မြန်မာငွေ ၂ သိန်း ကျော်တန် စမတ်ဖုန်းဖြစ်ပါတယ်။

ဈေးကွက်မှာ လူကြိုက်များနေတဲ့ Realme 3 ဟာ Classic Black အနက်ရောင်နဲ့အနက်အပြာစပ် Dynamic Black အပြင် အခုချိန်မှာ Radiant Blue ကာလာသစ်ပါ ထွက်လာပြီ ဖြစ်ပါတယ်။

        Radiant Blue ဟာ အပြာနဲ့အစိမ်း အရောင်နှစ်မျိုး စပ်ထားတဲ့ ကာလာသစ်ဖြစ်ပြီး လူငယ်စမတ်ဖုန်းသုံးစွဲသူများ အကြိုက်တွေ့စေမယ့် ကာလာဆန်းလည်း ဖြစ်ပါတယ်။ ဘက်ဂျက်မော်ဒယ်အနေနဲ့ထွက်လာတဲ့ Realme 3 ဟာ မျက်နှာပြင်အကြီးစားနဲ့ဘက်ထရီပါဝါကောင်းတဲ့ Realme brand အစဉ်အလာကို ဆက်ထိန်းထားတဲ့ ဖုန်းဖြစ်ပြီး ၆.၂၂ လက်မ LCD screen ဟာ waterdrop notch ကြောင့် မှန်ပြင်နေရာယူမှုမှာ အတော်လေးများလာပါတယ်။

Photo: gadgetxprt

        Realme 3 မှာ သုံးထားတဲ့ processor ဟာ Helio P70 processor ဖြစ်လို့တန်ဖိုးသင့်ဖုန်းတစ်လုံးအတွက် လိုက်ဖက်တဲ့ processor လို့ဆိုနိုင်ပြီး 4230 mAh ဘက်ထရီကလည်း၆.၂၂ လက်မ ဖုန်းတစ်လုံးအတွက် အကောင်းဆုံး ပါဝါပေးနိုင်မယ့် ဘက်ထရီ ဖြစ်ပါတယ်။ Realme 3 ကို RAM 3GB/32GB ဗားရှင်းနဲ့RAM 4GB/64GB storage ဗားရှင်း နှစ်မျိုးနဲ့ထွက်ထားပြီး UI ပိုင်းမှာ OPPO ရဲ့ ColorOS 6.0 ထည့်သွင်းထားတဲ့ Android 9 Pie နဲ့လာပါတယ်။

        ကင်မရာအနေနဲ့ကျောဘက်မှာ 13MP နဲ့2MP ကင်မရာနှစ်လုံးမှာ AI နည်းပညာပါတဲ့ NightScape နဲ့Chroma Boost လို ဆော့ဖ်ဝဲလ်ပိုင်းဆန်းသစ်မှုတွေ ထည့်သွင်းလာပါတယ်။ NightScape ဟာ ညမြင်ကွင်းလိုမျိုး အလင်းအားနည်းချိန် ရိုက်ချက်တွေအတွက် ပံ့ပိုးချက်တွေ ပါပြီး Chroma Boost ကတော့ ပုံမှာ ကာလာစပ်တာ အပြင် နောက်ခံ အလင်းနဲ့ပုံဖောက်တာတွေ ပါဝင်လာပါတယ်။

        ရှေ့မှာ 13MP AI Selfie ကင်မရာ ပါရှိပြီး မျက်နှာနဲ့ဖုန်းလော့ခ်ဖွင့်နိုင်တဲ့ Face Unlock စနစ်အပြင် ကျောဘက်မှာ Fingerprint scanner လည်း ပါရှိပါတယ်။ Realme 3 ဟာ 4G SIM card ၂ ကဒ်နဲ့အတူ 256GB storage ထပ်တိုးနိုင်မယ့် microSD card slot ပါရှိပါတယ်။ ပြည်တွင်းဈေးကွက်မှာ Realme 3 ရဲ့ အနိမ့်ဆုံးမော်ဒယ် RAM 3GB/32GB storage ကို မြန်မာငွေ ၂၀၉၀၀၀ ကျပ်နဲ့RAM 4GB/64GB storage ကို မြန်မာငွေ ၂၅၉၀၀၀ ကျပ်နဲ့ရောင်းချထားပါတယ်။



က္က