ပရီမီယံကျတဲ့ ဒီဇိုင်းသစ်ပါ

စမတ်ဖုန်းလောကဟာ အသစ်အသစ်တွေနဲ့အပြိုင်ဖောက်ထွက်နေကြပြီး OPPO ကတော့ နောက်ထပ် နည်းပညာအဆန်းတွေ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။


မကြာသေးခင်ကပဲ မှန်ပြင်အောက် ကင်မရာနည်းပညာကို မိတ်ဆက်ပြသခဲ့တဲ့ OPPO ဟာ display ဒီဇိုင်းသစ်ကို ကြေညာလိုက်တာပါ။ ဒီ screen ဒီဇိုင်းနည်းပညာကို ကုမ္ပဏီကတော့ WaterFall Screen လို့နာမည်ပေးထားပြီး ဘေးဘောင်တွေကို ၈၈ ဒီဂရီအထိ ကွေးညွှတ်ထားတာ ဖြစ်ပါတယ်။



Photo: GSMArena

Waterfall Screen ဒီဇိုင်းအရ ဖုန်းဘေးကိုယ်ထည်မှာ buttons တွေ တစ်ခုမှ မပါတော့သလို အပေါ်အောက် bezel ကလည်း မပါသလောက် နီးနီး ပါးသွားပါတယ်။ Screen-To-Body Ratio ကတော့ ၁၀၀% လို့ပြောရမှာပါ။ ဘေးနှစ်ဖက်ကို ညွှတ်ထားတဲ့ Curved ဒီဇိုင်းဟာ နာမည်ကျော် curved glass ဖုန်းတွေထက် အပြတ်သာတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

ရှေ့တည့်တည့်က ကြည့်မယ်ဆိုရင် ဒီ screen မှာ bezel ကို မမြင်ရတော့တဲ့ ပရီမီယံဒီဇိုင်းမျိုး ဖြစ်ပါတယ်။ visual ပိုင်း ခံစားမှုအရရော နည်းပညာဆန်းပြား သားနားမှုအရပါ ထူးခြားတယ်လို့ဆိုရမှာပါ။ တစ်ခု စဉ်းစားစရာက Waterfall Screen ရဲ့ ဘေးကိုယ်ထည် curved glass မှာ touch-sensitive ဖြစ်နေမလားဆိုတာပါပဲ။ ပါဝါနဲ့volume ခလုတ်တွေ မပါတော့တာကြောင့် ဒီခလုတ်တွေအတွက် နည်းပညာသစ်တစ်ခုကို OPPO အနေနဲ့သုံးရတော့မှာ ဖြစ်ပါတယ်။

Photo: GSMArena

အခုနောက်ပိုင်း စမတ်ဖုန်းလောကမှာ ခလုတ်တွေ ၊ port တွေ လုံးဝ မပါတော့တဲ့ Meizu Zero လို ဖုန်းတွေ ထွက်လာပြီ ဖြစ်လို့OPPO ရဲ့ Waterfall Screen နည်းပညာသုံး စမတ်ဖုန်းဟာလည်း အလားတူ အထိအတွေ့သိ စနစ်တွေနဲ့လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။ လက်ရှိမှာတော့ prototype တစ်ခု အဆင့်မှာ ရှိပြီး မကြာခင်မှာ ဒီနည်းပညာကို OPPO ဖုန်းတွေမှာ မြင်ရဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က