စောင့်ကြည့်ရမယ့် ကင်မရာနည်းပညာတွေ မြင်ရမှာပါ

Huawei ရဲ့ flagship ဖုန်းသစ်ရဲ့ ဒီဇိုင်းဟာ ၂၀၂၀ မှာ ထွက်မယ့် ဖုန်းတွေရဲ့ ရှေ့ဆောင်ဒီဇိုင်း ဖြစ်လာဖို့ ရှိပါတယ်။

စမတ်ဖုန်းသတင်းလိုက်သူတွေထဲမှာ နာမည်ကျော်တဲ့ အီဗန်ဘလတ်စ် ရထားတဲ့ ဒီဇိုင်းနမူနာပုံတွေအရ Huawei P40 Proဟာ စိတ်လှုပ်ရှားစရာကောင်းနေပါတယ်။ ဘလတ် တင်ထားတဲ့ ပုံမှာ Huawei P40 Pro ဟာ အစင်းခြစ်ဒဏ် ပိုခံနိုင်တဲ့ ကြွေထည် ceramic body နဲ့ လာပြီး အနောက်နဲ့ အရှေ့ အနားဘောင်လေးဘက်စလုံးကို ကွေးညွှတ်ထားပါတယ်။



Photo: The Verge

ကင်မရာဒီဇိုင်းဟာ Huawei P40 Pro မှာ အပြောင်းအလဲကြီးတစ်ခု ဖြစ်ပါတယ်။ ကျောဘက်မှာ ကင်မရာ ၅ လုံး ထည့်သွင်းထားတဲ့ ထောင်လိုက် စတုဂံကင်မရာ bump အကြီး တပ်ဆင်ထားပါတယ်။ ကင်မရာ ၅ လုံးထဲက တစ်လုံးဟာ ပယ်ရီစကုပ်စတိုင် တယ်လီကင်မရာ ဖြစ်ဖို့ ရှိပါတယ်။ ပင်မကင်မရာဟာ 24mm lens ပါရှိပြီး 10x optical zoom ဆွဲရိုက်နိုင်မယ်လို့ သတင်းထွက်နေပါတယ်။

render ပုံမှာတော့ ရှေ့ဘက်မှာ punch hole ကင်မရာပေါက်နဲ့ နှစ်လုံးတွဲ dual selfie ကင်မရာသုံးထားတာ တွေ့ရပါတယ်။ notchless screen ကြိုက်သူတွေအတွက် စိတ်လှုပ်ရှားစရာ ဒီဇိုင်းဖြစ်မှာပါ။ အရင်က ထွက်ထားတဲ့ သတင်းတွေအရ Huawei P40 Pro ဟာ 5500 mAh ဂရက်ဖိုက်ဘက်ထရီ သုံးသွားဖို့ ရှိပြီး ဘက်ထရီပါဝါလုံးဝ မရှိတဲ့ အနေအထားကနေ အားအပြည့်သွင်းဖို့အတွက် ၄၅ မိနစ်ပဲ ကြာမယ်လို့ ဆိုပါတယ်။

ဒီဇိုင်းပိုင်းမှာ Huawei P40 ဟာ Pro ဗားရှင်းနဲ့ တစ်ပုံစံတည်းဖြစ်ဖို့ ရှိပြီး P40 standard မော်ဒယ်ဟာ ကင်မရာ သုံးလုံးတွဲပဲ သုံးဖို့ ရှိပါတယ်။ screen အရွယ်အစားအနေနဲ့ Huawei P40 ဟာ မျက်နှာပြင် ၆.၂ လက်မဝန်းကျင် flat display နဲ့ လာရှိပြီး P40 Pro ဟာ မျက်နှာြပင် ၆.၅ လက်မနဲ့ ၆.၇ လက်မအကြား curved display နဲ့ ထွက်လာဖို့ရှိပါတယ်။

Photo: GSMArena

Huawei P40 Pro ဟာ လောလောဆယ် သတင်းထွက်နေတဲ့ OnePlus 8 Pro လိုမျိုး 120Hz refresh rate ပါမလားဆိုတာ စောင့်ကြည့်ရမှာပါ။ Huawei ရဲ့ ၂၀၂၀ ပရီမီယံဗားရှင်း P series သစ်တွေကို လာမယ့် မတ်လ ပဲရစ်မြို့မှာ ကြေညာသွားမှာ ဖြစ်ပါတယ်။ တရားဝင် မိတ်ဆက်ပွဲမှာ ဒီနှစ် Huawei P40/P40 Pro တွေရဲ့ ထူးခြားမှုသစ်တွေ မြင်ရတော့မှာပါ။

အရင့်အရင် Huawei P series တွေလိုမျိုး မတ်လထဲမှာ မိတ်ဆက်မှာ ဖြစ်ပေမယ့် ဒီနှစ် Huawei P40 series တွေကတော့ Google services မပါတဲ့ ပထမဆုံး Huawei P series တွေ အဖြစ် မြင်ရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က