မြန်မာငွေ ၄ သိန်းခွဲအောက်တန် ဖုန်းတွေပါ

Motorola ရဲ့ mid-range စီးရီး ဖြစ်တဲ့ Moto G series ဟာ ဒီဇိုင်းသစ်နဲ့ပုံစံပြောင်းထားတဲ့ Moto G7 ၊ Moto G7 Power ၊ Moto G7 Play နဲ့Moto G7 Plus တို့ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Moto G7

Photo: wired



         တာရှည်ခံ ဘက်ထရီနဲ့ဈေးသက်သာတဲ့ မော်ဒယ်ပါ။ မှန်ကွေးဒီဇိုင်းနဲ့လာပြီး ၆.၂ လက်မ waterdrop notch သစ်နဲ့လာတဲ့ ဖုန်းဖြစ်ပါတယ်။ ရုပ်ထွက်ကောင်းတဲ့ 1080+ display ၊ ပါဝါသုံးစွဲမှုအတွက် လုံလောက်တဲ့ 3000 mAh ဘက်ထရီ အပြင် အလတ်တန်းစား Snapdragon 632 processor တွေ သုံးထားပြီး ထူးခြားတာက ဘက်ထရီအားသွင်းတဲ့ နည်းပညာပါ။

         15W Turbo Power အားသွင်းနည်းပညာကြောင့် ၁၅ မိနစ်အားသွင်းထားတာနဲ့၉ နာရီအသုံးခံမယ်လို့ဆိုပါတယ်။ ကျောဘက် dual cameras (12MP+5MP) ကင်မရာ ပါပြီး EIS ရုပ်ငြိမ်စနစ် ၊ 30fps နှုန်းနဲ့4K ဗွီဒီယိုတွေ ရိုက်ကူးနိုင်မှုတွေ လုပ်ဆောင်နိုင်ပါတယ်။ ရှေ့ကင်မရာကတော့ 8MP ဖြစ်ပါတယ်။ သူကတော့ ဒေါ်လာ ၃၀၀ ဈေးနဲ့ရောင်းချသွားမှာပါ။

Moto G7 Power

Photo: wired

         iPhone X စတိုင် notch ဒီဇိုင်းကို သုံးထားတဲ့ ဖုန်းပါ။ စိတ်ဝင်စားစရာကောင်းတာက 5000 mAh ဘက်ထရီ ဖြစ်ပြီး တစ်ခါအားအပြည့် သွင်းထားတာနဲ့၂ ရက်ကျော် အသုံးခံမယ့် ဘက်ထရီ စနစ် ဖြစ်ပါတယ်။

         ၆.၂ လက်မအရွယ် ဒီဖုန်းဟာ ရုပ်ထွက်ပိုင်းမှာတော့ 720p ပဲ ရှိပြီး processor မှာလည်း Moto G7 အတိုင်း Snapdragon 632 chipset ကို သုံးထားတာပါ။ ကျောဘက်မှာ 12MP ကင်မရာတစ်လုံးတည်း ပါပြီး ရှေ့ကင်မရာကတော့ 8MP ဖြစ်ပါတယ်။ ဒီဖုန်းကို ဒေါ်လာ ၂၅၀ ဈေးနဲ့နောက်လထဲ ဈေးကွက်တင်သွားမှာပါ။

Moto G7 Play

Photo: wired

         720p display နဲ့လာပြီး မျက်နှာပြင် ၅.၇ လက်မရှိတဲ့ ဒီဖုန်းက ဈေးအနည်းဆုံး ဖုန်းဖြစ်ပါတယ်။ RAM 2GB/32GB ပဲ ပါရှိပြီး 5W charging အားသွင်းနိုင်တဲ့ 3000 mAh ဘက်ထရီ ၊ Snapdragon 632 processor တွေနဲ့လာပါတယ်။ ကျာဘက် 13MP ၊ ရှေ့ဘက် 8MP ကင်မရာနဲ့ဒေါ်လာ ၂၀၀ တန် ဖုန်းဖြစ်ပါတယ်။

Moto G7 Plus

Photo: wired

         ကင်မရာအကောင်းဆုံးနဲ့Moto G7 ထဲမှာ အမြင့်ဆုံး ဖုန်းလို့ပြောရမှာပါ။ low light ရိုက်ချက်တွေအတွက် 16MP+5MP ကင်မရာ ၂ လုံးတွဲ စနစ်ကို သုံးထားပြီး OIS နဲ့EIS ရုပ်ငြိမ်စနစ်တွေ ပါဝင်သလို ဗွီဒီယို ရိုက်ကူးရေးအတွက် hyperlapse mode ထည့်ပေးထားပါတယ်။

         ရှေ့ဘက် 12MP ကင်မရာကလည်း portrait mode နဲ့group selfie တွေ နဲ့ထွက်လာတာပါ။ ကင်မရာစနစ်မှာ စမတ် AI စနစ်တွေ ပါရှိပြီး processor မှာလည်း ကျန်တဲ့ Moto G7 ဖုန်းတွေထက် ပိုမြင့်တဲ့ Snapdragon 636 processor ကို သုံးထားတာပါ။ RAM 3GB/64GB storage နဲ့လာပြီး microSD card ကနေ 512GB အထိ ထပ်တိုးနိုင်သလို အားသွင်းရာမှာလည်း 27W TurboPower Charging mode သစ် ကို သုံးထားပါတယ်။

         ဒီအားသွင်းနည်းပညာကြောင့်ပဲ ဖုန်းကို ၁၅ မိနစ် အားသွင်းတာနဲ့၁၂ နာရီအသုံးခံမှာပါ။ မျက်နှာပြင် ၆.၂ လက်မရှိပြီး Dolby Audio နည်းပညာတွေ ပါဝင်တဲ့ စတီရီယိုစပီကာတွေ သုံးထားပါတယ်။ ဖေဖော်ဝါရီ လလယ်မှာ ဈေးကွက်ထဲ ရောက်မယ့် ဒီဖုန်းကို ဒေါ်လာ ၃၄၀ ခန့်ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က