Nano Memory Card တွေ ထုတ်ထားလို့ပြဿနာ မရှိနိုင်ပါဘူး

memory card တွေရဲ့ စံနှူန်း သတ်မှတ်တဲ့ SD Association ဟာ Huawei ကို ပိတ်ပင်လိုက်ပြီ ဖြစ်လို့Huawei ရဲ့ဖုန်းနဲ့လက်ပ်တော့အသစ်တွေမှာ SD နဲ့microSD card ပါလာတော့မှာ မဟုတ်ပါဘူး။

Photo: periodicocorreo



        Huawei ပေါ်မှာ အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှူတွေ မြင့်လာချိန်မှာ SD Association မှ အခုလို ပိတ်ပင်လိုက်တာပါ။ Huawei အနေနဲ့SD Association ရဲ့ အဖွဲ့ဝင်ကုမ္ဗဏီ ဖြစ်လို့အခုလို ပိတ်ဆို့မှူကြောင့် အသစ်ထွက်လာမယ့် Huawei ဖုန်းတွေမှာ SD card support ရတော့မှာ မဟုတ်တော့ပါဘူး။Android Authority ကို ပြောကြားအတည်ပြုထားတဲ့ SD Association ရဲ့ အတည်ပြုချက်အရ Huawei ကို အဖွဲ့ထဲကနေ ထုတ်ပယ်လိုက်တာဟာ သမ္မတထရမ့်ရဲ့ အမိန့်ညွှန်ကြားချက်ကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိ ဈေးကွက်ထဲ ရောက်နေတဲ့ Huawei ဖုန်းနဲ့လက်ပ်တော့တွေက MicroSD card နဲ့SD cardတွေကိုတော့ သုံးလို့ရနေမှာ ဖြစ်ပေမယ့် နောက်နောင် အသစ်ထွက်လာတဲ့ Huawei ဖုန်းတွေမှာတော့ SD Association ရံဲ့SD card စံနှူန်းကို သုံးလို့ရနိုင်တော့မှာ မဟုတ်ပါဘူး။လက်ရှိမှာ Huawei ဟာ အမေရိကန်အစိုးရအဖွဲ့ရဲ့ ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့အရေးယူများနဲ့ရင်ဆိုင်နေရပါတယ်။

        Huawei ဟာ Google ၊ ARM ၊ Intel ၊ Qualcomm ၊ Broadcom စတဲ့ ကုမ္ဗဏီကြီးတွေရဲ့ စီးပွားရေး ဖြတ်တောက်မှူဒဏ် ကြုံတွေ့နေရတာ ဖြစ်ပြီး WiFi စံနှူန်း သတ်မှတ်တဲ့ Wi-Fi Alliance အဖွဲ့အစည်းဟာလည်း Huawei ကို အသင်းမှ ယာယီကန့်သတ်တားမြစ်ထားပါတယ်။ ဒါ့အပြင် RAM အချက်အလက် စံနှူန်းများ သတ်မှတ်ရေးဆွဲတဲ့ Semiconductor စံနှူန်းအဖွဲ့အစည်း JEDEC မှလည်း Huawei ဟာ ကိုယ့်သဘောဆန္ဒနဲ့ကိုယ် ထွက်ထားတယ်လို့Nikkei Asian Review သတင်းမှာ ဖော်ပြထာပါတယ်။

Photo: SlashGear

        ဒီလိုအဆက်ဖြတ်တောက်မှူအးလုံးဟာ Huawei ရဲ့ ကုန်စည်သစ် ထုတ်လုပ်မှူကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်ပြီး အမေရိကန် နည်းပညာဈေးကွက်မှာ ပြိုင်ဆိုင်မှူ ပိုနည်းစေဖို့ရှိပါတယ်။ SD card သုံးခွင့် မရှိတော့တာဟာ Huawei အတွက် အကြီးမားဆုံး ပြဿနာတော့ မဟုတ်သေးပါဘူး။ လက်ရှိမှာ Android နဲ့Windowsစနစ် သုံးခွင့်မရတာကြောင့် Huawei ဟာ ကိုယ်ပိုင် OS သစ်ကို ထုတ်ပြသွားဖို့အဆင့်သင့်ရှိနေတယ်လို့ဆိုပါတယ်။

        Huawei ဟာ SD Association ရဲ့ microSD သုံးခွင့်မရပေမယ့် microSD card ထက် အများကြီးသေးငယ်ပြီး နေရာယူမှူ နည်းပါးတဲ့ Nano Memory Cards များ ထုတ်လုပ်ထားပါတယ်။ နောင်တစ်ချိန်မှာ Huawei အနေနဲ့စမတ်ဖုန်းတွေကို ကိုယ်ပိုင်နည်းပညာနဲ့ပစ္စည်းတွေချည်း သုံးပြီး ထုတ်လုပ်လာဖို့လည်း မျှော်လင့်ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က