dual slider ဒီဇိုင်းနဲ့လာတော့မှာပါ

Asus ကတော့ high-end ဖုန်းသစ်ကို လာမယ့် မေလ ၁၆ ရက်နေ့မှာ မိတ်ဆက်ပြသသွားတော့မှာပါ။

         Zenfone 6 နာမည်နဲ့မိတ်ဆက်သွားမယ့် ဒီဖုန်းဟာ Snapdragon 855 processor ပါပြီး notchless display အနေနဲ့ထွက်လာမယ်လို့ဆိုပါတယ်။ notchless display ဖြစ်ဖို့အတွက် Zenfone 6 မှာ သုံးထားတဲ့ နည်းပညာဟာ slider စနစ် ဖြစ်ပြီး အထက်အောက် နှစ်မျိုးစလုံးကို slide လုပ်နိုင်မယ့် dual slider စနစ်လို့သတင်းထွက်နေပါတယ်။



         slider ကို အောက်ဆွဲချချိန်မှာ dual selfie ကင်မရာတွေ ပေါ်လာမှာ ဖြစ်ပြီး slide up လုပ်မယ်ဆိုရင် front facing စပီကာတွေ မြင်ရမှာပါ။ အောက်ခြေမှာ USB C port နဲ့အတူ နားကြပ်ပေါက် သုံးသွားဖို့လည်း ရှိနေပါတယ်။ dual SIM နှစ်ကဒ်သုံးကိုမှ microSD card ပါ သုံးနိုင်တဲ့ Triple Slot ပါရှိပြီး ညာဘက်မှာ အသံတိုး/လျှော့ခလုတ်နဲ့အတူ Smart Key တစ်ခု သုံးထားပါတယ်။

Photo: gsmarena

         leaks ဖြစ်ထားတဲ့ သတင်းတွေအရ Zenfone 6 ဟာ ကျောဘက်မှာ 48MP+13MP dual ကင်မရာတွေ ပါရှိပြီး ဘက်ထရီပါဝါကိုလည်း 5000 mAh အထိ သုံးသွားမယ်လို့ဆိုပါတယ်။ ဒီဖုန်းရဲ့ screen အရွယ်အစား မသိရပေမယ့် AnTuTu မှာတော့ 2340 x 1080p ရုပ်ထွက် ပါရှိမယ်လို့ဖော်ပြထားပါတယ်။ Zenfone 6 မှာသုံးသွားမယ့် hardware specs တွေအကြောင်းနဲ့ဈေးနှုန်းအတိအကျကိုတော့ မေလ ၁၆ ရက်နေ့မှာ သိရမှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က