loading...

loading...

loading...

Huawei Watch GT2 တစ်လုံးပါ လက်ဆောင်ရမှာပါ
Nyein Min Wai

၂၀၁၉ အတွက် Huawei ရဲ့ အမြင့်ဆုံး flagship စမတ်ဖုန်းဖြစ်တဲ့ Huawei Mate 30 Pro ကို ဆွဲဆောင်မှုရှိတဲ့ ဈေးနှုန်းနဲ့ ပြည်တွင်းဈေးကွက်မှာ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။


Huawei Mate 30 Proဟာ အလတ်စား notch display နဲ့ လာပြီး ထူးခြားတာက ဘေးဘောင်တွေကို ၈၈ ဒီဂရီ အထိ ကွေးညွှတ်ထားတဲ့ Horizon Display သစ် သုံးထားတာပါ။ ဘေးဘောင်ကိုယ်ထည်တွေကို အကြီးအကျယ် curved လုပ်ထားပြီး power ခလုတ်တစ်ခုကလွဲရင် ကျန်တဲ့ volume ခလုတ်တွေဟာ virtual keys တွေ ဖြစ်လာပါတယ်။

Photo: Duwun Tech


ဖုန်းသံအတိုးအချဲ့ လုပ်ဖို့အတွက် ဖုန်းဘယ်/ညာဘောင်တွေကို လက်နဲ့ နှစ်ချက် tap လုပ် ဖိပြီး အတိုးအလျှော့လုပ်နိုင်မှာ ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၅၃ လက်မ OLED display သုံးထားတဲ့ Huawei Mate 30 Pro ဟာ 3D Face Scanning နည်းပညာအပြင် in-display လက်ဗွေစနစ်ပါ သုံးနိုင်တဲ့ dual Biometric လုံခြုံရေးမြင့် ဖုန်းတစ်လုံးအဖြစ် ထွက်လာတာပါ။

notch ထဲမှာတော့ 32MP selfie ကင်မရာနဲ့အတူ လက်အမိန့်ပေးစနစ်ကို ဖတ်ရှုနိုင်တဲ့ 3D Scanning hardware သစ် ထည့်ပေးထားပါတယ်။ ဒီဖုန်းမှာ သုံးစွဲသူရဲ့ ခေါင်းလှုပ်ရှားမှုအလိုက် ဖုန်း UI ကို အလိုအလျောက် လှည့်ပြပေးမယ့် AI Auto-Rotate နည်းပညာ ပါရှိပါတယ်။ သုံးထားတဲ့ processor ဟာ 7nm Kirin 990 5G processor ဖြစ်ပြီး SA နဲ့ NSA (Standalone/Non-Standalone) architecture ပံ့ပိုးပေးထားပါတယ်။

Kirin 990 SoC ဟာ 2G,3G,4G နဲ့ 5Gကွန်ရက်တွေကိုchipset တစ်ခုတည်းနဲ့ ကြိမ်နှုန်းအမျိုးမျိုး ချိတ်ဆက်ပေးနိုင်တဲ့ processor ဖြစ်ပြီး မြန်မာပြည်ဈေးကွက်မှာ 4G ဗားရှင်းပဲ ဝင်ရောက်ထားတာပါ။ RAM 8GB/256GB storage ပါရှိပြီး ဘက်ထရီပါဝါ 4500 mAh ဟာ 27W wireless charging ၊ 40W wired charging နဲ့ အဆင့်မြှင့်တင်ထားတဲ့ reverse wireless charging စနစ်များ သုံးထားပါတယ်။

Huawei Mate 30 Pro ရဲ့ ကျောဘက် စက်ဝိုင်းပုံကင်မရာထဲမှာ ultra low-light 40MP Super Sensing ကင်မရာ ၊ OIS ရုပ်ငြိမ်စနစ် ပါရှိတဲ့ 40MP ultra wide ကင်မရာ ၊ OIS စနစ်ပါပြီး 3xoptical zoom ဆွဲရိုက်နိုင်မယ့် 8MP tele ကင်မရာနဲ့ 3D ToF Depth sensor များ ပါရှိပါတယ်။ Huawei Mate 30 Pro ဟာ အလွန်မှောင်နေတဲ့ အခြေအနေမျိုးမှာ ISO 51200 အထိ အမြင့်ဆုံးတင်ပြီး အလင်းဖမ်းနိုင်မယ်လို့ဆိုပါတယ်။

Photo: Duwun Tech


DxO Mark ရဲ့ ကင်မရာစွမ်းရည် ရမှတ် ၁၂၁ မှတ်အထိ ရထားတဲ့ Mate 30 Pro ရဲ့ Leica ကင်မရာစွမ်းဆောင်ရည်ကတော့ စမတ်ဖုန်းတွေထဲမှာ ပရီမီယံအကျဆုံးစာရင်းဝင်ပါတယ်။ ဆော့ဖ်ဝဲလ်အနေနဲ့ EMUI 10 ကို အခြေခံထားတဲ့ Android 10 စနစ် သုံးပြီး Space Silver နဲ့ Black ကာလာ ၂ ရောင်နဲ့ ထွက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ဂျာမဏီနိုင်ငံ မြူးနစ်မှာ 4G ဗားရှင်းကို ယူရို ၁၁၀၀ ( မြန်မာငွေ ၁၈ သိန်းခွဲကျော်) ဈေးနဲ့ မိတ်ဆက်တဲ့ Mate 30 Pro ကို ပြည်တွင်းဈေးကွက်ထဲမှာတော့ ၁၄သိန်း ၉ သောင်း ၉ ထောင် ကျပ်ဈေးနဲ့ pre-order မှာယူနိုင်မှာ ဖြစ်ပြီး နောက်ဆုံးပေါ် Huawei Watch GT2 စမတ်နာရီတစ်လုံးလည်း လက်ဆောင် ပေးသွားမယ်လို့ ဆိုပါတယ်။ ဒီဖုန်းကို KBZ နဲ့ ချိတ်ဆက်ပြီး အတိုးမဲ့ ၁ နှစ် အရစ်ကျနှုန်းနဲ့လည်း ဝယ်ယူနိုင်မယ်လို့ ကြေညာထားပါတယ်။


loading...

က္က