စမတ်လက်ပတ်တွေကတော့ နံပါတ် ၂ နေရာမှာ ရှိပါတယ်။

Xiaomi ရဲ့ ဈေးကွက်ရှယ်ယာဟာ နှစ်အလိုက် ၉၀% အထိ တိုးတက်လာနေပါတယ်။

အိန္ဒိယမှာ နံပါတ်တစ် အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီအဖြစ် ရှိနေတဲ့ Xiaomi ဟာ အနောက်ဥရောပဈေးကွက်မှာလည်း အင်အားကြီးလာတာပါတယ်။ နှစ် ၅၀ ပြည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ Xiaomi အနေနဲ့ ရှိပြီးသား ဈေးကွက်တွေ ဆက်လက်အားကောင်းစေဖို့ အာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။

Xiaomi ဟာ အိန္ဒိယ ၊ အရှေ့တောင်အာရှ ၊ လက်တင်အမေရိက ၊ အာဖရိကနဲ့ အနောက်ဥရောပဈေးကွက်တွေထဲ ဝင်ရောက်ထားတာ ဖြစ်ပြီး ဥရောပရဲ့ စတုတ္တမြောက်အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူလည်း ဖြစ်လာပြီလို့ Xiaomi နိုင်ငံတကာဥက္ကဌ ရှောင်ဇီချူးက ဆိုပါတယ်။ နှစ်အလိုက် ဈေးကွက်ဖွံ့ဖြိုးမှုနှုန်းဟာလည်း ၉၀% ရှိထားပါတယ်။



Photo: chinadaily


၂၀၁၉ တတိယသုံးလပတ် အချက်အလက်တွေအရ Xiaomi ဟာ နိုင်ငံပေါင်း ၉၀ မှာ လုပ်ငန်းလည်ပတ်နေပါတယ်။ ပထမသုံးလပတ် သုံးခုကနေ စုစုပေါင်း ဝင်တဲ့ ဝင်ငွေဟာ ဒေါ်လာ ၁၀ ဘီလျံအထိ ရှိပြီး ဒီဝင်ငွေရဲ့ ၄၉% ဟာ နိုင်ငံခြားဈေးကွက်တွေကနေ ဝင်တာ ဖြစ်လို့ Global ဈေးကွက် အားကောင်းလာနေတယ်လို့ ဆိုရမှာပါ။

Xiaomi ကနေ ဒီနှစ်ထဲမှာ 5G စမတ်ဖုန်း ၁၀ မျိုးကျော် ထုတ်သွားဖို့ ရှိပြီး ဒီဖုန်းတွေထဲက အများစုကို ကမ္ဘာ့ဈေးကွက် ဖြန့်မယ်လို့ ဆိုပါတယ်။ Xiaomi ထုတ် လျှပ်စစ်စကူတာတွေဟာလည်း ဥရောပဈေးကွက်မှာ နာမည်ရနေပြီး အနောက်ဥရောပ စကူတာဈေးကွက်တစ်ခုလုံးရဲ့ ၁၇% ကို လွှမ်းခြုံထားပါတယ်။

Gizchina သတင်းအရ Xiaomi ထုတ် စမတ်လက်ပတ်ထုတ်ကုန်တွေဟာလည်း အနောက်ဥရောပရဲ့ ဒုတိယအကြီးဆုံး brand တစ်ခုအဖြစ် ရပ်တည်နေတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က