Single lens သုံးသွားမှာပါ

Google ကတော့ Pixel 4a ဈေးနှုန်းကို ဘီလ်ဘုတ်ထုတ်ပြီး ကြေညာနေပြီ ဖြစ်ပါတယ်။


မိတ်ဆက်မယ့်ရက် မသိရသေးပေမယ့် Pixel 4a ဟာ အရင်ထွက်ခဲ့တဲ့ Pixel 3a နဲ့ တစ်ဈေးတည်း ထွက်လာဖို့ သေချာနေပြီ ဖြစ်ပါတယ်။ Pixel 4a ဟာ တန်ဖိုးသင့် mid-range 4G ဖုန်းတစ်လုံးအဖြစ် မြင်ရဖို့ ရှိပြီး 5G မော်ဒယ်ပါ မိတ်ဆက်မယ်လို့ သတင်းထွက်ထားပါတယ်။



Photo: gizchina


ဒီတစ်ပတ်ထဲမှာ YouTube ချန်နယ်တစ်ခု ဖြစ်တဲ့ TechnoLike Plus ဟာ Pixel 4a Matte Black ဗားရှင်းကို Hands on အမြည်း မိတ်ဆက်သွားပါတယ်။ ဒီဗွီဒီယိုမှာ Pixel 4a ဟာ screen ဘယ်ဘက်အပေါ်ထောင့်မှာ ကင်မရာပေါက် သုံးထားပြီး အပေါ်မှာ 3.5mm headphone jack ထည့်ထားတာ တွေ့ရပါတယ်။

ကျောဘက်မှာ ကင်မရာတစ်လုံးတည်းသုံးထားပြီး fingerprint scanner လည်း တပ်ဆင်ထားပါတယ်။ သတင်းတွေအရ Pixel 4a ဟာ မျက်နှာပြင် ၅.၈ display နဲ့လာပြီး 2340 x 1080p ရုပ်ထွက် ပါရှိမယ်လို့ ဆိုပါတယ်။ processor ဟာ Snapdragon 730 ဖြစ်ဖို့ ရှိပြီး RAM 6GB ဗားရှင်းလည်း ထွက်မယ်လို့ ခန့်မှန်းထားပါတယ်။

TechnoLike Plus ရဲ့ အဆိုအရ Pixel 4a ဟာ 3080mAh ဘက်ထရီ သုံးသွားဖို့ ရှိပြီး dual-SIM ပံ့ပိုးမှု ပါမယ်လို့ ဆိုပါတယ်။ Pixel 4a ဟာ Just Black နဲ့ Clearly White နှစ်ရောင်နဲ့ ထွက်လာဖို့ ရှိပြီး အစောပိုင်းက မေလ ၁၂ ကနေ ၁၄ ရက်နေ့အထိ ကျင်းပသွားမယ့် Google I/O Conference မှာ မိတ်ဆက်မယ်လို့ ခန့်မှန်းခဲ့တာပါ။

COVID-19 ကြောင့် ပွဲဖျက်လိုက်ရပြီးနောက် ဖုန်းသစ်တွေ မိတ်ဆက်မယ့်ရက်လည်း နောက်ကျဖို့ ရှိပါတယ်။ Pixel 4a ကို Pixel 3a စီးရီးနဲ့ ဈေးအတူ ၃၉၉ ဒေါ်လာဈေးကနေ စတင် ရောင်းချသွားမှာ ဖြစ်လို့ Pixel 4a XL ဟာ ၄၇၉ ဒေါ်လာဈေးကနေ စတင် မိတ်ဆက်သွားဖို့လည်း ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က