Pro stand သက်သက် ဝယ်ရမှာပါ။
Nyein Min Wai

WWDC 2019 ပွဲမှာ မိတ်ဆက်ခဲ့တဲ့ ထုတ်ကုန်သစ်တွေထဲမှာ ဒေါ်လာ ၅၀၀၀ တန် Pro Display XDR သစ် ပါခဲ့ပြီး ဒီလောက်ဈေးကြီးတဲ့ monitor ဝယ်သူတွေဟာ stand သက်သက် ဝယ်ရတော့မှာပါ။


         Apple ရဲ့ CEO တင်မ်ကွတ်ဟာ WWDC ပွဲမှာ creative ပရော်ဖက်ရှင်နယ်တွေအတွက် ရည်ရွယ်ထားတဲ့ အဆင့်မြင့် ကွန်ပျူတာ Mac Pro သစ်ကို ကြေညာခဲ့ပြီး ဒေါ်လာ ၆၀၀၀ ဈေးကနေ စတင်ရောင်းချသွားမယ်လို့မိတ်ဆက်သွားခဲ့ပါတယ်။ နောက်ထပ်ကြေညာသွားတဲ့ ထုတ်ကုန်ကတော့ 6K ရုပ်ထွက်မြင့် Pro Display XDR သစ်ဖြစ်ပြီး ၄၉၉၉ ဒေါ်လာ ဈေးနဲ့စတင်ရောင်းချသွားမှာပါ။

Photo: CNET

         ဒီလိုတန်ဖိုးကြီး ထုတ်ကုန်တွေဟာ နောက်ထပ် accessory သီးသန့်ဝယ်ထည့်ဖို့လိုပြီး ဒီအတွက် စရိတ်စကလည်း ထပ်ရှိဦးမှာပါ။ ဥပမာ- ဒေါ်လာ ၆၀၀၀ တန် Mac Pro ဟာ base model မှာ ပါတဲ့ 256GB SSD storage ကနေ အမြင့်ဆုံး 4TB SSD storage အထိ တိုးမယ်ဆိုရင် နောက်ထပ် ဒေါ်လာ ၂၄၀၀ ၊ RAM 128GB ကို 1.5TB အထိ တိုးချင်တယ်ဆိုရင် နောက်ထပ် ဒေါ်လာ ၁၇၈၆၇.၈၈ ဒေါ်လာ ကျသင့်ပြီး 2.5GHz 28 core Intel Xeon W Processor တစ်ခုအတွက် ခန့်မှန်းခြေ ၇၄၅၃ ဒေါ်လာခန့်ကျမယ်လို့The Verge က တွက်ချက်ထားပါတယ်။

         တကယ်လို့AMD ကနေ ထုတ်ထားတဲ့ Radeon Pro Vega II GPUs ၂ ခုပါ သုံးချင်တယ်ဆိုရင် နောက်ထပ် ဒေါ်လာ ၁၂၀၀၀ ထပ်ကုန်ဦးမှာပါ။ Mac Pro နဲ့အတူ မိတ်ဆက်သွားတဲ့ ၃၂ လက်မမော်ဒယ် Pro Display XDR ဟာ Pro Stand မပါ ဒေါ်လာ ၅၀၀၀ ဖြစ်ပါတယ်။ Pro Stand ကတော့ သူချည်းကို ၉၉၉ ဒေါ်လာ ဖြစ်နေတာ လန့်လောက်ပါတယ်။ တနည်းအားဖြင့် iPhone X နဲ့တစ်ဈေးတည်းဖြစ်သလို ဈေးကွက်ထဲက လက်ပ်တော့နဲ့ဖုန်းအများစုထက်တောင် ဈေးပိုကြီးနေပါတယ်။

Photo: junkee

         Pro Display XDR ကို ထောက်ဖို့အတွက် ဒေါ်လာ ၁၀၀၀ တန် Pro Stand မဝယ်ချင်သူတွေအတွက် third-party stand အနေနဲ့ ၁၉၉ ဒေါ်လာတန် VESA mount adapter လည်း သုံးနိုင်မယ်လို့ကြေညာထားပေမယ့် နှစ်မျိုးစလုံးဟာ ဈေးကြီးနေတာပါပဲ။ Pro Stand ကတော့ ဈေးအကြီးဆုံး ကွန်ပျူတာ accessory တစ်ခုလို့ပြောရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က