AnTuTu ရဲ့ အမြန်ဆုံးဖုန်းတစ်လုံးပါ

အမေရိကန်နဲ့ဥရောပဈေးကွက်ထဲကို ဒီလကုန်မှာ ဝင်ရောက်လာမယ့် ဂိမ်းဖုန်းတစ်မျိုးကတော့ တရုတ်စမတ်ဖုန်းကုမ္ပဏီ ZTE ထုတ် Gaming Smartphone တစ်ခု ဖြစ်တဲ့ Nubia Red Magic Mars ပါပဲ။

         အမေရိကန်အစိုးရနဲ့ပြဿနာတက်ခဲ့တဲ့ ZTE ရဲ့ အထူးစမတ်ဖုန်းမော်ဒယ်ဖြစ်တဲ့ Nubia Red Magic Mars ဟာ တရုတ်ဈေးကွက်ထဲ ပထမဆုံး ဖြန့်ချိခဲ့တဲ့ ဂိမ်းဖုန်းဖြစ်ပြီး benchmark တိုင်းတာတဲ့ AnTuTu ရဲ့ လအလိုက်အမြင့်ဆုံး ဖုန်း ၁၀ မျိုးမှာ နာမည်ကြီး Huawei Mate 20 ၊ Xiaomi Black Shark Helo ဂိမ်းဖုန်းနဲ့OnePlus 6Tတို့ကို ကျော်ပြီး အမြန်ဆုံး စမတ်ဖုန်းအဖြစ် အသိအမှတ်ပြုခံရတဲ့ ဖုန်းဖြစ်ပါတယ်။

         အရည်နဲ့လေအေးစနစ်နှစ်ခုလုံးပါရှိပြီး အကြီးစားမိုဘိုင်းဂိမ်းတွေကို သက်တောင့်သက်သာနဲ့ကစားနိုင်အောင် အထူးထုတ်ထားတဲ့ ဒီဖုန်းဟာ ဒီဇိုင်းဖွဲ့စည်းမှုအရပါ တကယ့်ဂိမ်းဖုန်းတစ်လုံးရဲ့ တည်ဆောက်ပုံနဲ့ထွက်လာတာပါ။ ဘေးဘက်တွေမှာ အထိအတွေ့အာရုံခံပါတဲ့ ဂိမ်းခလုတ် ၂ ခု ပါရှိပြီး ကျောဘက်မှာ LED strip ဒီဇိုင်း ၊ ဆဌဂံပုံ ကင်မရာ ၊ flash မီးနဲ့fingerprint scanner ပါရှိပြီး သာမန်စမတ်ဖုန်းတစ်လုံးနဲ့အပြတ်အသတ် ကွဲထွက်နေပါတယ်။

         မျက်နှာပြင်အရွယ်အစား ၆ လက်မ ပါရှိပြီး (1080 x 2160 pixel) ရုပ်ထွက်ပါရှိတဲ့ IPS LCD display သုံးသွားပါတယ်။ notch မပါဘဲ အထက်အောက် ဘေးဘောင် ခပ်ပါးပါးနဲ့ထုတ်ထားတဲ့ ဒီဖုန်းဟာ Snapdragon 845 processor ၊ RAM 10GB/storage 256GB အထိ ပါရှိပြီး အနိမ့်ဗားရှင်းမှာ RAM 6GB ၊ 8GB ဗားရှင်းတွေလည်း ပါရှိထားပါတယ်။ ဘက်ထရီကတော့ 3800 mAh ဘက်ထရီ ဖြစ်ပြီး Android 9 Pie စနစ် သုံးထားတာပါ။

         Nubia Red Magic Mars ဟာ ကျောဘက် 16MP ကင်မရာ သုံးထားပြီး ရှေ့ဘက်မှာ 8MP ဆယ်လ်ဖီကင်မရာ ပါရှိပါတယ်။ ဖုန်းကာလာအနေနဲ့ဟာ Meteorite Black နဲ့Flame Red ကာလာတွေအပြင် Camo version သစ်ပါ ထုတ်ထားပါတယ်။ နောက်ဆုံးတော့ ZTE ဂိမ်းဖုန်းဟာ အမေရိကန်ဈေးကွက်ထဲ ရောက်လာပြီ ဖြစ်ပါတယ်။

Photo: androidpolice

         အမေရိကန်ဈေးကွက်မှာ Nubia Red Magic Mars အနိမ့်ဆုံးမော်ဒယ် RAM 6GB/64GB storage ဗားရှင်းကို ၃၉၉ ဒေါ်လာ (မြန်မာငွေ ၆ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမှာ ဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်နေ့မှာ ဝယ်ယူနိုင်မယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က