OPPO Find X2 ‌မော်ဒယ်သစ်နှစ်မျိုးနဲ့အတူ ထွက်လာမှာပါ
Nyein Min Wai

OPPO ရဲ့ ပထမဆုံးစမတ်နာရီကို မတ်လ ၆ ရက်နေ့မှာ OPPO flagship ဖုန်းသစ်နှစ်မျိုးနဲ့အတူ မိတ်ဆက်သွားမှာပါ။

OPPO Watch ဟာ 3D curved screen နဲ့ လာပြီး မျက်နှာပြင် ၁.၉၁ လက်မ ပါရှိမယ်လို့ သတင်းထွက်ထားပါတယ်။ screen ဟာ 326 PPI ရုပ်ထွက်ရှိပြီး DCI-P3 ကာလာ ရောင်စဉ်နှုန်း ၁၀၀% ပါရှိမယ်လို့ ဆိုပါတယ်။ ဒီဇိုင်းအနေနဲ့ Apple Watch နဲ့ ဆင်ပြီးဘေးမှာ ခလုတ် ၂ ခု ပါလာမှာပါ။

Photo: soyacincau




ဒီနာရီမှာ နှလုံးခုနှုန်းတိုင်းတာတဲ့ အာရုံခံစနစ်တွေနဲ့ Electrocardiogram (ECG) လုပ်ဆောင်ချက်တွေ ထည့်ထားပါတယ်။ Androdi System သုံး စမတ်နာရီ ဖြစ်ပြီး Snapdragon Wear 2500 processor နဲ့ လာမှာပါ။ စွမ်းအင် သုံးစွဲမှု နည်းပြီး ဘက်ထရီသက်တမ်းကို တာရှည်ခံတဲ့ Apollo3 chip လည်း ပါရှိမှာပါ။

နာရီရဲ့ ဘေးညာဘက်ဘောင်မှာ flat key ခလုတ်နှစ်ခု ထည့်ထားပြီး စမတ်နာရီလုပ်ဆောင်ချက်အမျိုးမျိုးကို ဒီခလုတ်တွေနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Gizmochina သတင်းအရ OPPO Watch ဟာ eSIM စနစ် သုံးနိုင်ဖို့ ရှိပြီး Voice Call လုပ်ဆောင်ချက်လည်း လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။

ဒီနာရီဟာ 5ATM ရေလုံစနစ် ပါတဲ့ နာရီဖြစ်ပြီး ယွမ် ၂၀၀၀ (မြန်မာငွေ ၄ သိန်းကျော်) ဝန်းကျင်ဈေးနဲ့ ရောင်းချသွားမယ်လို့လည်း ခန့်မှန်းထားပါတယ်။ အရောင်အနေနဲ့ အပြာနဲ့ ရွှေနှစ်ရောင် နဲ့ ထွက်လာဖို့ ရှိပြီး လယ်သာနာရီကြိုးအမျိုးအစားလည်း ထွက်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

မတ်လ ၆ ရက်နေ့မှာ OPPO ဟာ flagship ဖုန်းမော်ဒယ်နှစ်မျိုး ဖြစ်တဲ့ OPPO Find X2 နဲ့ Find X2 Pro တို့ကိုလည်း မိတ်ဆက်သွားမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က