ကျပ် ၃ သောင်းတန် Huawei Band 3e စမတ်လက်ပတ်တစ်ခုလည်း လက်ဆောင်ပေးသွားမှာပါ
Nyein Min Wai

     Huawei ဖုန်းတွေထဲမှာ ပထမဆုံး pop-up selfie ကင်မရာ သုံးထားတဲ့ Huawei Y9 Prime 2019 ကို ပြည်တွင်းဈေးကွက်မှာ pre-order မှာနိုင်ပြီလို့သိရပါတယ်။


         Notchless display နဲ့pop-up selfie ကင်မရာ ပါဝင်တဲ့ Huawei Y9 Prime 2019 ဟာ ပြီးခဲ့တဲ့ မေလလယ်က မိတ်ဆက်ခဲ့တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ pop-up ကင်မရာသုံးထားတဲ့ ဖုန်းဖြစ်လို့bezels နဲ့notch တွေ မပါတော့ဘဲ ၆.၅၉ လက်မအရွယ် Ultra FullView Display ကို ဒီဖုန်းမှာ မြင်ရမှာပါ။ ရုပ်ထွက် resolution မှာ 2340 x 1080p ဖြစ်လို့ရုပ်ထွက်မြင့်မားပြီး screen ရဲ့ အပေါ်မှာ 2.5D curved glass အုပ်ထားပါတယ်။

Photo: tech-ish.com

         Huawei Y9 Prime 2019 ဟာ ရိုးရှင်းသပ်ရပ်တဲ့ စမတ်ဖုန်းဒီဇိုင်းကြိုက်သူတွေ မျက်စိကျလောက်တဲ့ Visual Experience ပေးနိုင်တဲ့ ဖုန်းဖြစ်ပြီး ကျောဘက်မှာလည်း ကာလာပိုင်း နှစ်စပ်ပြေးထားတာကလည်း ထူးခြားနေပါတယ်။ mid-range တန်းဝင်ဖုန်းဖြစ်ပြီး ထူးခြားတာက ကျောဘက်ကင်မရာ ၃ လုံးတွဲစနစ်ကို သုံးလာတာ ဖြစ်ပါတယ်။

         ဖုန်းရဲ့ နောက်ကျောဘက်မှာ fingerprint scanner နဲ့အတူ ထောင်လိုက် triple lens တွေ ဖြစ်တဲ့ 16MP ကင်မရာ ၊ 2MP depth sensor နဲ့8MP ultra-wide ကင်မရာ သုံးလုံး သုံးထားပါတယ်။ ဆယ်လ်ဖီကင်မရာကတော့ 16MP pop-up ကင်မရာအမျိုးအစား ဖြစ်လို့ဆယ်လ်ဖီကင်မရာဖွင့်မှ ကိုယ်ထည်ထဲကနေ အလိုအလျောက် ထွက်ပေါ်လာမှာပါ။

         Hybrid Dual SIM သုံး Huawei Y9 Prime 2019 ဟာ Android 9 Pie ကို အခြေခံထားတဲ့ EMUI 9 OS နဲ့လာပြီး သက်တမ်း ပိုကြာမြင့်မယ့် 4000 mAh ဘက်ထရီ ၊ Mali-G51 MP4 GPU ပါတဲ့ octa-core Kirin 710 processor များ သုံးထားပါတယ်။ အရောင်အနေနဲ့Sapphire Blue ၊ Emerald Green နဲ့Midnight Black ကာလာ ၃ ရောင်နဲ့ဝယ်ယူနိုင်မယ်လို့ဆိုပါတယ်။

         Huawei Y9 Prime 2019 ကို ပြည်တွင်းဈေးကွက်မှာ ၃၃၉၀၀၀ ကျပ်ဈေးနဲ့ဇွန်လ ၁၅ ရက်ကနေ ဇွန် ၂၉ ရက်နေ့အထိ pre-order မှာနိုင်မယ်လို့ကြေညာထားပါတယ်။ pre-order ကာလအတွင်း ဖုန်းမှာယူသူတွေကို ကျပ် ၃ သောင်းတန် Huawei Band 3e စမတ်လက်ပတ်တစ်ခု လက်ဆောင်ပေးသွားမယ်လို့ဆိုပါတယ်။

         ဈေးကွက်တွေမှာ ရောင်းချနေတဲ့ Huawei ဖုန်းတွေမှာ Google ဝန်ဆောင်မှုတွေ ဖြစ်တဲ့ Google Play ၊ Gmail ၊ Google Maps ၊ Google Gallery ၊ Chrome ၊ YouTube နဲ့Facebook social apps တွေ ဖြစ်တဲ့ Facebook ၊ Instagram နဲ့WhatsApp စတဲ့ app တွေ နေ့စဉ်ပုံမှန်လည်ပတ်နေတဲ့ လုပ်ငန်းဆောင်တာတွေမှာ သုံးမရတာမျိုး ဖြစ်ခဲ့မယ်ဆိုရင် ဝယ်ထားတဲ့ ဖုန်းတန်ဖိုးအတိုင်း ငွေပြန်အမ်းသွားမယ်လို့စမတ်ဖုန်းအရောင်းဆိုင်တွေရဲ့ လူမှုကွန်ရက်တွေပေါ်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Photo: Huawei


ဒီအစီအစဉ်မှာ Huawei ထုတ် စမတ်ဖုန်းနဲ့တက်ဘလက်တွေ ဖြစ်တဲ့ Huawei P30 Pro, P30, P30 Lite, P20 Pro, P20, Mate 20 Pro, Mate 20, Nova 4, Nova 3, Nova 3i, Y Max, Y9 Prime 2019, Y9 2019, Y7 Pro 2019, Y6 Pro 2019, Y6 Prime 2018, Y5 2019, Y5 Prime 2018, Y5 Lite, Media Pad M5 Lite 8, T3 7, T3 8, T3 10, T5 10 Model များ ပါဝင်ပြီး သတ်မှတ်ထားတဲ့ မော်ဒယ်အသီးသီးကို အာမခံပေးထားတဲ့ ကာလအတွင်း အကျိုးသက်ရောက်မှု ရှိမယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က