mid-range processor သစ်နဲ့အတူ flagship ဖုန်းဒီဇိုင်းနဲ့Meizu X8 ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
Photo: Price Pony
အလတ်တန်းစား ဖုန်းအဖြစ် ဝင်ရောက်လာတဲ့ Meizu X8 ဟာ notch display သုံးလာပြီး မျက်နှာပြင် ၆.၂ လက်မ FullHD+ display ပါရှိပါတယ်။ ရှေ့display ဒီဇိုင်းအရ ဒီဖုန်းဟာ Meizu ဖုန်းတွေထဲမှာ ပထမဆုံး iPhone X လိုမျိုး notch သုံးတဲ့ဖုန်းပါ။
Meizu ရဲ့ CEO ဂျယ်ရီဝမ်ကတော့ notch ဟာ ကုမ္ပဏီစမတ်ဖုန်း ဒီဇိုင်းတွေရဲ့ အနာဂါတ်မဟုတ်ဘူးလို့ပြောထားလို့နောက်ထွက် Meizu ဖုန်းတွေမှာတော့ notch ကို အသားပေး သုံးဖို့မရှိပါဘူး။
တစ်ခုကောင်းသွားတာက notch ကြောင့် မှန်ပြင်နေရာယူမှုဟာ ၈၉.၆% ထိ ရှိလာပါတယ်။ စိတ်ဝင်စားစရာတစ်ခုက ဒီဖုန်းဟာ premium mid-range လို့ပြောနိုင်တဲ့ Snapdragon 710 Processor သစ်ကို သုံးသွားတာပါ။
ဒီ chipset သစ်ကြောင့် 4K HDR video ပံ့ပိုးချက်ပါလာသလို စွမ်းအင်သုံးစွဲမှု နည်းပြီး performance အမြင့်စားတွေ သုံးနိုင်တော့မှာ ဖြစ်ပါတယ်။ လောလောဆယ် ဒီချပ်စသစ်ကို သုံးနေတာ Xiaomi Mi 8 SE နဲ့Meizu 16X/8X သုံးမျိုးပဲ ရှိပါသေးတယ်။
ကင်မရာပိုင်းမှာ ကျောဘက်အလယ် ထောင်လိုက် dual cameras ဖြစ်တဲ့ 12MP+5MP နှစ်လုံးတွဲ ပါရှိပြီး Sony ထုတ်ကင်မရာ မှန်ဘီလူးစနစ်များ သုံးသွားတာပါ။ ဒီကင်မရာတွေအောက်မှာ fingerprint reader တစ်ခု ထည့်သွင်းထားပါတယ်။
ရှေ့ဘက်မှာ Face AE လို့ခေါ်တဲ့ မျက်နှာလော့ခ်စနစ်ပါရှိပြီး ဆယ်လ်ဖီအတွက် 20MP ကင်မရာ သုံးထားပါတယ်။ ဘက်ထရီကတော့ 3210 mAh ဘက်ထရီဖြစ်ပြီး မိနစ် ၃၀ အတွင်း ၅၀% အားသွင်းနိုင်တဲ့ fast charge စနစ် ပါရှိပါတယ်။
Photo: Gadgets Now
Meizu 8X ဟာ RAM/storage အနေနဲ့4GB/64GB ၊ 6GB/64GB နဲ့6GB/128GB သုံးမျိုး ထွက်ထားပါတယ်။ အနက် ၊ အပြာနဲ့အဖြူ ကာလာ ၃ မျိုးနဲ့ထွက်ထားပြီး အနိမ့်ဆုံး မော်ဒယ်ကို ၁၅၉၈ (၃ သိန်း ၈ သောင်းခန့်) ၊ ၁၇၉၈ ယွမ် (မြန်မာငွေ ၄ သိန်း ၂ သောင်းခန့်) နဲ့အမြင့်ဆုံး ၁၉၉၈ ယွမ် (မြန်မာငွေ ၄ သိန်း ၇ သောင်း) ဈေးတွေနဲ့ရောင်းချသွားမှာပါ။