်တဲ့ Xiaomi Mi 9 ကို မြင်ရတော့မှာပါ။

         တရားဝင်ကြေငြာဖို့၂ ရက်လျော့လျော့ပဲ လိုတဲ့အချိန်မှာ Xiaomi Mi 9 မှာ သုံးမယ့် specs နဲ့features တစ်ချို့ကို တရားဝင် ကြားသိရပြီ ဖြစ်ပါတယ်။ Xiaomi Mi 9 မှာ သုံးမယ့် screen size ကို မသိရသေးပေမယ့် waterdrop notch နဲ့အတူ ဘောင်မရှိသလောက် ပါးထားတဲ့ ဒီဇိုင်းကို ကြေညာထားပါတယ်။ Xiaomi ရဲ့အဆိုအရ မှန်ပြင်နဲ့ကိုယ်ထည်အချိုးအစားဟာ ၉၀.၇% ထိ ရှိမယ်လို့ဆိုပါတယ်။



Photo: XDA Developers

         Samsung ထုတ် AMOLED display ကြောင့် FullHD+ ရုပ်ထွက်ပါမယ့် ဒီဖုန်းဟာ လက်ဗွေကို မှန်ပြင်အောက်မှာ သုံထားပြီး ဖုန်းနဲ့စာဖတ်တာ ၊ အင်တာနက်သုံးတာအတွက် Reading Mode 2.0 နဲ့အပြင်နေရောင်အောက်မှာ သုံးချိန်မှာ ကာလာနဲ့ရုပ်ထွက်ကို ချိန်ညှိပေးမယ့် Sunlight Mode 2.0 တို့လို features တွေလည်း ထည့်သွင်းထားပါတယ်။ အရင့်အရင် Mi series ထက်စာရင် ပိုပြီး အားရစရာတစ်ခုက ဖုန်းနဲ့ဂိမ်းအကြီးအကျယ် ဆော့တဲ့သူတွေအတွက် CPU နဲ့GPU လုပ်ဆောင်ချက်တွေကို မြှင့်ပေးပြီး ဂိမ်းကို အရသာရှိရှိ ဖီးလ်အပြည့်နဲ့ဆော့လို့ရစေမယ့် Game Turbo စနစ် ပါလာတာပါ။

         ဒီဖုန်းဟာ high-end စီးရီးဖုန်းဖြစ်လို့နောက်ဆုံးပေါ် Qualcomm ရဲ့ processor ကို သုံးသွားမှာ သေချာပါတယ်။ ဖုန်းရဲ့ အသံစနစ်မှာ Xiaomi Mi 9 အနေနဲ့0.9 cc ဆောင်းဘောက်တစ်ခုစာနဲ့ညီတဲ့ အသံအရည်အသွေးပါမယ်လို့သတင်းထွက်နေပါတယ်။ ဒီဇိုင်းဖွဲ့စည်းမှုမှာ Gorilla Glass 6 နောက်ဆုံးပေါ် မှန်အုပ်ထားပြီး ကျောဘက်ကင်မရာတွေကိုတော့ နီလာမှန်နဲ့အုပ်ထားတာ ဖြစ်ပါတယ်။

Photo: SoyaCincau.com

         ကျောဘက်မှာ 48MP ၊ 16MP ultra-wide lens နဲ့12MP tele lens ဆိုပြီး ကင်မရာ ၃ လုံးတွဲသုံးသွားမှာပါ။ ထောင်လိုက် ညာဘေးကပ် ကင်မရာတွဲစနစ်နဲ့အတူ လေဆာ Autofocus ပါပြီး PDAF နဲ့CDAF ဓါတ်ပုံချိန်နည်းစနစ်တွေလည်း ပါရှိမှာပါ။ ဘက်ထရီပိုင်းမှာ သုံးသွားမယ့် ဘက်ထရီပါဝါအကြောင်း မသိရသေးပေမယ့် 20 charging speed ပါတဲ့ ကြိုးမဲ့အားသွင်းစနစ်ကို Mi 9 မှာ သုံးသွားမယ်လို့ဆိုပါတယ်။

         ကာလာအနေနဲ့Lavender Violet ၊ Ocean Blue နဲ့Piano Black ကာလာ ၃ မျိုးနဲ့လာပြီး Battle Angel ဗားရှင်းမှာတော့ ကျောဘက်မှာ ထွင်းဖောက်မြင်တဲ့ ကိုယ်ထည်ပါလာမယ်လို့သတင်းတွေ ထွက်ထားပါတယ်။ ဈေးနှုန်းနဲ့အတူ နောက်ထပ်အချက်အလက်တွေကို ဖေဖော်ဝါရီ ၂၀ ရက် တရားဝင် မိတ်ဆက်ချိန်မှာ သိရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က