Photo: nirmaltv
စမတ်ဖုန်းတွေမှာ မျက်နှာဖတ်နည်းပညာကို ပထမဆုံးသုံးခဲ့တာက iPhone X ပါ။ iPhone X မှာ Face ID စသုံးလာချိန်မှာ 3D မျက်နှာဖုံးတွေနဲ့လှည့်စားနိုင်ခဲ့တဲ့ အဖြစ်တွေ ကြုံခဲ့ပါတယ်။ အန်းဒရိုက်ဖုန်းတွေထဲမှာတော့ iPhone X ရဲ့ 3D TrueDepth လို အဆင့်မြင့် မျက်နှာပြင်ဖတ်စနစ်ကို သုံးတဲ့ ဖုန်းမျိုးဆိုလို့Xiaomi Mi 8 Explorer Edition တစ်မျိုးပဲ ရှိပါတယ်။
မျက်နှာပြင်ဖတ်စနစ်ကို စမတ်ဖုန်းတွေမှာ တွင်တွင်ကြီး သုံးလာတာ ၂ နှစ်လောက်ပဲ ရှိချိန်မှာ နယ်သာလန်မှ Consumentenbond အဖွဲ့အစည်းဟာ Face Unlock သုံးတဲ့ စမတ်ဖုန်းမော်ဒယ်ပေါင်း ၁၁၀ ကို စမ်းသပ်စစ်ဆေးခဲ့ပါတယ်။ ဒီထဲမှာ ပိုင်ရှင်ရဲ့ ပုံကို ရုပ်ထွက်အမြင့်နဲ့ရိုက်ထားတဲ့ ဓါတ်ပုံနဲ့လှည့်စားနိုင်တဲ့ ဖုန်းက ၄၂ လုံး ရှိပါတယ်။
မော်ဒယ်အမျိုးအစားအရ ၃၀ ကျော်ဟာ ဒီစမ်းသပ်မှုမှာ ကျရှုံးခဲ့တာ ဖြစ်ပြီး ဒီထဲမှာ Huawei ၊ Samsung ၊ Xiaomi ၊ Nokia ၊ Lenovo ၊ Sony နဲ့BlackBerry တို့က အများဆုံး ဖြစ်နေတယ်လို့တွေ့ရှိထားပါတယ်။ ဒီဖုန်းတွေထဲမှာ ရိုးရိုး ဘက်ဂျက်မော်ဒယ်ကနေ HTC U11 Plus ၊ Huawei P20 Pro နဲ့Sony Xperia XZ2 တို့လို high-end ဖုန်းတွေပါ ပါဝင်နေတာကလည်း အံ့သြစရာ ဖြစ်နေပါတယ်။
ဓါတ်ပုံနဲ့ဖုန်း Face Unlock စနစ်ကို လှည့်စားနိုင်ပေမယ့် ပိုပြီး လုံခြုံရေးမြင့်တဲ့ ဖုန်းထဲမှာ တန်ဖိုးနည်း Honor 7A နဲ့ ၂၀၁၈ ထုတ် LG ရဲ့ flagship ဖုန်း သုံးမျိုး ပါဝင်နေပါတယ်။ ဘာပဲဖြစ်ဖြစ် Face Unlock ဟာ သမရိုးကျ fingerprint scannerစနစ်ထက်တော့ မလုံခြုံသေးဘူးလို့ပြောရမှာပါ။
Face Unlock ကို ဓါတ်ပုံနဲ့ဖွင့်တဲ့ စမ်းသပ်မှုမှာ မအောင်မြင်တဲ့ ဖုန်းတွေကတော့
- Alcatel 1X
- Asus Zenfone 5 Lite 64 GB
- Asus Zenfone 5, ZE620KL (64 GB)
- BlackBerry Key2
- BlackBerry Key2 (US version)
- BQ Aquaris X2
- BQ Aquaris X2 Pro
- General Mobile GM8
- HTC U11 +
- Huawei P20 (EML - L29)
- Huawei P20 Lite
- Huawei P20 Pro (CLT - L29)
- Lenovo Motorola Moto E5
- Lenovo Motorola Moto E5 (BR version)
- Lenovo Motorola Moto E5 Plus (BR version)
- Lenovo Motorola Moto G6 Play
- LG K9 (LM-X210EMW)
- LG Q6 Alpha (LG-M700n)
- Motorola Moto G6 Play (BR version)
- Motorola One
- Nokia 3.1
- Nokia 3.1 (US version)
- Nokia 7.1
- Oukitel VU
- Samsung Galaxy A7 (2018)
- Samsung Galaxy A8 (32GB) (SM-A530F / DS
- Samsung Galaxy A8 (64 GB)
- Samsung Galaxy A8 + (SM-A730F)
- Samsung Galaxy J8 Brasil
- Sony Xperia L2 (H3311)
- Sony Xperia L2 (H3321)
- Sony Xperia XZ2 (H8216)
- Sony Xperia XZ2 (US version)
- Sony Xperia XZ2 Compact (H8314)
- Sony Xperia XZ2 Compact (US version)
- Sony Xperia XZ2 Compact Dual SIM (H8324)
- Sony Xperia XZ2 Dual SIM (H8266)
- Sony Xperia XZ2 Premium (US version)
- Sony Xperia XZ3
- Vodafone Smart N9
- Xiaomi Mi A2
- Xiaomi Mi A2 (32GB)
တို့ဖြစ်တယ်လို့ဆိုပါတယ်။
ဒါကြောင့်ပဲ Face Unlock စနစ် စပြီး သုံးတဲ့အခါမှာ ဒီနည်းပညာဟာ Passcode နဲ့fingerprint တို့လောက် စိတ်မချရဘူးလို့သတိပေးတဲ့ စာ တက်လာတာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီသတိပေးချက်ကို Face Unlock သုံးသူ အားလုံးတော့ နာခံမှု မရှိသေးပါဘူး။