Q2 မှာ ရောင်းအားကျနိုင်တယ်လို့ ခန့်မှန်းပါတယ်

ဇန်နဝါရီကနေ မတ်လအတွင်း သုံးလတာ ဝင်ငွေရလဒ်အစီရင်ခံစာမှာ Samsung ဟာ အပေါင်းလက္ခဏာပြနေပါတယ်။


COVID-19 ကြောင့် ဝင်ငွေကျဆင်းသွားဖို့ ရှိကြောင်း ဈေးကွက်ခန့်မှန်းသူတွေက သုံးသပ်ခဲ့ပေမယ့် ၂၀၂၀ ပထမသုံးလပတ်အတွင်း Samsung ရဲ့ ဝင်ငွေဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက် မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ မိုဘိုင်းစီးပွားရေးဟာ ပြီးခဲ့တဲ့ ၁၂ လကျော်ကထက် ဝင်ငွေနည်းခဲ့ပေမယ့် လုပ်ငန်းလည်ပတ်ဖို့ အမြတ်ငွေကတော့ တိုးလာခဲ့တာပါ။




Photo: GSMArena

၂၀၂၀ ပထမသုံးလပတ်အတွင်း Samsung မိုဘိုင်းစီးပွားရေးကဏ္ဍဟာ ဝင်ငွေ ဝမ် ၂၆ ထရီလီယံ (ဒေါ်လာ ၂၁.၅ ဘီလျံ) နဲ့ လုပ််ငန်းလည်ပတ်ဖို့ အမြတ်ငွေ ဝမ် ၂.၆၅ ထရီလီယံ( ဒေါ်လာ ၂.၁ ဘီလျံ) ရှိခဲ့ပါတယ်။ စမတ်ဖုန်းတင်ပို့မှု ကျဆင်းသွားခဲ့ပေမယ့် Galaxy S20 စီးရီးနဲ့ နောက်ထပ် 5G ထုတ်ကုန်တွေမိတ်ဆက်မှုကြောင့် အမြတ်အစွန်း တက်လာခဲ့တာပါ။

Samsung လုပ်ငန်းတစ်ခုလုံးရဲ့ ဝင်ငွေဟာ ဝမ် ၅၅.၃၃ ထရီလီယံ (ဒေါ်လာ ၄၅.၈ ဘီလျံ) ရှိပြီး အမြတ်ငွေ ဝမ် ၆.၄၅ ထရီလီယံ (ဒေါ်လာ ၅.၃၄ ဘီလျံ) ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၀ ဒုတိယ သုံးလပတ်ဖြစ်တဲ့ ဧပြီမှ ဇွန်အထိ ကတော့ COVID-19 ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနဲ့အတူ ဈေးကွက်အများစုမှာ ဝယ်လိုအား သိသိသာသာ ကျဆင်းလာဖို့ ရှိတယ်လို့ Samsung က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စတိုးဆိုင်အများအပြား ပိတ်ထားရပြီး လူအများ ဝင်ငွေထိခိုက်လာခြင်းကလည်း ဝယ်လိုအားကျဆင်းစေတဲ့ အကြောင်းတစ်ခု ဖြစ်ပါတယ်။ ၂၀၂၀ ပထမသုံးလပတ်မှာ အိန္ဒိယဈေးကွက်အတွင်း စမတ်ဖုန်းတင်ပို့မှုမှာ Samsung ဟာ ပထမဆုံးအကြိမ်အဖြစ် Vivo အောက် တတိယနေရာကို ကျဆင်းသွားခဲ့ပါတယ်။

Counterpoint ရဲ့ အချက်အလက်တွေအရ ၂၀၂၀ ပထမသုံးလပတ်အတွင်း ကမ္ဘာ့ဈေးကွက်အတိုင်းအတာနဲ့ Samsung စမတ်ဖုန်းတင်ပို့ရောင်းချမှုဟာ ၁၃% ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က