Apple ထောက်ခံချက်နဲ့ ပြန်ထုတ်တဲ့ အလုံးတွေပါ

၂၀၁၈ စက်တင်ဘာလက စတင်ဖြန့်ချိခဲ့တဲ့ iPhone XS နဲ့ iPhone XS Max တို့ကို Refur ဗားရှင်းအဖြစ် Apple အွန်လိုင်းစတိုးတွေမှာ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။

Apple Store တွေပေါ် ရောက်လာတဲ့ Refurbished ဗားရှင်း အလုံးတွေဟာ Space Gray ၊ Silver နဲ့ ‌Gold ကာလာတွေနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပြီး storage ကိုတော့ 64GB ၊ 256GB နဲ့ 512GB ဆိုပြီး ဗားရှင်းသုံးမျိုးနဲ့ ဝယ်ယူနိုင်မှာပါ။ iPhone XS ကို စတင်မိတ်ဆက်စဉ်က ၉၉၉ ဒေါ်လာ ဈေးနဲ့ စတင်ရောင်းချခဲ့တာ ဖြစ်ပေမယ့် Refur ဗားရှင်း 64GB မော်ဒယ်ကို ၆၉၉ ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။



Photo: snaglr

Refurbished မော်ဒယ်တွေရဲ့ ဈေးနှုန်းတွေအနေနဲ့ -

iPhone XS (64GB) : ယခင် ၉၉၉ ဒေါ်လာကနေ ၆၉၉ ဒေါ်လာ

iPhone XS (256GB) : ယခင် ၁၁၄၉ ဒေါ်လာကနေ ၈၂၉ ဒေါ်လာ

iPhone XS (512GB) : ယခင် ၁၃၄၉ ဒေါ်လာကနေ ၉၉၉ ဒေါ်လာ

iPhone XS Max (64GB) : ယခင် ၁၀၉၉ ဒေါ်လာကနေ ၇၉၉ ဒေါ်လာ

iPhone XS Max (128GB) : ယခင် ၁၂၄၉ ဒေါ်လာကနေ ၉၂၉ ဒေါ်လာ

iPhone XS Max (512GB) : ယခင် ၁၃၄၉ ဒေါ်လာကနေ ၁၀၉၉ ဒေါ်လာ

Apple ဟာ Refur အဖြစ် ပြန်ထုတ်လိုက်တဲ့ iPhone တွေကို သေသေချာချာ စမ်းသပ်သန့်စင်မှုလုပ်ပြီးမှ အဖြူရောင် ဗူးသစ်နဲ့ ထုပ်ပိုးမှုလုပ်ထားတာပါ။ Refur အလုံးတွေမှာ ဘက်ထရီသစ် ထည့်ထားသလို အပြင်ကိုယ်ထည်ကာဗာကိုလည်း လဲပေးထားပြီး တစ်နှစ် Warranty ပေးထားပါတယ်။

Apple ဟာ ထွက်ပြီးသား iPhone နဲ့Apple Watch မော်ဒယ်ဟောင်းတွေကို Refur အလုံးအဖြစ် ပုံမှန်ပြန်ထုတ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကလည်း iPhone X Refur မော်ဒယ်ကို ၇၆၉ ဒေါ်လာဈေးနဲ့ ရောင်းချခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က