wide screen အလန်းစား အတွေ့အကြုံကို ခံစားရမှာပါ

တကယ့်ဖျော်ဖြေရေးစစ်စစ် အရသာကို ခံစားနိုင်မယ့် ဖုန်းတစ်လုံးကို Sony က မိတ်ဆက်သွားတော့မှာပါ။


         CinemaWide ဆိုပြီး ရုပ်ရှင်နဲ့ဂိမ်းကစားမှုအတွက် အကောင်းဆုံးစမတ်ဖုန်း ကိုယ်ထည်ဒီဇိုင်းသစ်ဖြစ်တဲ့ 21:9 display စနစ်ကို Sony Xperia XZ4 မှာ သုံးသွားမယ်လို့ဆိုပါတယ်။ 3360 x 1440 OLED display ဟာ Sony Xperia XZ4 ရဲ့ အကောင်းဆုံး feature တွေထဲက တစ်ခု ဖြစ်ပြီး မျက်နှာပြင်အရွယ်အစားကို ၆.၅ လက်မအထိ သုံးသွားတော့မှာပါ။

Photo: engadget

         ဒီမျက်နှာပြင်ဟာ သာမန်ထက်ရှည်လျားသေးသွယ်တဲ့ 21:9 aspect ratio ကြောင့် ဖုန်းကို လက်နဲ့ကိုင်ရာမှာ compact ဖြစ်နေမှာပါ။ တစ်ခုရှိတာက 21:9 display ကြောင့် screen ရဲ့ အပေါ်ထိပ်ကို လက်ရောက်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ လောလောဆယ် ပေါက်ကြားနေတဲ့ Xperia XZ4 ရဲ့ ပုံတွေအရ ဒီဖုန်းမှာ နားကြပ်ပေါက် ဖြုတ်သွားဖို့ရှိပြီး dual speakers တွေနဲ့လာဖို့ရှိနေပါတယ်။

         Sony ဖုန်းတွေဟာ ကင်မရာကောင်းတဲ့ ဖုန်းတွေဆိုပေမယ့် dual lens သုံးတာ ခပ်ရှားရှားပါ။ Xperia XZ4 မှာတော့ triple lens ဆိုတဲ့ ကင်မရာ ၃ လုံးစနစ်ပါ သုံးမယ်ဆိုတဲ့ သတင်းကလည်း အံ့သြစရာ ဖြစ်နေပါတယ်။ တကယ်လိုု့Xperia XZ4 မှာ ကင်မရာ ၃ လုံးတွဲ သုံးသွားမယ်ဆိုရင် စမတ်ဖုန်းကင်မရာလောကမှာ ဒီဖုန်းကို ယှဉ်နိုင်မယ့် ဖုန်းရယ်လို့သိပ်ရှိတော့မှာ မဟုတ်ပါဘူး။


         ကုမ္ပဏီရဲ့ ဈေးကွက်ဒုဥက္ကဌ ဒွန်မက်ဆာကတော့ ပိုကောင်းတဲ့ ကင်မရာအတွေ့အကြုံကို ပေးမယ့်ဖုန်းကို မြင်ရမယ်လို့ပြောထားတဲ့အချက်က ယုံချင်စရာပါ။ လက်ရှိ ကြားနေရတဲ့ သတင်းတွေထဲမှာ 52MP ကျောဘက် ပင်မကင်မရာပါမယ်ဆိုတဲ့ အချက်ကတော့ သံသယရှိပါတယ်။ ဒါပေမယ့် high-end ဖုန်းဖြစ်တဲ့အတိုင်း Qualcomm ရဲ့ အမြင့်ဆုံး processor ဖြစ်တဲ့ Snapdragon 855 chipset ကို သုံးသွားမှာ သေချာသလောက် ရှိပြီး RAM ကိုလည်း 6GB အထိ သုံးသွားမယ်လို့ယူဆရပါတယ်။

         ဒီဖုန်းကို စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပမယ့် MWC 2019 ပွဲ ၊ ဖေဖော်ဝါရီ ၂၅ ရက်မှာ မိတ်ဆက်သွားမှာ ဖြစ်လို့တရားဝင် မိတ်ဆက်ချိန်မှာ သတင်းအတိအကျ သိရတော့မှာပါ



က္က